မွေးလမ်းကြောင်းပိတ်ဆို့နေခြင်း

မွေးလမ်းကြောင်းပိတ်ဆို့နေခြင်း(Obstructed labour, labour dystocia)ဆိုသည်မှာ ကလေးမီးဖွားချိန်တွင် သားအိမ်မှ ပုံမှန်ညှစ်နေသော်လည်း ရုပ်ပိုင်းဆိုင်ရာအရ မွေးလမ်းကြောင်းပိတ်ဆို့နေသောကြောင့် တင်ပဆုံရိုးအတွင်းမှ သန္ဓေသားထွက်မလာနိုင်ခြင်းဖြစ်သည်။[] သန္ဓေသားတွင်ဖြစ်တတ်သော နောက်ဆက်တွဲပြဿနာမှာ အောက်ဆီဂျင်လုံလောက်စွာမရသောကြောင့် အသက်ဆုံးရှုံးနိုင်သည်။ မိခင်၌လည်း ရောဂါပိုးကူးစက်ခံနိုင်ခြေရှိခြင်း၊ သားအိမ်ကွဲထွက်ခြင်းနှင့် မီးဖွားပြီးသွေးသွန်ခြင်းတို့ဖြစ်တတ်သည်။[] မိခင်တွင် ရေရှည်နောက်ဆက်တွဲပြဿနာအနေဖြင့် မီးဖွားခြင်းကြောင့်ဖြစ်သော ဂရင်ဂျီနာ(obstetrical fistula)ဖြစ်တတ်သည်။ မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့် ရှည်ကြာသောမီးဖွားခြင်း(prolonged labour)လည်း ဖြစ်တတ်သည်။ ရှည်ကြာသောမီးဖွားခြင်းဆိုသည်မှာ ကလေးမီးဖွားချိန် (၁၂)နာရီထက် ပို၍ကြာခြင်းဖြစ်သည်။[]

မွေးလမ်းကြောင်းပိတ်ဆို့နေရသော အဓိကအကြောင်းရင်းမှာ သန္ဓေသားအရွယ် ပုံမှန်ထက် ပို၍ကြီးနေခြင်း၊ သန္ဓေသား၏အနေအထားပုံမှန်မဟုတ်ခြင်း၊ တင်ပဆုံရိုးသေးနေခြင်းနှင့် မွေးလမ်းကြောင်းရှိ ပြဿနာများဖြစ်သည်။ သန္ဓေသား၏အနေအထားပုံမှန်မဟုတ်ခြင်း တစ်မျိုးဖြစ်သော ပခုံးတစ်ဆို့နေခြင်း(shoulder dystocia)တွင် သန္ဓေသား၏ ရှေ့ပခုံးသည် မိခင်၏ဆီးခုံရိုးအောက်မှ အလွယ်တကူမထွက်နိုင်ခြင်းဖြစ်သည်။[] တင်ပဆုံရိုးသေးစေသည့် အကြောင်းရင်းများမှာ အာဟာရချို့တဲ့ခြင်းနှင့် နေရောင်ခြည်ထိတွေ့မှုနည်းပါးခြင်းကြောင့် ဗိုက်တာမင်ဒီချို့တဲ့ခြင်းတို့ ဖြစ်သည်။[] ၎င်းမှာ အပျိုဖော်ဝင်စမိန်းကလေးများတွင် တင်ပဆုံရိုးကြီးထွားမှု မပြီးပြည့်စုံသေးသောကြောင့် ပိုဖြစ်လေ့ရှိသည်။[] မွေးလမ်းကြောင်းရှိ ပြဿနာများမှာ မိန်းမကိုယ်၏ ပြင်ပအစိတ်အပိုင်းတချို့ သို့မဟုတ် အားလုံးကို ဖြတ်ခြင်း(female genital mutilation)နှင့် ကင်ဆာကျိတ်များကြောင့် သားအိမ်လမ်းကြောင်း(vagina)နှင့် မိန်းမကိုယ်နှင့်စအိုဆက်သည့်နေရာ(perineum) ကျဉ်းနေခြင်းတို့ဖြစ်သည်။[] ပါတိုဇယား(partograph)ကို အသုံးပြု၍ မီးဖွားခြင်း၏တိုးတက်မှုအခြေအနေနှင့် ဖြစ်ပေါ်လာနိုင်သောပြဿနာများကို စောင့်ကြည့်နိုင်သည်။[] ပါတိုဇယားနှင့် ခန္ဓာကိုယ်စမ်းသပ်စစ်ဆေးခြင်းဖြင့် မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကို သိနိုင်သည်။[]

မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကို ဗိုက်ခွဲ၍မီးဖွားပေးခြင်း၊ စုပ်စက်ဖြင့်ဆွဲထုတ်ခြင်း၊ ဆီးခုံရိုးနှစ်ခုကို ဆက်ထားသည့်အရိုး(symphysis pubis)ကိုခွဲဖွင့်ခြင်းဖြင့် ကုသနိုင်သည်။ အကယ်၍ ရေမွှာပေါက်ပြီး (၁၈)နာရီထက်ပိုကြာလာပါက မိခင်ကို ရေဓာတ်ဆက်တိုက်ပေးခြင်းနှင့် ပဋိဇီဝဆေးတိုက်ကျွေးခြင်းတို့ ပြုလုပ်ပေးရသည်။[] အာဖရိကနှင့် အာရှနိုင်ငံများတွင် မီးဖွားသူများ၏ (၂-၅)ရာခိုင်နှုန်းခန့်တွင် မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းဖြစ်လေ့ရှိသည်။[] ကိုယ်ဝန်ဆောင်နှင့်ဆက်စပ်သော သေဆုံးမှုများ၏ (၈)ရာခိုင်နှုန်းခန့်မှာ မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့်ဖြစ်ပြီး လူပေါင်း (၁၉၀ဝ၀)ခန့် အသက်ဆုံးရှုံးခဲ့သည်။[][] မွေးလမ်းကြောင်းပိတ်ဆို့နေခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းအများစုမှာ ဖွံဖြိုးဆဲနိုင်ငံများတွင် ဖြစ်ပွားလေ့ရှိသည်။ []

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 17–36။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး10 June 2016 တွင် ပြန်စစ်ပြီး
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "Obstructed labour." (2003). British medical bulletin 67: 191–204. doi:10.1093/bmb/ldg018. PMID 14711764. 
  3. Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 38–44။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး10 June 2016 တွင် ပြန်စစ်ပြီး
  4. Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 45–52။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး10 June 2016 တွင် ပြန်စစ်ပြီး
  5. Education material for teachers of midwifery : midwifery education modules (PDF) (2nd ed.)။ Geneva [Switzerland]: World Health Organisation။ 2008။ pp. 89–104။ ISBN 9789241546669။ 21 February 2015 တွင် မူရင်း (PDF) အား မော်ကွန်းတင်ပြီး10 June 2016 တွင် ပြန်စစ်ပြီး
  6. Usha၊ Krishna (2004)။ Pregnancy at risk : current concepts။ New Delhi: Jaypee Bros.။ p. 451။ ISBN 9788171798261
  7. "Global, regional, and national age-sex specific all-cause and cause-specific mortality for 240 causes of death, 1990-2013: a systematic analysis for the Global Burden of Disease Study 2013." (17 December 2014). Lancet 385: 117–71. doi:10.1016/S0140-6736(14)61682-2. PMID 25530442.