ယာဂုသုတ် သည် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ယာဂု၏ အကျိုးအာနိသင် ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၁]

ယာဂုသုတ် ပြင်ဆင်ရန်

ရဟန်းတို့ ယာဂု၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း။ အဘယ်ငါးမျိုးတို့နည်းဟူမူ -

  • ဆာလောင်ခြင်းကို ပယ်ဖျောက်တတ်၏။
  • မွတ်သိပ်ခြင်းကို ပယ်ဖျောက်တတ်၏။
  • လေကို စုန်စေတတ်၏။
  • ဆီးအိမ်ကို သုတ်သင်တတ်၏။
  • အစာသစ် အကြွင်းအကျန်ကို ကြေညက်စေတတ်၏။

ရဟန်းတို့ ယာဂု၏ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ဆဋ္ဌသံဂါယနာတင် ပိဋကတ်တော်၊ အင်္ဂုတ္တရနိကာယ်ဝင် သုတ္တန်ပိဋကတ်၊ အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် (ဒုတိယတွဲ) ၊ ပဉ္စက - ဆက္က - သတ္တကနိပါတ်၊ ၅ - ပဉ္စမ ပဏ္ဏာသက၊ ၅-ပဉ္စမသုတ် ငါးဆယ်၊ (၂၁) ကိမိလဝဂ်၊ ၇-ယာဂုသုတ်။ ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနပုံနှိပ်တိုက်။ သာသနာ - ၂၅၄၁၊ ကောဇာ - ၁၃၅၉၊ ၁၉၉၈ ခုနှစ်။ pp. ၂၇၅။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)