မြေတူးစက်

ဆောက်လုပ်ရေးသုံးပစ္စည်းအမျိုးအစား

မြေတူးစက်သည် မြေကိုတူးသောအခါ တူရင်းငန်းပြားများကိုရေနွေးငွေ့ဖြင့်လည်စေ၍တူးသည်။ ထိုစက်မျိုးသည် သောင်ဖျက်စက်မျိုးနှင့် မခြားနားလှသော်လည်း သောင်ဖျက်စက်တွင် မြေကြီး နှင့် ရွှံ့နွံတူးသည့် ကိရိယာများကို သင်္ဘောတွင် တပ်ဆင်ထားကြ၍ မြေတူးစက်တွင်ကား တူးဖော်သည့် ကိရိယာများဖြစ်သော တူရင်းငန်းပြားများကို ထရပ်ကားကြီးများပေါ်တွင် တပ်ဆင်ထားကြသည်။ ထိုစက်မျိုးကို ကုန်းပေါ်တွင်မီးရထားလမ်းအတွက်ဖြစ်စေ၊ လမ်းများအတွက်ဖြစ်စေ၊ ကျုံများ မြောင်းများ အတွက်ဖြစ်စေ မြေတူးဖော်ရန် အသုံးပြုကြသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)