ယဆုရေတံခွန်
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ယဆုရေတံခွန် (安の滝) သည် ဂျပန်နိုင်ငံ၊ အခိတစီရင်စု၊ ခိတအခိတခရိုင်၊ အနိမြို့တွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ ရေတံခွန်သည် ယောနဲရှိရိုမြစ်ပေါ်တွင် တည်ရှိသည်။ ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။
ယဆုရေတံခွန် | |
---|---|
တည်နေရာ | Kitaakika, Akita Prefecture, Japan |
ကိုဩဒိနိတ် | 39°56′38.8″N 140°36′50.1″E / 39.944111°N 140.613917°Eကိုဩဒိနိတ်: 39°56′38.8″N 140°36′50.1″E / 39.944111°N 140.613917°E |
အမျိုးအစား | multi-step |
စုစုပေါင်း အမြင့် | 90 m |
ရေဆင်းလမ်းများ | 2 |
အရှည်ဆုံး ရေဆင်းလမ်း | 60 m |
ရေလမ်း | Yoneshiro River |
ရေတံခွန်တွင် အဆင့်နှစ်ခု ပါဝင်ပြီး အဓိကရေလမ်းကြောင်းသည် အပေါ်အဆင့်တွင် တည်ရှိပြီး မီတာ ၆၀ ရှိကာ အသေးတစ်ခုသည် ၃၀ မီတာရှိကာ အောက်အဆင့်တွင် တည်ရှိသည်။ အပေါ်ဆင့်နှင့် အောက်ဆင့်အကြား၌ ရေချိုင့်ဝှမ်းတစ်ခု တည်ရှိကာ ကျယ်ဝန်း၍ ထိုမှ အေပေါ်ဆင့်သို့ လွယ်ကူစွာပင် တက်ရောက်နိုင်သည်။
ပြင်ပလင့်များ ပြင်ဆင်ရန်
- (in ဂျပန်) Ministry of Environment Archived 6 November 2018 at the Wayback Machine.