မွန်ပြည်သစ်ပါတီ
မွန်ပြည်သစ်ပါတီ(မွန်: ဗော်ဍုၚ်မန်တၟိ)၏ ဥက္ကဋ္ဌမှာ နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌမှာ နိုအောင်မင်း နှင့် အထွေထွေအတွင်းရေးမှူးမှာ နိုင်ဇေယျတွဲဖက်အထွေထွေအတွင်းရေးမှူးမှာ နိုင်ဝင်းလှ ပြည်တွင်းရေးရာဌာနကြီး တာဝန်ခံမှာ ဗဟိုအလုပ်မှုဆောင် နိုင်ဗညားလယ် နှင့် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (MNLA) ၏ စစ်ဦးစီးချုပ် နိုင်ဗညားမဲ့စန်းတို့ ဖြစ်ကြသည်။
မွန်ပြည်သစ်ပါတီ New Mon State Party | |
---|---|
တည်ထောင်ခြင်း | ဇူလိုင်လ ၂၀ ရက်နေ့ ၁၉၅၈ ခုနှစ် |
ဌာနချုပ် | ရေးချောင်းဖျား (ဗဒိုပ်လုပ်ဍုင်) |
လက်နက်ကိုင်အဖွဲ့အစည်း | မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် |
နိုင်ငံရေး သဘောတရား | ဖက်ဒရယ်ပြည်ထောင်စုစနစ် မွန်အမျိုးသားရေး |
အရောင် | အနီ၊ အဝါ၊ အပြာ၊အဖြူ |
ဝက်ဘ်ဆိုဒ် | |
newmonstateparty.org | |
ပါတီအလံ | |
![]() |

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ အဖွဲ့ဝင် ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။