ယမ်းဝန်သည် မြန်မာ့တပ်မတော်တွင် သုံးစွဲရန် ယမ်းမှုန့်များ၊ လက်နက်ခဲယမ်းမီးကျောက်များ ထုတ်လုပ်ရာ၌ ကြီးကြပ်ရသူ ဖြစ်သည်။ ယမ်းဝန်ရာထူးကို မြန်မာ့သမိုင်းတွင် တစ်ကြိမ်သာ တွေ့ရဖူးသည်။ ကုန်းဘောင်ခေတ်ဦးကာလက ယမ်းဝန်ရာထူး ခန့်အပ်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် လက်နက်တိုက်ဝန်ကသာ ယမ်းဝန်၏ တာဝန်ဝတ္တရားများကို လုပ်ဆောင်ခဲ့ရဟန် တူသည်။

ယမ်းဝန်ဘယစက္ကသူ ပြင်ဆင်ရန်

မြေဒူးမင်ဒ ( ဆင်ဖြူရှင် ) လက်ထက်တွင် ယမ်းဝန်အဖြစ် ခန့်အပ်ခံခဲ့ရသူမှာ ဘယစက္ကသူ ဖြစ်သည်။ ယမ်းဝန်ဘယစက္ကသူသည် ၁၅ စတင်ဘာ ၁၇၆၄ ခုနှစ်တွင်ဖွဲ့စည်းခဲ့သည့် လက်ဝဲရံတိုင် ဦးဆောင်သော ၅၀ တော်သွေးသောက်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်သည်။

ရတနာပုံခေတ် ယမ်းအမှုထမ်းများ ပြင်ဆင်ရန်

ကုန်းဘောင်ခေတ်နှောင်းကာလတွင် ယမ်းအမှုထမ်းများကို လက်နက်တိုက်ဝန်က ကြီးကြပ်ကွပ်ကဲရသည်။ ရတနာပုံခေတ်တွင် ယမ်းအမှုထမ်း ၄၀ ဦးရှိရာ လစဉ် ရိက္ခါစပါး ၅၆၀ တင်းရရှိကြ၏။ နှစ်စဉ် ဆောင်းဥတုသို့ ရောက်ရှိလာသောအခါ သေနက်စွဲ အမှုထမ်းများ၊ အမြောက်အမှုထမ်းများသည် မန္တလေးတောင်ခြေ အရှေ့ဘက်ရှိ စစ်ပြစ်ကွင်းကတုတ်သို့ သွားရောက်ကာ စစ်ရေးလေ့ကျင့် ကြရသည်။ လိုအပ်သော ယမ်းများကို ဗုံးတပ်ဟုခေါ်သည့် အရပ်၌ ဝင်းကြီးကာရံကာ ယမ်းအမှုထမ်းတို့က ထုတ်လုပ်ကြရသည်။ ဝင်းကြီးအတွင်း အလယ်ရှိရုံတော်ကြီးမှာ ယမ်းထောင်း၊ ယမ်းဖော် လုပ်ဆောင်ရာ နေရာဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉