မွန်သံဃရာဇာကား ၈၉၂ခုတွင် တောင်ငူ၌နန်းတက်သော မင်းတရားရွှေထီးလက်ထက် ထင်ရှားသောဆရာတော်ဖြစ်သည်။ ၉ဝ၆ ခုတွင် မင်းတရားရွှေထီးသည် ဟံသာဝတီပြည် အနောက်ဘက်မွန်ကျောင်းအရပ်၌ ကျောင်းရံခုနစ်ဆယ်နှင့် တကွကျောင်းကြီးဆောက်လုပ်ပြီး မွန်ဆရာတော်အားတင်လှူ၍ သံဃရာဇာဘွဲ့တံဆိပ်ကိုလည်းလှူဒါန်းသည်။ သာသနာပိုင်လည်း အပ်နှင်းတော်မူသည်။[၁]


ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)