မြေတိုင်းဝန် ပြင်ဆင်ရန်

မြေတိုင်းဝန်သည် မြေယာတိုင်းတာရေး ဆိုင်ရာကိစ္စရပ်များကို တာဝန်ယူရသူဖြစ်သည်။ မြေတိုင်းဝန်ရာထူးကို တစ်ခါတစ်ရံ မြေတိုင်းအမတ်ဟူ၍လည်း တွေ့ရှိရသည်။

ဗဒုံမင်းလက်ထက် မြေတိုင်းဝန် ပြင်ဆင်ရန်

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) သည် အမရပူရမြို့တော်သစ်ကို ၁၇၈၂ ခုနှစ်တွင် တည်ထောင်နန်းတက်ခဲ့သူဖြစ်သည်။ မြို့တော်သစ်အား မြစ်ငယ်မြစ်၏ မြောက်ဘက်ထီးပေါင်းကားရပ်၌ တည်ဆောက်စဉ် မြေတိုင်းအမတ် သို့မဟုတ် မြေတိုင်းဝန်ရှိ နေပြီဟု မှန်းဆရသည်။ ၁၇၈၉ ခုနှစ်ခန့်တွင် ဦးရွှဲဆိုသူအား မြေတိုင်းဝန်အရာ ခန့်အပ်ခဲ့သည်။ ဦးရွှဲမှာ မကြာမီ မိုးတားမြို့ မြို့စားအရာရရှိခဲ့၏။ ဦးရွှဲသည် စာဆိုတော်တစ်ဦးဖြစ်ပြီး၊ နောင်အခါ ဘင်္ဂလားသွားစာတမ်း၊ ဓမ္ပယျေပျို့ စသည်တို့ကို ရေးဖွဲ့ခဲ့သူဖြစ်သည်။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း ( ဘကြီးတော် ) ( ၁၈၁၉ - ၁၈၃၇ ) သည်လည်း ၁၈၂၁ ခုနှစ်ဇွန်လတွင် အင်းဝမြို့ခေတ်သစ်ကို တည်ထောင်ခဲ့သူဖြစ်သည်။ စစ်ကိုင်းမင်းနန်းတက်စတွင် မြေတိုင်းအမတ်အဖြစ် နရာသီရိစည်သူအား ခန့်အပ်ခဲ့သည်။ သူ့အား ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် နေမျိုးနရာစည်သူဘွဲ့ ပေးအပ်ခဲ့ကြောင်း သိရှိရ၏။

မြေတိုင်းအမတ် နေမျိုးရာဇသင်္ကြန် ပြင်ဆင်ရန်

သာယာဝတီမင်း ( ၁၈၃၇ - ၁၈၄၆ ) လက်ထက် မြေတိုင်းအမတ်အဖြစ်ခန့်အပ်ခံရသူမှာ နေမျိုးရာဇသင်္ကြန်ဖြစ်သည်။ သူသည် ၂၃ နိုဝင်ဘာ ၁၈၃၇ တွင် အမရပူရမြို့ဟောင်း ပြုပြင်ရန်အတွက် နန်းကန်ကျွေးဝန်နှင့်အတူ ယာယီစံနန်း ဆောက်လုပ်ရေးတာဝန် ယူခဲ့ရသည်။

ပုဂံမင်းလက်ထက် ပြင်ဆင်ရန်

ပုဂံမင်း ( ၁၈၄၆ -၁၈၅၂ ) လက်ထက် မြေတိုင်းအမတ်မှာ ဦးနတ်ပေးဖြစ်သည်။ မြေတိုင်းအမတ် ဦးနတ်ပေးသည် အအသက်အလွန်ရှည်သူ ဖြစ၏။ မင်းတုန်းမင်းနန်းတက်ပြီးနော် ၁၈၅၈ ခုနှစ်က အသက် ၈၀ ကျော် ၉၀ အတွင်း မှူးမတ်ဟောင်းများအား မှန်နန်းတော်ထက်တွင် ငွေကြေး၊ အဝတ်အထည်မှအစ ထောက်ပံမှုပြုခဲ့သည်။ ထိုစဉ်က မြေတိုင်းအမတ် ဦးနတ်ပေးသည်လည်း သက်ကြီးရွယ်အို မှူးမတ်ဟောင်းတစ်ဦးအနဖြေင့် ထောက်ပံကြေးများ ရရှိခဲ့၏။

ရတနာပုံမန္တလေး ပြင်ဆင်ရန်

မင်းတုန်းမင်း ( ၁၈၅၃ -၁၈၈၇ ) လက်ထက်တွင် အမရပူရမှ မန္တလေးမြို့သစ်တည်ဆောင်၍ ပြောင်းရွှေနန်းစိုက်ရန် စီစဉ်ခဲ့ရာ မြို့သစ်တည်မည့်နေရာကို ရေးချယ်ကြရ၏။ ၃၀ အောက်တိုဘာ ၁၈၅၆ ခုနှစ်တွင် မြို့သစ်နေရာကို သွားရောက်ကြည့်ရှုကြရာ ထိုသူများထဲတွင် မြေတိုင်းအမတ် မင်းကျော်ရာဇာလည်း ပါဝင်သည်။ မြေတိုင်းအမတ် မင်းကျော်ရာဇာသည် ရတနာပုံမြို့တော်သစ်အတွက် မြေတိုင်းလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ခဲ့ရဟန်တူသည်။

ရတနာပုံခေတ် မြေတိုင်းစနစ် ပြင်ဆင်ရန်

ရတနာပုံခေတ်တွင်မြေတိုင်းပညာရပ်မှာ အတော်အတန် တိုးတက်လျက်ရှိပြီးဖြစ်သည်။ မြန်မာရိုးရာ တာဖွဲ့တိုင်းတာခြင်း၊ သံကြိုးဆွဲတိုင်းတာခြင်းများအပြင် Pkain Table Surveying စနစ်ကိုပင် သုံးစွဲရှိပြီဖြစ်ကြောင်း အထောက်အထားများ တွေ့ရှိရ၏။ Aidade အား အသုံးပြုလျက် မြေပုံရေးဆွဲခြင်းကု်လည်း လက်တွေ့လုပ်ဆောင်နိုင်ကြပြီးဖြစ်သည်။

သီပေါမင်းလက်ထက် ပြင်ဆင်ရန်

ရတနာပုံခေတ်တွင် မြေတိုင်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဦးဘိုးဖြစ်သည်။ မြေတိုင်းဝန် ဦးဘိုး၏ အမည်ကို ဗြိတိသျှအစိုးရလက်ထက်အထိ တွေ့ရှိနေရဆဲဖြစ်သည်။