မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ
ဂျိုဆောန်ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံ၏ အုပ်ချုပ်ရေး နယ်မြေဒေသများ(ဂျိုဆောန်: 조선민주주의인민공화국의 행정 구역 朝鮮民主主義人民共和國의 行政 區域)ကို
- တိုက်ရိုက်အုပ်ချုပ်မြို့(직할시/直轄市) ၁ မြို့၊
- အထူးမြို့(특별시/特別市) ၃ မြို့နှင့်
- တိုင်း(도/道) ၉ တိုင်းဖြင့် ဖွဲ့စည်းအုပ်ချုပ်သည်။
အခြေခံ အုပ်ချုပ်ရေး နယ်မြေဒေသများတွင် မြို့၊ ခရိုင်နှင့် မြို့နယ်တို့ ပါဝင်ပြီး တိုက်ရိုက်အုပ်ချုပ်မြို့နှင့် အထူးမြို့များ၏ အောက်တွင် မြို့နယ်နှင့် ခရိုင်ဟူ၍ လည်းကောင်း တိုင်း၏ အောက်တွင် မြို့နှင့် ခရိုင်ဟူ၍ လည်းကောင်း ထားရှိသည်။ မြို့၊ ခရိုင်နှင့် မြို့နယ်တို့၏ အောက်အုပ်ချုပ်ရေးနယ်မြေဒေသများတွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များ ပါဝင်ပြီး မြို့နှင့် မြို့နယ်၏ အောက်တွင် ရပ်ကွက်နှင့် ရွာကို လည်းကောင်း၊ ခရိုင်၏ အောက်တွင် ကျေးရွာအုပ်စုကြီး၊ ရွာနှင့် အလုပ်သမားမြို့နယ်များကို လည်းကောင်း ထားရှိသည်။
လူဦးရေ ၅သိန်းကျော် ရှိသော ဟမ်းဟုင်းမြို့နှင့် ချောင်းဂျင်းမြို့တို့သည် တိုက်ရိုက်အုပ်ချုပ်မြို့ သို့မဟုတ် အထူးမြို့များ မဟုတ်သော်လည်း မြို့နယ်များ ထားရှိပြီး ဂယ်ဆောင်းမြို့ကို အထူးမြို့အဖြစ် သတ်မှတ်ထားသည်။[၁]
ပထမအဆင့် အုပ်ချုပ်ရေး နယ်မြေဒေသများ
ပြင်ဆင်ရန်ISOကုဒ် | အမည် | ဇာတိအမည် | မြို့တော် | လူဦးရေ[၂] | ဧရိယာ(km2)[၃] |
---|---|---|---|---|---|
KP-01 | ဖျောင်းယံတိုက်ရိုက်အုပ်ချုပ်မြို့ | 평양직할시 |
―― | ၃,၂၅၅,၂၈၈ | ၁,၈၄၉ |
KP-02 | ဖျောင်းအန်းတောင်တိုင်း | 평안남도 |
ဖျောင်းဆောင်းမြို့ |
၄,၀၅၁,၆၉၆ | ၁၁,၄၉၇ |
KP-03 | ဖျောင်းအန်းမြောက်တိုင်း | 평안북도 |
ရှင်းအီဂျူမြို့ |
၂,၇၂၈,၆၆၂ | ၁၂,၆၅၄ |
KP-04 | ဂျာဂံတိုင်း | 자강도 |
ဂံဂယ်မြို့ |
၁,၂၉၉,၈၃၀ | ၁၆,၇၄၁ |
KP-05 | ဟွမ်းဟယ်တောင်တိုင်း | 황해남도 |
ဟယ်ဂျူမြို့ |
၂,၃၁၀,၄၈၅ | ၈,၄၉၄ |
KP-06 | ဟွမ်းဟယ်မြောက်တိုင်း | 황해북도 |
ဆာရီဝန်းမြို့ |
၂,၁၁၃,၆၇၂ | ၉,၅၆၀ |
KP-07 | ဂံဝန်းတိုင်း | 강원도 |
ဝန်းဆန်မြို့ |
၁,၄၇၇,၅၈၂ | ၁၁,၀၉၇ |
KP-08 | ဟမ်းဂယောင်းတောင်တိုင်း | 함경남도 |
ဟမ်းဟုင်းမြို့ |
၃,၀၆၆,၀၁၃ | ၁၈,၆၀၁ |
KP-09 | ဟမ်းဂယောင်းမြောက်တိုင်း | 함경북도 |
ချောင်းဂျင်းမြို့ |
၂,၃၁၀,၄၈၅ | ၁၅,၈၃၀ |
KP-10 | လျံဂံတိုင်း | 량강도 |
ဟဲဆန်မြို့ |
၇၁၉,၂၆၉ | ၁၃,၉၃၇ |
KP-13 | ရာဆောန်အထူးမြို့ | 라선특별시 |
―― | ၁၉၆,၉၅၄ | ၉၀၄ |
KP-14 | နမ်ဖိုအထူးမြို့ | 남포특별시 |
―― | ၃၆၆,၈၁၅ | ၁,၂၉၅ |
KP-15 | ဂယ်ဆောင်းအထူးမြို့ | 개성특별시 |
―― | / | ၇၅၅ |
- ISOကုဒ် 11နှင့် 12တို့သည် ပျောက်နေသည်။
အခြားရှုရန်
ပြင်ဆင်ရန်ကိုးကား
ပြင်ဆင်ရန်- ↑ 조선민주주의인민공화국의 행정 구역 (ကိုရီးယား ဝီကီပီဒီးယား)
- ↑ DPR Korea 2008 Population Census (2008年国勢調査) (pdf)။ reliefweb.int (2009-12-31)။ 2021-06-21 တွင် ပြန်စစ်ပြီး။
- ↑ 지역별 면적 (朝鮮の第一級行政区画の面積)။ 韓国統計情報システム (2020-12-28)။ 2021-06-21 တွင် ပြန်စစ်ပြီး။