မြွေမသေ တုတ်မကျိုးသည် မြန်မာစကားပုံ တစ်ခုဖြစ်သည်။

အဓိပ္ပာယ် ပြင်ဆင်ရန်

မြွေကို ရိုက်နှက်ခြင်းမပြုဘဲ တုတ်ဖြင့် ခြောက်လှန့်ရုံသာ ခြောက်လှန့်ခြင်းဖြင့် မြွေလည်းမသေ၊ တုတ်လည်းမကျိုးရသကဲ့သို့ တစ်ဦးဦးအား ထိခိုက်ခြင်း မရှိစေဘဲ ပြေလည်အောင် ထိန်းသိမ်း ဆောင်ရွက်ခြင်းဖြင့် နှစ်ဦးနှစ်ဖက်လုံး နစ်နာခြင်းမရှိ။

  • "ဒီလိုသာ လူကြီးတွေကပါ ကူညီမယ်ဆိုရင် အတိုင်းထက်အလွန်ပေါ့အေ၊ မြွေမသေ၊ တုတ်မကျိုးဖြစ်မှာပေါ့အေ။"

ကိုးကား ပြင်ဆင်ရန်