မွန်တက်မဟယ် သည် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့၏ ဆင်ခြေဖုံးအရပ်တစ်ခုဖြစ်သည့် ကိုလုပိတိယတွင် တည်ရှိသည့် သီရိလင်္ကာပါလီမန်ပြောခွင့်ရပုဂ္ဂိုလ်၏ ယခင်က နေအိမ်ဖြစ်သည်။ ၁၉၂၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် သမ္မတအိမ်တော်ပြောခွင့်ရပုဂ္ဂိုလ်၏ နေအိမ်အဖြစ် ထားရှိရန် ဝယ်ယူခဲ့သည်။ Sri Jayawardenapura-Kotte ရှိ ပါလီမန်အဆောက်အဦအသစ် အနီးတွင် ၂၀၀၀ ခုနှစ်၌ နေအိမ်အသစ် မတည်ဆောက်ရသေးခင်အထိ နေထိုင်ခဲ့သည်။ ထို့နောက်တွင် ထိုအိမ်၌ အမျိုးမျိုးသော အစိုးရအဖွဲ့အစည်းများသည် အသုံးပြုနေထိုင်ခဲ့ကြသည်။[၁][၂][၃]

Mumtaz Mahal
အထွေထွေ အချက်အလက်များ
မြို့Kollupitiya, Colombo
နိုင်ငံSri Lanka
တည်ဆောက်မှု စတင်1928
ပြီးစီး1929
ပိုင်ဆိုင်သူParliament of Sri Lanka
ဒီဇိုင်းနှင့် တည်ဆောက်မှု
ဗိသုကာပညာရှင်Homi Billimoria

သမိုင်း ပြင်ဆင်ရန်

အဆောက်အဦကို ၁၉၂၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ St Margaret ၏ ပြင်သစ်ပုံစံအိမ်သည် ပျက်စီးပြီးနောက်တွင် တည်ဆောက်မှုများကို ၁၉၂၇ ခုနှစ်တွင် စတင်ခဲ့သည်။ ဂယ်လီလမ်းမပေါ်ရှိ Kollupitiya တွင် တည်ရှိသည့် မြေကွက်တစ်ခုပေါ်တွင် တည်ရှိသည်။ St Margaret ၏ အိမ်ကို မိုဟာမက်အလီမိုဟာမက်ဟူစိန်အတွက် သူ၏ ဖခင်ဖြစ်သူ မိုဟာမက်အလီက တည်ဆောက်ပေးခဲ့သည်။ အိမ်သို့ ပြောင်းရွှေ့ပြီး နှစ်အနည်းငယ်ကြာသည့်အခါ ဟူစိန်သည် စိတ်ဓာတ်အကြီးအကျယ်ကျဆင်း၍ ဒေဝါလီခံခဲ့ရသည်။ ထို့နောက်တွင် အိမ်ကို ပြင်သစ်သံတမန်ရုံးသို့ ငှားရမ်းခဲ့သည်။ ၁၉၄၃ ခုနှစ် ပြင်သစ်အစိုးရ ကျဆုံးပြီးနောက်တွင် ပြင်သစ်သံတမန်ရုံးသည် ကျွန်းပေါ်မှ ထွက်ခွာခဲ့သည်။ အိမ်ကို သီရိလင်္ကာနိုင်ငံအကြီးအကဲ  Vice Admiral Sir Geoffrey Layton က အသုံးပြုရန်အတွက် အမိန့်ပေးခဲ့သည်။ သူသည် စစ်ပြီးဆုံးသည့်တိုက်အောင် ထိုအိမ်၌ နေထိုင်သွားခဲ့သည်။ သီရိလင်္ကာလွတ်လပ်ရေးရလာသည့်အခါတွင် ထိုအိမ်ကို သီရိလင်္ကာအစိုးရက ဝယ်ယူခဲ့ကာ အိမ်တော်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် Sir Francis Molamure ၏ တရားဝင်နေအိမ်အဖြစ် အသုံးပြုခဲ့သည်။  Sri Jayawardenepura Kotte ရှိ ပါလီမန်အဆောက်အဦအသစ်ဘေးနားရှိ အိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့သည့် ၂၀၀၁ ခုနှစ်အထိ နေထိုင်ခဲ့သည်။ [၂][၃]

ဤအိမ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအဖွဲ့နှင့် Fiscal Ombudsman စသူတို့သည် ဗုဒ္ဓဘာသာနှင့် ပါဠိတက္ကသိုလ်အဖြစ်သို့ မပြောင်းမီ ဆက်တိုက်နေထိုင်ခဲ့ကြသည်။ အဆောက်အဦသည် ဆိုးရွားစွာ ပျက်စီးခဲ့ပြီးနောက်တွင် မူလ အပြင်အဆင်များ၊ ပရိဘောဂများသည် ပျောက်ဆုံးပျက်စီးမှုများ ဖြစ်ခဲ့ရသည်။[၂][၃]

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. Kirinde၊ Chandani။ "PM proposes pay hike, extra allowances for MPs"၊ 20 November 2016။ 
  2. ၂.၀ ၂.၁ ၂.၂ A Mansion called Mumtaz။ Sunday Times of Ceylon (7 November 1993)။ 8 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 30 May 2021 တွင် ပြန်စစ်ပြီး။
  3. ၃.၀ ၃.၁ ၃.၂ Hussein၊ Ameena။ "Mumtaz Mahal, The Story of a House"။ 30 May 2021 တွင် ပြန်စစ်ပြီး။ Archived from the original on 25 October 2016။