ဝါသိတကသိက္ခာပုဒ်
အမှု—နံ့သာထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ပွတ်တိုက်၍ ရေချိုးမှု။
အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁]
ထိုသို့ရေချိုးမှုကြောင့် “ကာမစည်းစိမ်ကို ခံစားသော လူဝတ်ကြောင် မိန်းမများလိုပါပဲကလား”ဟု လူတို့က စွပ်စွဲခဲ့ကြသဖြင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
သိက္ခာပုဒ်
ပြင်ဆင်ရန်ယာ ပန ဘိက္ခုနီ ဝါသိတကေန ပိညာကေန နဟာယေယျ, ပါစိတ္တိယံ။
မြန်မာပြန်
ပြင်ဆင်ရန်နံ့သာဖြင့် ထုံအပ်သော နှမ်းမှုန့်ညက်ဖြင့် ရေချိုးသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
မှတ်ချက်
ပြင်ဆင်ရန်ပဉ္စမသိက္ခာပုဒ်သည် နံ့သာအလှရည်တို့ကို ရေ၌ ရောစပ်၍ ချိုးခြင်းမှ တားမြစ်သော သိက္ခာပုဒ်တည်း၊ ဤသိက္ခာပုဒ်ကား နံ့သာထုံအပ်သော နှမ်းမှုန့်တို့ဖြင့် ကိုယ်ကို ပွတ်တိုက်၍ ရေချိုးခြင်းမှ တားမြစ်သည်၊ သိက္ခာပုဒ် ၂-ပါးလုံးပင် မာလာဂန္ဓ ဝိလေပန ဓာရဏသိက္ခာပုဒ်နှင့် တထပ်တည်း ကျရကား ဘိက္ခု, ဘိက္ခုနီတို့သာမက-သာမဏေများလည်း နံသာရောသော ရေဖြင့်လည်းကောင်း, နံ့သာထုံထားသော နှမ်းမှုန့်ညက် ဆပ်ပြာဖြင့်လည်းကောင်း, ရေမချိုးကောင်း၊ နှမ်းမှုန့်ညက်သည် သွေးကိုကြည်လင်စေတတ်၏။ ထိုကြောင့် ရှေးကနှမ်းမှုန့်များဖြင့် ကိုယ်ကို ပွတ်တိုက်လေ့ရှိကြသည်။ နံ့သာ မထုံအပ်သော နှမ်းမှုန့်ညက်ဖြင့်ပွတ်တိုက်ခြင်းကား အနာပတ္တိ။]
ဆက်ဦးအံ့-ယခုခေတ် များစွာသော ဆပ်ပြာတို့သည် ဝါသိတက ဆပ်ပြာများဖြစ်ကြ၏၊ ထိုဆပ်ပြာတို့ကား (မှန်မှန်ပြောရလျှင်) မသုံးအပ်ကြချေ၊ အများထက်ထူးခြား၍ ကိုယ်နံ့ဆိုးဝါးသူများ ရှိတတ်၏။ ထိုသူများအတွက်ကား ဤဆပ်ပြာမွှေးများ အပ်ပါ၏၊ ကိုယ်နံ့ မဆိုးဝါးဘဲလျက် ဆပ်ပြာမွှေးများကို သုံးစွဲလို၍ ကိုယ်နံ့ဆိုးဝါးသူဖြစ်အောင်လည်း မိမိကိုယ်ကို မကြံဆောင်သင့်၊ ထို့ကြောင့် ရောဂါထူး မရှိသူတို့မှာ မျက်နှာသစ် ရေချိုးစသည်တို့၌ အမွှေးနံ့ မထင်ရှားသော ရိုးရိုးဆပ်ပြာများကိုသာ သုံးစွဲသင့်ကြပေသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး။