မွန်ဂိုအင်ပါယာ
မွန်ဂိုအင်ပါယာသည် ၁၃ ရာစုမှ ၁၄ ရာစုနှစ်အတွင်း တည်ရှိခဲ့သည့် ကြီးမားကျယ်ပျံ့သော အင်ပါယာကြီး တစ်ခုဖြစ်သည်။ အာရှအလယ်ပိုင်းဒေသမှ အစပြုကာ ကိုရီးယားကျွန်းဆွယ်မှ အရှေ့ဥရောပအထိ ကျယ်ပျံ့ကာ မြောက်ဘက်တွင် ဆိုက်ဗေးရီးယား၊ တောင်ဘက်တွင် အရှေ့တောင်အာရှ၊ တောင်အာရှနှင့် အရှေ့အလယ်ပိုင်း ဒေသများ ပါဝင်သည်။ ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံး အင်ပါယာကြီးဖြစ်သည်။[၁] အလျား မိုင် ၆၀၀၀ ခန့်ရှည်ပြီး ဧရိယာမှာ စတုန်ရန်းမိုင်ပေါင်း ၁၂.၇၄၁ သန်းခန့် ရှိသည်။ ကမ္ဘာ့မြေဧရိယာ၏ ၂၂ % ရှိပြီး လူဦးရေ သန်း ၁၀၀ ခန့် ရှိသည်။
မွန်ဂိုအင်ပါယာ Монголын Эзэнт Гүрэн Mongolyn Ezent Guren Ikh Mongol Uls | |
---|---|
လက်ရှိအခြေအနေ | Empire |
မြို့တော် | ခန်ဘာလီမြို့(ပေကျင်းမြို့) Avarga Karakorum (1220–1271) |
ကိုးကွယ်မှု | Tengriism (Shamanism)၊ ခေတ်နှောင်းပိုင်း ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ် |
အစိုးရ | ရွေးကောက်တင်မြှောက်သည့် ဘုရင်စနစ် |
ဥပဒေပြုလွှတ်တော် | Kurultai |
ငွေကြေး | ဒင်္ဂါး၊ စုခ်ဟဲ၊ ငွေစက္ကူ |
မွန်ဂိုခေါင်းဆောင် ဂျင်ဂစ်ခန်၏ ဦးဆောင်မှုအောက်တွင် မွန်ဂိုလူမျိုးများနှင့် တာခစ်လူမျိုးများသည် ယနေ့ မွန်ဂိုလီးယားဒေသတွင် စုပေါင်းစည်းလုံးလာပြီး ၁၂၀၆ ခုနှစ်တွင် မွန်ဂိုအင်ပါယာအဖြစ် စတင်ပေါ်ထွန်းလာသည်။ ဂျင်ဂစ်ခန်နှင့် နောက်မျိုးဆက်များသည် မွန်ဂိုတပ်သားများကို အရပ်ရပ်သို့ စေလွှတ်တိုက်ခိုက်ကာ နယ်မြေများကို သိမ်းပိုက်ခြင်းကြောင့် မွန်ဂိုအင်ပါယာကြီး အရှိန်အဟုန်နှင့် ကြီးထွားလာသည်။[၂][၃][၄][၅][၆][၇][၈][၉][၁၀] မွန်ဂိုလက်ထက်တွင် ဥရောပနှင့် အာရှတစ်လွှား နည်းပညာအသစ်များ၊ ကုန်စည်များနှင့် သဘောတရားအသစ်များကို ဖြန့်ဖြူးဖလှယ်လာကြသည်။
၁၂၆၀ ခုနှစ်တွင် ကူဗလိုင်နှင့် အရိဘိုကဲ ညီအစ်ကိုနှစ်ဦး ထီးနန်းဆက်ခံနိုင်ရေးအတွက် အားပြိုင်ကြရာ သွေးကွဲမှုများ ရှိလာသည်။[၁၁] ကူဗလိုင်က အောင်မြင်စွာ နန်းတက်နိုင်ခဲ့ပြီး ယွမ်မင်းဆက် စတင်ခဲ့သည်။ သို့သော်လည်း သွေးကွဲမှုက အဆုံးမသတ်ခဲ့ပေ။ ကူဗလိုင်ခန်ကွယ်လွန်ပြီးနောက် မွန်ဂိုအင်ပါယာကြီးမှ နယ်မြေ ၄ ခုခွဲထွက်သွားသည်။ [၁၂] ၁၃၆၈ ခုနှစ်တွင် ဟန့်တရုတ်လူမျိုး ကျူးယွမ်ကျန်းက ယွမ်မင်းဆက်ကို တွန်းလှန်ကာ မင်မင်းဆက်ကို ထူထောင်လိုက်ချိန်တွင် မွန်ဂိုအင်ပါယာကြီးလည်း ပြိုကွဲသွားရသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ Morgan. The Mongols. p. 5.
- ↑ Jared Diamond - Guns, Germs, and Steel, p.367
- ↑ Historical Dictionary of the Mongol World Empire, by Paul D. Buell
- ↑ The Mongols and Russia, by George Vernadsky
- ↑ The Delhi Sultanate: A political and military history, by Peter M. Jackson,
- ↑ The Mongol World Empire, 1206-1370, by John Andrew Boyle
- ↑ The History of China, by David Curtis Wright, p. 84
- ↑ The Early Civilization of China, by Yong Yap Cotterell, Arthur Cotterell, p. 223
- ↑ Genghis Khan and the making of the modern world by Jack Weatherford
- ↑ Mongols and Mamluks: The Mamluk-Ilkhanid War, 1260-1281 by Reuven Amitai-Preiss
- ↑ Michael Biran, Qaidu and the Rise of the Independent Mongol State in Central Asia. The Curzon Press, 1997, ISBN 0-7007-0631-3
- ↑ The Cambridge History of China: Alien Regimes and Border States, p413