မြွေဟောက် သက်ရောက်မှု သည် ပြဿနာကို ဖြေရှင်းရန် ဖန်တီးထားသော ချီးမြှင့်မှုသည် ထိုပြဿနာကို ပိုမိုဆိုးရွားသွားစေရန် အတွက် လူတို့အား ဆုချမှု အဖြစ် အဆုံးသတ်သွားသည့် အခြေအနေ ဖြစ်သည်။[၁][၂] ထိုအသုံးအနှုန်းကို စီးပွားရေး သို့မဟုတ် နိုင်ငံရေးတွင် မမှန်ကန်သော ထောက်ပံ့မှုမှတဆင့် မျှော်လင့်မထားသော အကျိုးဆက် ဖြစ်ပေါ်ခြင်းအတွက် သုံးနှုန်းသည်။[၂]

အိန္ဒိယမြွေဟောက်
တိုက်ခိုက်ရန်အသင့်ဖြစ်နေသော အိန္ဒိယမြွေဟောက်

မြွေဟောက် သက်ရောက်မှု ဆိုသော စကား မြစ်ဖျားခံရာမှာ ဗြိတိသျှတို့၏ အုပ်ချုပ်မှုအောက်တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက် ဇာတ်လမ်းတစ်ခု ဖြစ်သည်။ ဗြိတိသျှအစိုးရသည် ဒေလီမြို့တွင် အဆိပ်ပြင်းသော မြွေဟောက်များ အများအပြား ရှိနေခြင်းအတွက် စိုးရိမ်ပူပန်ခဲ့သည်။​[၃] ထို့အတွက်ကြောင့် အစိုးရမှ မြွေဟောက်အသေတိုင်းအတွက် ဆုကြေးငွေ ချီးမြှင့်ခဲ့သည်။ အစပိုင်းတွင် ထိုသို့ပြုလုပ်ခြင်းမှာ အောင်မြင်သော ဗျူဟာတစ်ခု ဖြစ်ခဲ့ပြီး ဆုကြေးအတွက် မြွေအများအပြားကို သတ်ဖြတ်ခဲ့ကြသည်။ နောက်ဆုံးတွင် ငွေရှာလိုသောသူတို့သည် ဝင်ငွေရရန်အတွက် မြွေဟောက်များကို စတင် မွေးမြူလာခဲ့ကြသည်။ အစိုးရမှ ထိုအကြောင်းကို သတိပြုမိသောအခါ ဆုကြေးချီးမြှင့်မှုကို ရပ်ဆိုင်းခဲ့သည်။ မြွေဟောက်မွေးသူတို့မှ သူတို့၏ တန်ဖိုးမရှိတော့သော မြွေများကို လွှတ်လိုက်သော အခါတွင် မြွေဟောက်ကောင်ရေမှာ ပိုမိုများပြားလာခဲ့သည်။[၂][၄]

ကိုးကား ပြင်ဆင်ရန်

  1. Brickman၊ Leslie H. (2002-11-01)။ Preparing the 21st Century Church။ p. 326။ ISBN 978-1-59160-167-8
  2. ၂.၀ ၂.၁ ၂.၂ Siebert၊ Horst (2001)။ Der Kobra-Effekt. Wie man Irrwege der Wirtschaftspolitik vermeidet (ဂျာမန်ဘာသာစကားဖြင့်)။ Munich: Deutsche Verlags-Anstalt။ ISBN 3-421-05562-9
  3. Dubner၊ Stephen J. (11 October 2012)။ The Cobra Effect: A New Freakonomics Radio Podcast။ Freakonomics, LLC။ 13 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 February 2015 တွင် ပြန်စစ်ပြီး။
  4. Schwarz၊ Christian A. (1996)။ NCD Implementation Guide။ Carol Stream Church Smart Resources။ p. 126။ Cited in Brickman, p. 326.