ယာဝိုယဲဇာသစ်တော
ယာဝိုယဲဇာတောအုပ် သည် ကမ္ဘာဦးအစက ဥရောပလွင်ပြင် တစ်လွှား ဖြန့်ကျက်တည်ရှိနေခဲ့သော ထူထပ်သော သစ်တောအုပ်ကြီး၏ နောက်ဆုံးနှင့် အကျယ်ပြန့်ဆုံး ကျန်နေခဲ့သော အစိတ်အပိုင်း ဖြစ်သည်။ ထိုသစ်တောတွင် ဥရောပ၏ အကြီးမားဆုံး ကုန်းနေ သတ္တဝါများဖြစ်သော ဥရောပ ဘိုင်ဆွန်ကျွဲ အကောင် ၈၀၀ ကျော် နေထိုင်ကြသည်။[၁] ယူနက်စကို၏ လူနှင့် ဇီဝရပ်ဝန်း အစီအစဉ်မှ ပိုလန် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ ယာဝိုယဲဇာအား ၁၉၇၆ တွင် သတ်မှတ်ခဲ့ပြီး[၂] ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေ အား ၁၉၉၃ တွင် သတ်မှတ်ခဲ့သည်။ [၃]၂၀၁၅ ခုနှစ်တွင် ဘီလာရုဇ် ဇီဝရပ်ဝန်း ထိန်းသိမ်းရေး နယ်မြေသည် ၂၁၆,၂၀၀ ဟက်တာ (၂,၁၆၂ စတုရန်းကီလိုမီတာ၊ ၈၃၉ စတုရန်းမိုင်) မျှ ရှိခဲ့ပြီး ၎င်းတို့အား ဖြတ်သန်းဇုံ၊ ကြားခံဇုံ နှင့် အဓိက ဇုံ ဟူ၍ ပိုင်းခြား ထားခဲ့သည်။ ထိုသစ်တောအား ယူနက်စကိုမှ ကမ္ဘာ့အမွေခံနေရာ အဖြစ် သတ်မှတ်ထားပြီး[၄] ဥရောပသမဂ္ဂ မှ နေချရာ ၂၀၀၀ အထူးထိန်းသိမ်းရေး ဒေသ အဖြစ် သတ်မှတ်ထားသည်။
ယာဝိုယဲဇာသစ်တော* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ပိုလန် ဘီလာရုဇ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ix, x |
ကိုးကား | ၃၃ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ကိုးကား
ပြင်ဆင်ရန်- ↑ Baczynska၊ Gabriela။ "Climate change clouds fate of ancient Polish woods"၊ 28 September 2008။ 28 September 2008 တွင် ပြန်စစ်ပြီး။
- ↑ Biosphere Reserve Information – BIALOWIEZA။ 2015-05-23 တွင် ပြန်စစ်ပြီး။
- ↑ Biosphere Reserve Information – BELOVEZHSKAYA PUSCHCHA။ 21 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2015-05-23 တွင် ပြန်စစ်ပြီး။
- ↑ 21 World Heritage Sites you have probably never heard of။ The Daily Telegraph။