ယာမာဘုံ
ဆင်းရဲဒုက္ခမှ ကင်းကြသော နတ်ချမ်းသာများ နေရာဘုံဖြစ်သည်။ တာဝတိံသာ၌ သိကြားမင်းရှိသကဲ့သို့ ယာမာဘုံတွင်လည်း သုယာမနတ်မင်း အုပ်ချုပ်သည်။ ယင်းနတ်မင်းသည် သိကြားမင်းရာထူးကိုလည်းရသည်။
ယာမာနတ်သက်သည် သူတို့၏အရေအတွက်အားဖြင့် နှစ်ပေါင်း(၂၀၀၀)ရှိသည်။
လူတို့၏အရေအတွက်အားဖြင့် (၁၄)ကုဋေ(၄)သန်းရှိသည်။
လူတို့၏ နှစ်(၂၀၀)သည် ယာမာနတ်ပြည်၌ (၁)ရက် ဖြစ်သည်။