မှဲ့ သည်ဆေးပညာများအရ လူကိုယ်ခန္ဓာပေါ်ရှိအရေပြားကို အရောင်ထုတ်ပေးတဲ့ Melanocytes လို့ခေါ်တဲ့ ဆဲလ်များ ပေါင်းစည်းဖြစ်ပေါ်ပြီးအရေပြားရှိနေရာအနှံအပြားမည်သည့်နေရာမဆိုဖြစ်လာနိုင်တဲ့ အစက်အပြောက် ဆဲလ်အစုအစက်လေးဖြစ်ပြီး၊မှဲ့ကို Melanocytic Naevi လို့လည်း ခေါ်ကြသည်။ မှဲ့အများစုသည် ကင်ဆာမဖြစ်ပွားစေပြီး အနည်းငယ် ကတော့ ဖြစ်ပွားစေပါသည်။[၁]

ဒူးခေါင်းအနားတွင် မှဲ့ပေါက်နေသောပုံ

မှဲ့များကို စပယ်တင်မှဲ့ ၊ မျက်ရည်ခံမှဲ့၊ မှဲ့စလွယ် စသဖြင့်အမျိုးမျိုးခေါ်ဝေါ်ကြသည်။ မှဲ့ များသည်အရောင်အမျိုးမျိုး၊အသေးအကြီးရှိကြပါသည်။မှဲ့များသည် အညို ၊ အမည်း ၊ အနီ ၊ အညိုဖျော့ ၊ အစိမ်း စသဖြင့် မှဲ့အရောင်မျိုးစုံရှိပါသည်။မှဲ့သည်လူရဲ့ ခန္ဓာကိုယ်ပေါ်မှာ မွေးရာပါခြင်းဖြစ်ပြီး ဗေဒင်၊လက္ခဏာပညာများရ လူတစ်ယောက်၏ကံကြမ္မာအကျိူးအကြောင်းအကောင်းအဆိုးကို မှဲ့ပေါက်ရာနေရာကိုကြည့်ပြီးပြောပြနိုင်တယ်လို့ တရုပ်ဗေဒပညာရှင်တွေ၊ ဟိန္ဒူဗေဒင်ပညာရှိကြီးတွေက ယုံကြည်ထားကြသည်။[၂]

ကိုးကား ပြင်ဆင်ရန်

  1. https://hellosayarwon.com/skin-health/other-skin-diseases/%e1%80%99%e1%80%be%e1%80%b2%e1%80%b7%e1%80%80%e1%80%84%e1%80%ba%e1%80%86%e1%80%ac/
  2. ဗေဒင်နှင့်လက္ခဏာပညာစာအုပ်မှ