ယတလဝိဟာရ သည် သီရိလင်္ကာနိုင်ငံ၊ Hambantota ခရိုင်တွင်တည်ရှိသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ စေတီတော်သည် ဘီစီ ၃ ရာစုက တည်ခဲ့ပြီး Deberawewa တွင် တည်ရှိသည်။ စေတီတော်ကို ကြီးများသည့် ကျောက်ချပ်ပြားကြီးပေါ်တွင် တည်ထားပြီး ဝန်းရံထားသည့် နံရံတွင်လည်း ဆင်ဦးခေါင်းပုံများ ထွင်းထုထားသည်။[၂] ထို့အပြင် ကျုံးတစ်ခုနှင့် ကြီးမားသည့် ကြောက်ကျောက်တစ်ခုလည်း ရှိသည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ အကြာက ဘုရင် ယတလတိဿ (Yatala Thissa) က စေတီတော်ကို တည်ခဲ့သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း အချို့ကမူ စေတီတော်ကို ယတလတိဿ ၏ ဖခင်ဖြစ်သူ ဘုရင် Mahanaga တည်ခဲ့သည်ဟု ဆိုကြသည်။ [၃]

ယတလဝိဟာရ
Yatala Vehera
යටාල වෙහෙර
အချက်အလက်များ
တည်နေရာDeberawewa, တိဿမဟာဂါမ
ကိုဩဒိနိတ်6°17′08″N 81°16′33″E / 6.28556°N 81.27583°E / 6.28556; 81.27583ကိုဩဒိနိတ်: 6°17′08″N 81°16′33″E / 6.28556°N 81.27583°E / 6.28556; 81.27583
ဘာသာရေး နှီးနွယ်မှုဗုဒ္ဓဘာသာ
ခရိုင်ဟန်ဘန်တိုတာခရိုင်
စီရင်စုတောင်ပိုင်းခရိုင်
နိုင်ငံသီရိလင်္ကာနိုင်ငံ
အမွေအနှစ် သတ်မှတ်ခြင်းရှေးဟောင်းသမိုင်းဝင် ကာကွယ်ထားသော နေရာ[၁]
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူMahanaga of Ruhuna
Yatala Tissa of Ruhuna
ပြီးစီးဘီစီ ၃ ရာစုခန့်

အမျိုးမျိုးသော စာပေကျမ်းဂန်တို့၌ စေတီတော်ကို မနိစေတီတော် (Mani Chethiya) နှင့် ယတ္တလယ (Yattalaya) ဟု ဖော်ပြထားကြသည်။ စေတီတော်တွင် မည်သည့်အရာများ ဌာပနာထားသည်ကို မသိရှိရပေ။ သို့သော်လည်း များစွာသော ဓာတ်တော်ကြုတ်များကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤစေတီတော်ကို ဘုရင် Ruhuna က သီရိလင်္ကာ၏ ပထမဆုံးရဟန္တာဖြစ်သည့် Arittha Thero ကို လှူဒါန်းခဲ့သည်ဟု ယုံကြည်ကြသည်။ ထို့အပြင် ဤစေတီတော်သည် Ruhuna ဘုရင့်နိုင်ငံတွင် ပထမဆုံးတည်ခဲ့သည် စေတီတော်လည်း ဖြစ်သည်ဟု ယုံကြည်ကြသည်။ စေတီတော်ကို ပြုပြင်မွမ်းမံမှု လုပ်ငန်းများကို အေဒီ ၁၈၈၃ တွင် ပြုလုပ်ခဲ့ကြပြီး ပြင်ဆင်မှုသည် ပြီးစီးသည်အထိ ရာစုနှစ်တစ်ခုကျော် ကြာမြင့်ခဲ့သည်။ စေတီတော်တည်ဆောက်ရာတွင် မတူညီသည့် အဆင့်များကို သိရှိနိုင်ရန်အတွက် ဖွင့်ထားသည့် နေရာကို ပြင်ဆင်ထားသည့် စေတီတော်ကို ချန်ထားခဲ့သည်။[၄][၄]

ကိုးကား ပြင်ဆင်ရန်

  1. Yatala။ Department of Archaeology, Sri Lanka။ 31 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 September 2017 တွင် ပြန်စစ်ပြီး။
  2. Tissamaharama Archived 31 October 2015 at the Wayback Machine., Sri Lanka Heritages.com
  3. Kawantissa-Master of Stratergy Archived 3 March 2016 at the Wayback Machine., The nation
  4. ၄.၀ ၄.၁ Tissamaharama Yatala Dagaba, www.lankalibrary.com