မွန်ပြည်နယ်၏ အလံတော်
မွန်ပြည်နယ်အလံ မှာ အနီရောင်နောက်ခံတွင် ရွှေရောင်ဟင်္သာငှက်ရုပ်ပုံကို ရေးထိုးထားသည်။ အလံတော်၏ အရွယ်အစားမှာ အလျား ၆ ပေ၊ အနံ ၄ ပေ ဖြစ်သည်။ အလံသစ်ကို ၂၀၁၈ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကျင်းပသော ဒုတိအကြိမ် မွန်ပြည်နယ် လွှတ်တော် ဒသမ ပုံမှန် အစည်းအဝေး (သတ္တမနေ့) တွင် အတည်ပြုခဲ့သည်။[၂][၃]
အသုံးပြုခြင်း | ပြည်နယ်အလံနှင့် အရပ်သားသုံးအလံ |
---|---|
အချိုးအစား | ၂:၃ |
ရွေးချယ်ခြင်း | ၈ ဇွန် ၂၀၁၈[၁] |
ဒီဇိုင်း | အနီရောင်အလံ၏ အလယ်တွင် ရွှေရောင်ဟင်္သာပုံ |
မွန်ပြည်နယ်အလံတော်၏ မူကွဲအလံ | |
အသုံးပြုခြင်း | ယခင် အလံဟောင်း |
အချိုးအစား | ၂:၃ |
ဒီဇိုင်း | အပြာရောင် နောက်ခံ၏ အလယ်တွင် ဟင်္သာအဝါနှင့် မွန်ပြည်နယ် စာတမ်း |
သမိုင်းကြောင်း
ပြင်ဆင်ရန်ယခင်အစိုးရများ လက်ထက်က မွန်ပြည်နယ် ကိုယ်စားပြုအလံသည် ရွှေဟင်္သာ (အဖို) နှင့် နောက်ခံအပြာရောင်ဖြစ်ပြီး ရွှေဟင်္သာ၏ အောက်ခြေ၌ မွန်ပြည်နယ် ဟု စာတမ်းပါရှိသည့် အလံကို အသုံးပြုခဲ့သည်။[၂]
မွန်ပြည်နယ် အစိုးရအဖွဲ့တွင် တရားဝင် အသုံးပြုမည့် အလံသစ်ကိစ္စကို ၂၀၁၈ခုနှစ် ဇွန်လ ၅ ရက်နှင့် ၆ ရက်တို့၌ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြပြီး ရွှေဟင်္သာပါသည့် အလံတော်၏ နောက်ခံရောင်ကို အနီနှင့် အပြာ နှစ်မျိုး ရွေးချယ်ကာ ဇွန် ၇ ရက်က ပြည်နယ် လွှတ်တော် အစည်းအဝေးသို့ တင်သွင်းခဲ့ပြီး ဇွန်လ ၈ ရက်နေ့တွင် နောက်ခံအနီရောင်ကို ရွေးချယ် အတည်ပြုခဲ့သည်။[၂]
အလံသစ်အဆိုပြုမှုများ
ပြင်ဆင်ရန်အောက်ပါတို့မှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးခဲ့ကြသော အလံဒီဇိုင်းများဖြစ်ကြသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ "Mon State Hluttaw approves picture of golden hamsa on red background as Mon State flag" (in en)၊ Burma News International၊ 8 June 2018။ 21 August 2018 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ ၂.၂ ဉာဏ်စိုးဝင်း (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ်အလံသစ် လွှတ်တော် အတည်ပြု။ ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။
- ↑ ထွန်းမြတ်သူ (၈ ဇွန် ၂၀၁၈)။ မွန်ပြည်နယ် ကိုယ်စားပြုအလံကို အတည်ပြု။ ၂၅ ဇူလိုင် ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
ဤ မြန်မာနိုင်ငံနှင့် သက်ဆိုင်သော ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |