မှော်ရုံတောမှာ မောလှပြီသည် Gorhan ၏ The Gold of their Bodies ဝတ္ထုစာအုပ်ကို မြသန်းတင့် ဘာသာပြန်ဆိုသည့် ဝတ္ထုစာအုပ် ဖြစ်ပြီး သစ္စာစာပေက ထုတ်ဝေသည်။ မရေးဖြစ်နိုင်သေးသော ဒေါက်တာမမိုးသူ ဝတ္ထုကို ရွှေ့ဆိုင်းပြီး၊ ပြင်သစ်လူမျိုး ပန်းချီဆရာဂေါ်ဂင်၏ ဘဝဇာတ်ကြောင်းကို ဖွဲ့နွဲ့ထားသော ဤအတ္ထုပ္ပတ္တိကို ထုတ်ဝေရန် ညှိနှိုင်းခဲ့ရသည်။ ဆမ္မားဆက်မွန် ရေးသော လမင်းနှင့် ခြောက်ပဲနိ ဝတ္ထုနှင့် မတူသည်မှာ ဂေါ်ဂင်၏ နာမည်ကို တိုက်ရိုက်သုံးထားကာ၊ ဂေါ်ဂင်၏ အနုပညာသည်ဘဝကို သာမက၊ သူ့ပန်းချီအယူအဆများကိုလည်း ထည့်သွင်းထားသည်။ ပြင်သစ် ကိုလိုနီဝါဒနှင့် ရန်ဖြစ်သော ဂေါ်ဂင်၏ ကိုလိုနီဆန့်ကျင်ရေး ကြိုးပမ်းမှုကိုလည်း ဖော်ပြသည်။ ဖိနှိပ်ညှဉ်းပန်းမှုအောက် ရောက်နေသည့် တဟီတီကျွန်းသားများဘက်က နေ၍ ရပ်တည်ပုံကို အလေးပေး ဖော်ပြထားသည်။[၁]

မှော်ရုံတောမှာ မောလှပြီ
စာအုပ်ဖုံး
စာရေးသူGorhan
မူလခေါင်းစဉ်The Gold of their Bodies
ဘာသာပြန်သူမြသန်းတင့်
နိုင်ငံမြန်မာ
ဘာသာစကားမြန်မာ
အကြောင်းအရာဂေါ်ဂင်၏ ဘဝဇာတ်ကြောင်း
အမျိုးအစားအတ္ထုပ္ပတ္တိ
Set inပြင်သစ်
စာမျက်နှာ၃၄၇
နောက်ထွက်စာအုပ်ဒေါက်တာမမိုးသူ

ကိုးကား ပြင်ဆင်ရန်

  1. မြသန်းတင့်။ မှော်ရုံတောမှာ မောလှပြီ (စာရေးသူအမှာစာ ကောက်နုတ်ချက် ed.)။ p. ၃-၄။