ယန် ရှင်းဟိုင်

တရုတ် ကွင်းဆက်လူသတ်သမား

ယန် ရှင်းဟိုင် (တရုတ်: 杨新海; ၁၉၆၈ ဇူလိုင် ၂၉ – ၂၀၀၄ ဖေဖော်ဝါရီ ၁၄) သည် ၁၉၉၉ နှင့် ၂၀၀၃ ခုနှစ်အကြား လူသတ်မှု ၆၇ မှုနှင့် မုဒိမ်းမှု ၂၃ မှုကို ကျူးလွန်ခဲ့သောကြောင့် အသက် ၆၇ နှစ်အရွယ်၌ သေဒဏ်အပြစ်ပေး အစီရင်ခံရသည့် တရုတ်ကွင်းဆက်လူသတ်သမားဖြစ်ပြီး ၎င်းကို ယန် ကျစ်ယာ နှင့် ယန်လျို ဟုလည်း လူသိကြသည်။[၁][၂][၃] မီဒီယာများ၌ ၎င်းအား "မိစ္ဆာကောင်လူသတ်သမား" ဟု ပုံနှိုင်းရေးသားသည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်စဉ်ကစ၍ တရုတ်နိုင်ငံ၌ အကျော်စောဆုံး ကွင်းဆက်လူသတ်သမားဖြစ်သည်။

Yang Xinhai
ဇာတိ အမည်杨新海
မွေးဖွား17 July 1968
Zhengyang County, Henan, တရုတ်
ကွယ်လွန်၁၄ ဖေဖော်ဝါရီ၊ ၂၀၀၄(2004-02-14) (အသက် ၃၅)
Luohe, Henan, တရုတ်
သေဆုံးရခြင်း အကြောင်းရင်းExecution by shooting
အခြား အမည်များThe Monster Killer
The Monster Henan
ရာဇဝတ်ပြစ်ဒဏ်Death
ပြစ်ဒဏ်ကျခြင်း(များ)67 murder charges
အသေးစိတ်များ
သားကောင်များ67+
မှုခင်းကာလ
1999–2003
နိုင်ငံ တရုတ်
ပြည်နယ် (များ)Anhui, Hebei, Henan, Shandong
ဖမ်းဆီးရက်စွဲ
3 November 2003
အကျဉ်းချခဲ့1988 and 1996

အတ္ထုပတ္တိ ပြင်ဆင်ရန်

၁၉၆၈ ဇူလိုင် ၂၉ တွင် ဟဲနန်ပြည်နယ် ကျွန်းရန်ကောင်တီ၌ မွေးဖွားခဲ့ပြီး သူ၏မိသားစုမှာ ဇာတိရွာရှိ အဆင်းရဲဆုံး မိသားစုစာရင်းဝင်ဖြစ်သည်။ သားသမီး ၄ ဦးအနက် အငယ်ဆုံး ယန်သည် ထူးချွန်သော အတွင်းစွဲ (introvert) တဦး ဖြစ်သည်။ ၁၉၈၅ အသက် ၁၇ နှစ်အရွယ်တွင် ကျောင်းမှ ထွက်ပြီး အိမ်သို့ပြန်မလာတော့ဘဲ တရုတ်နိုင်ငံအနှံ့ လှည့်လည် ကာ အလုပ်သမားအဖြစ် လုပ်ကိုင်သည်။[၁][၄][၅][၆][၇]

ရာဇဝတ်မှုများ ပြင်ဆင်ရန်

၁၉၈၈ နှင့် ၁၉၉၁ ခုနှစ်များအတွင်း ဟဲပေပြည်နယ် ရှီးအန်း ၊ ရှားအန်းရှီး နှင့် ရှီးကျားကျွမ်းတို့၌ ခိုးမှုကျူးလွန်သဖြင့် ချွေးတပ်စခန်းသို့ ပို့ခံရသည်။[၄] ဟဲနန်ပြည်နယ် ကျူးမာသျန့်တွင် မုဒိမ်းမှုကျူးလွန်ရန် ကြံစည်သဖြင့် ၁၉၉၆ ခုနှစ်၌ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပြီး ၁၉၉၉ တွင် ထောင်မှ လွတ်လာသည်။[၄][၈]

ယန် ၏ လူသတ်မှုများမှာ ၁၉၉၉ နှင့် ၂၀၀၃ အကြားတွင် အန်းဟွေး ၊ ဟဲပေ ၊ ဟဲနန် နှင့် ရှန်းသုန်း ပြည်နယ်များ၌ ဖြစ်ပွားခဲ့သည်။ ညရောက်သည့်အခါ သားကောင်များ၏ အိမ်သို့ဝင်ရောက်ပြီးလျှင် အိမ်တွင်ရှိသူမှန်သမျှအား ပုဆိန် ၊ တူ နှင့် ဂေါ်ပြားတို့ဖြင့် သတ်ပစ်လေ့ရှိရာ များသောအားဖြင့် လယ်သမားများ ဖြစ်ကြပြီး တခါတရံ တမိသားစုလုံး အသတ်ခံရသည်။ အဝတ်အစားသစ်နှင့် ကြီးမားသော ဖိနပ်များကို ဝတ်ဆင်ပြီး ကျူးလွန်လေ့ရှိသည်။[၈][၉][၁၀][၁၁]

၂၀၀၂ အောက်တိုဘာတွင် ဖခင်နှင့် အသက် ၆ နှစ်အရွယ်မိန်းခလေးကို ဂေါ်ပြားဖြင့် ရိုက်သတ်ပြီး ကိုယ်ဝန်သည် အမျိုးသမီး တဦးကို မုဒိမ်းကျင့်ခဲ့သည်။ အမျိုးသမီးမှာ အသက်ရှင်ခဲ့သော်လည်း ဦးခေါင်းဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့သည်။[၃]

ဖမ်းဆီးရမိခြင်း တရားရုံးတင်စစ်ဆေးခြင်း နှင့် အဆုံးစီရင်ခြင်း ပြင်ဆင်ရန်

ဟဲပေပြည်နယ် ချိန်ကျိုးရှိ ပွဲခင်းအတွင်း ရဲပတ္တရောင်လှည့်နေစဉ် သင်္ကာမကင်းမှုဖြင့် ၂၀၀၃ နိုဝင်ဘာ ၃ ရက်၌ အထိန်းသိမ်းခံရသည်။ မေးမြန်းစဉ် လူသတ်မှုဖြင့် ပြည်နယ် ၄ ခု၌ အလိုရှိသူ ဖြစ်နေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။ သူ၏ပြစ်မှုများနှင့် အဖမ်းဆီးခံရမှု သတင်းပြန့်နှံ့သွားသောအခါ မီဒီယာများက ၎င်းအား "မိစ္ဆာကောင်လူသတ်သမား" ဟု ပုံနှိုင်းရေးသားသည်။[၁][၂][၃][၉][၁၂][၁၃]

အဖမ်းခံရပြီးများမကြာမီ လူသတ်မှု ၆၅ မှု ၊ မုဒိမ်းမှု ၂၃ မှုနှင့် ထိခိုက်အနာတရဖြစ်စေမှု ၅ မှုတို့အား ကျူးလွန်ခဲ့ကြောင်း ဝန်ခံလေရာ ယင်းတို့အနက် လူသတ်မှု ၄၉ မှု ၊ မုဒိမ်းမှု ၁၇ မှု နှင့် တိုက်ခိုက်မှု ၅ မှုမှာ ဟဲနန်ပြည်နယ်၌လည်းကောင်း ၊ လူသတ်မှု ၈ မှု နှင့် မုဒိမ်းမှု ၃ မှုမှာ ဟဲပေပြည်နယ်၌လည်းကောင်း ၊ လူသတ်မှု ၆ မှု နှင့် မုဒိမ်းမှု ၂ မှုမှာ အန်းဟွေးပြည်နယ်၌လည်းကောင်း ၊ လူသတ်မှု ၂ မှုနှင့် မုဒိမ်းမှု ၁ မှာ ရှန်းသုန်းပြည်နယ်၌လည်းကောင်း အသီးသီး ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အခင်းဖြစ်ရာနေရာမှ ဒီအဲန်အေနှင့် သူ့အား တိုက်ဆိုင်စစ်ဆေးရာ ကိုက်ညီကြောင်း တွေ့ရသည်။[၃][၁၄] သူ့သားကောင်များအနက် ၁ ဦးထံမှ အိပ်ချ်အိုင်ဗွီရောဂါပိုး ကူးစက်ခံထားရကြောင်းလည်း တွေ့ရှိရသည်။[၃][၁၄]

၂၀၀၄ ဖေဖော်ဝါရီ ၁ တွင် ဟဲနန်ပြည်နယ် ၊ လော့ဟယ်မြို့တော် အလတ်တန်းပြည်သူ့တရားရုံးက လူသတ်မှု ၆၇ မှုနှင့် မုဒိမ်းမှု ၂၃ မှုအတွက် ယန်တွင် အပြစ်ရှိကြောင်း ဆုံးဖြတ်ချပြီး သေဒဏ်ချလိုက်သည်။ စီရင်ချက်ချမှတ်သည့်အချိန်၌ တရုတ်နိုင်ငံတွင်း အရှည်ကြာဆုံးနှင့် အော့နှလုံးနာဖွယ်ရာအကောင်းဆုံး ပရမ်းပတာလူသတ်မှုကိုကျူးလွန်ခဲ့သည်ဟု တရုတ်နိုင်ငံမီဒီယာများက ယုံကြည်သည်။[၄][၈][၁၄][၁၅] ၂၀၀၄ ဖေဖော်ဝါရီ ၁၄ ၌ သေနတ်တပ်ဖွဲ့၏ ကွပ်မျက်ခြင်းခံရသည်။[၁၆]

စေ့ဆော်မှု ပြင်ဆင်ရန်

လမ်းခွဲမှုအတွက် လူ့အသိုင်းအဝိုင်းအား လက်စားချေတုံ့ပြန်သည့်အနေဖြင့် လူသတ်မှု ကျူးလွန်ခဲ့ခြင်းဟု အချို့ မီဒီယာများက သူအဖမ်းဆီးခံရစဉ်အချိန်က သတင်းတင်ဆက်ခဲ့ကြသည်။[၂][၉] ယခင်ခိုးမှုနှင့်မုဒိမ်းမှုများကြောင့် သူ၏ ရည်းစားဖြစ်သူက စွန့်ခွာသွားခဲ့သည်ဟု ဆိုကြသည်။[၂][၉] လုယက် မုဒိမ်းကျင့် လူသတ်ရတာကို မွေ့လျော်ခြင်းကသာလျင် စေ့ဆော်မှုဖြစ်သည်ဟု မီဒီယာများက နောက်ပိုင်း၌ သတင်းဖော်ပြကြသည်။[၃][၁၄]

ကျူးလွန်ရသည့်အကြောင်းရင်းကို ယန်း က မည်သည့်အခါမျှ ထုတ်ဖော်ခဲ့ခြင်းမရှိသော်လည်း အောက်ပါအတိုင်း ပြောခဲ့ဖူးသည်ဟု ကိုးကားကြသည် -

"ငါလူသတ်တဲ့အခါ ဆန္ဒပြင်းပြလာ ၊ ဒီအတွက်ပဲ ပိုသတ်မိတာ ၊ သူတို့ အသက်ရှင်သင့်သလား ဘာလား ငါအမှုမထား ၊ ငါ့အလုပ်မဟုတ်….လူ့အသိုင်းအဝိုင်းမှာ ငါမနေလို။ လူ့အသိုင်းဝိုင်းဟာ ငါ့အတွက် အရေးအရာမဟုတ်"[၁၄][၁၇]

ကွင်းဆက်လူသတ်မှုစာရင်း ပြင်ဆင်ရန်

  • ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၁၉ ၊ ကော်ကျွမ်းရွာ ၊ ပေကျောင်းမြို့နယ် ၊ ချွမ်းဟွေခရိုင် ၊ ကျိုးကို့ ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၁ ၊ ချွင်းရှုကျွမ်း ၊ ရှောင်ယင်းရွာ ၊ ဝမ်သျန့်မြို့ ၊ ယင်ကျိုးခရိုင် ၊ ဖုယန် ၊ အန်ဟွေးပြည်နယ်။ လူသတ်မှု ၃ မှုနှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၁ ဩဂုတ် ၁၅ ၊ ဖန်းချယ်လျို့ရွာ ၊ ကျုလင်မြို့နယ် ၊ လင်းယင်ကောင်တီ ၊ လော့ဟယ် ၊ ကျိုးကို့ ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၃ မှုနှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၁ ဆောင်းဦး ၊ ကန်းလိုမြို့နယ် ၊ ရှီးဟွာကောင်တီ ၊ ကျိုးကို့ ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၁ ဆောင်းရာသီ ၊ ယဲ့ကောင်တီ၏ မြို့မှ အရှေ့တောင်အရပ်ရှိ ရွာ ၊ ဖင်းသင်းရှန်း ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၂ ဇန်နဝါရီ ၂၇ ၊ ထုံးရွှိကောင်တီ ၊ ခိုင်ဖုန်း ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၃ မှုနှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၂ ဇွန် ၃၀ ၊ ချိုင်ကန်းမြို့နယ် ၊ ဖူကို့ကောင်တီ ၊ ကျိုးကို့ ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၄ မှုနှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၂ ဇူလိုင် ၂၈ ၊ သွန်းကျိုး ၊ နန်းယန် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၄ မှုနှင့် မုဒိမ်းမှု ၂ မှု။
  • ၂၀၀၂ အောက်တိုဘာ ၂၂ ၊ ကျိုက်ဟူရွာ ၊ ဆုန်းကျီမြို့နယ်၊ ရှီးဖင်ကောင်တီ ၊ ကျူးမာသျန့် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု ၊ မုဒိမ်းမှု ၁ မှုနှင့် အပြင်းအထန်နာကျင်စေမှု ၁ မှု။
  • ၂၀၀၂ နိုဝင်ဘာ ၈ ၊ ကောင်းလီရွာ ၊ ရှောက်သျန့်မြို့နယ် ၊ ရှန်းချိုင်ကောင်တီ ၊ ကျူးမာသျန့် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၄ မှု ၊ မုဒိမ်းမှု ၂ မှုနှင့် အပြင်းအထန်နာကျင်စေမှု ၁ မှု။
  • ၂၀၀၂ နိုဝင်ဘာ ၁၆ ၊ လျှို့ကျွမ်းရွာ ၊ ကျန်းရှီးမြို့ ၊ ဝေးရှစ်ကောင်တီ ၊ ခိုင်ဖုန်း ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှုနှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၂ နိုဝင်ဘာ ၁၉ ၊ ရှီးကွိုင်ရွာ ၊ ဝမ်းမွန့်မြို့နယ် ၊ လင်းယင်ကောင်တီ ၊ လော့ဟယ် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၂ ဒီဇင်ဘာ ၁ ၊ ရန်းဝမ်ရွာ ၊ ဝမ်ဖိလျှိုမြို့ ၊ လုယီကောင်တီ ၊ ကျိုးကို့ ၊ ဟဲနန်ပြည်နယ်။  လူသတ်မှု ၂ မှု ၊ မုဒိမ်းမှု ၁ မှု နှင့် အပြင်းအထန်နာကျင်စေမှု ၁ မှု။
  • ၂၀၀၂ ဒီဇင်ဘာ ၆ ၊ လျှို့ကျွမ်းရွာ ၊ ရန်းဟဲမြို့နယ် ၊ ရှီးဖင်ကောင်တီ ၊ ကျူးမာသျန့် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၅ မှု နှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၂ ဒီဇင်ဘာ ၁၃ ၊ စစ်ကျားရွာ ၊ မာလန်မြို့နယ်၊ ယန်းလင်ကောင်တီ ၊ ရွှိချန်း ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၂ ဒီဇင်ဘာ ၁၅ ၊ ရှောက်လိကျွမ်း ၊ မြောင်ချာမြို့ ၊ လင်ချွမ်းကောင်တီ ၊ ဖုယန်း ၊ အန်းဟွေပြည်နယ်။ လူသတ်မှု ၃ မှု နှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၃ ဖေဖော်ဝါရီ ၅ ရက် ၊ ကုကျွမ်းမြို့နယ် ၊ ရှန်းချွန်ကောင်တီ ၊ ရွှိချန် ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၃ မှု ၊ မုဒိမ်းမှု ၁ မှု နှင့် အပြင်းအထန်နာကျင်စေမှု ၁ မှု။
  • ၂၀၀၃ ဖေဖော်ဝါရီ ၁၈ ၊ ချီယင်းမြို့နယ် ၊ ရှီးဟွာကောင်တီ ၊ ကျို့ကို ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၄ မှု နှင့် မုဒိမ်းမှု ၂ မှု။
  • ၂၀၀၃ မတ် ၂၃ ၊ ချွန်းကွမ်မြို့ ၊ မင်းချွမ်ကောင်တီ ၊ ရှန်းချို ၊ ဟဲနန်ပြည်နယ်။ လူသတ်မှု ၄ မှု နှင့် မုဒိမ်းမှု ၁ မှု။
  • ၂၀၀၃ ဧပြီ ၂ ၊ ဆန်းလိကျိုင်းရွာ ၊ ထောင်းယွမ်မြို့ ၊ ချောင်းကောင်တီ ၊ ဟဲကျယ် ၊ ရှန်းတုန်းပြည်နယ်။ လူသတ်မှု ၂ မှု။
  • ၂၀၀၃ ဩဂုတ် ၅ ၊ ဟဲပေပြည်နယ် ၊ ရှင်းထိုင် ၊ လီသောင်ရွာ။ လူသတ်မှု ၃ မှု။
  • ၂၀၀၃ ဩဂုတ် ၈ ၊ သုန်းလျန်ရှန်းရွာ ၊ ချောင်းရှီခရိုင် ၊ ရှိကျားကျွမ်း ၊ ဟဲပေပြည်နယ်။ လူသတ်မှု ၅ မှု။


စုစုပေါင်း - အမှုအခင်း ၂၆ ခု ၊ လူသတ်မှု ၆၇ မှု ၊ မုဒိမ်းမှု ၂၃ မှု ၊ တမင်ရည်ရွယ်နာကျင်စေမှု ၁၀ မှု

ဆက်စပ်ဖတ်ရှုရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ "Man arrested over serial murders of 65 people"၊ China Daily၊ 2003-11-18။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2008-10-12။ 
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ "Man arrested on suspicion of killing 67 people in China"၊ ABC News၊ 2003-11-15။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  3. ၃.၀ ၃.၁ ၃.၂ ၃.၃ ၃.၄ ၃.၅ Cui၊ Vivian။ "Using hammer, shovel or axe, serial killer of 65 struck victims as they slept Yang Xinhai's motives were rape and robbery, police say of four-province rampage."၊ South China Morning Post၊ 2003-11-22။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-01-12။ 
  4. ၄.၀ ၄.၁ ၄.၂ ၄.၃ Liu၊ Li။ "Man faces death after killing 67"၊ China Daily၊ 2004-02-02။ 2008-09-15 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  5. "Drifter says he killed 65 people with axes, shovels"၊ Taipei Times၊ 2003-11-22၊ pp. 5။ 2008-09-15 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  6. "China executes murderer of 67"၊ Rediff India Abroad၊ 2004-02-14။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  7. "Chinese 'serial killer' confesses"၊ BBC News၊ 2003-11-21။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2012-08-04။ 
  8. ၈.၀ ၈.၁ ၈.၂ "Chinese serial killer gets death sentence for slaying 67"၊ Asian Political News၊ 2004-02-09။ 2008-09-15 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  9. ၉.၀ ၉.၁ ၉.၂ ၉.၃ "Chinese 'serial killer' arrested"၊ BBC News၊ 2003-11-15။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2008-12-19။ 
  10. "Police arrest man for murder of 25 students in China"၊ Taipei Times၊ 2003-11-17။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  11. "Man who killed 67 people executed"၊ China Daily၊ 2004-02-14။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  12. Taylor၊ John။ "Suspected serial killer in China arrested"၊ ABC၊ 2003-11-17။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2008-06-16။ 
  13. Forney၊ Matthew။ "Making a Killing in China"၊ TIME၊ 2003-11-17။ 2008-09-15 တွင် ပြန်စစ်ပြီး။ Archived from the original on 2008-05-01။ 
  14. ၁၄.၀ ၁၄.၁ ၁၄.၂ ၁၄.၃ ၁၄.၄ "China executes mass murderer"၊ BBC News၊ 2004-02-14။ 2008-09-13 တွင် ပြန်စစ်ပြီး။ Archived from the original on 2004-06-07။ 
  15. "Ex-convict sentenced to death for murder of 67"၊ Sydney Morning Herald၊ 2004-02-02။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  16. "Serial killer executed"၊ Taipei Times၊ 2004-02-15။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။ 
  17. "Killer of 67 executed"၊ Sunday Mirror၊ 2004-02-15။ 2008-09-20 တွင် ပြန်စစ်ပြီး။ Archived from the original on 2009-02-12။