ယင်းစီး ဆိုသည် ဝါးခြမ်းစိတ်တို့ဖြင့် လုပ်သော ငါးဖမ်းကိရိယာတစ်မျိုး ဖြစ်သည်။ ၎င်းယင်းသည် နေကာယင်းနှင့် ဆင်တူပင် ဖြစ်သည်။ သို့ရာတွင် နေကာယင်းမှာ ဝါးခြမ်းစိတ်တို့ကို တစ်ခုနှင့်တစ်ခု ထိနေအောင် ကြိုးများဖြင့် ဆက်၍ ကန့်လန့်လှဲကာ ဆွဲထားသည်။ ငါးဖမ်းသည့် ယင်းမှာမူ နေကာယင်းလောက် မစိတ်ပဲ ခပ်ကျဲကျဲဝါးခြမ်းစိတ်များကို ထောင်လျက် နှီးသို့မဟုတ် ကြိမ်ဖြင့် စီတန်းချည်နှောင် ထားလေသည်။ ဤယင်း မလှဲရအောင် ရံဘောင်ခေါ်သည့်ဝါးတန်း၌ ကပ်၍ကာဆီးပြီးလျှင် ငါးများကို ဖမ်းကြလေသည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ရွှေဝယ်ဧ ရေးသည့် တံငါကိရိယာ သိကောင်းစရာ၊ ၁၉၆၇ ခုနှစ်၊ မေလထုတ်၊ မြဝတီမဂ္ဂဇင်း စာမျက်နှာ(၆၅-၇ဝ)