ယိုအာကန် သည် ချဒ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသည့် ကန်တစ်ခု ဖြစ်သည်။ အကျော်ကြားဆုံး ကန်တစ်ခု ဖြစ်သည်။ ၎င်းကန်သည် Ounianga ကန်များတွင် ဒုတိယမြောက်အကြီးဆုံးကန် ဖြစ်သည်။ ၎င်းသည် Ounianga Sarir ၏ အနောက်ဘက် ၄၀ ကီလိုမီတာခန့်အကွာရှိ Ounianga Kebir တွင် တည်ရှိသည်။ ဤကန်သည် လက်ရှိအချိန်မှ ကြည့်ပါက ၁၅၀၀၀ - ၅၅၀၀ နှစ်များအတွင်းက ပိုမိုကြီးမားသည့် ကန်တစ်ခု၏ အကြွင်းအကျန်ဖြစ်သည်။ ထိုရေဝပ်ဒေသတွင် လက်ရှိအချိန်တွင် ကန်ပေါင်း ၁၅ ခု ရှိသည်။ ထိုရေဝပ်ဒေသ၏ စုစုပေါင်း ဧရိယာသည် ခန့်မှန်းခြေ ၂၀ စတုရန်းကီလိုမီတာ (၁၂ စတုရန်းမိုင်) ရှိသည်။[၁]

ယိုအာကန်
ယိုအာကန် သည် Chad တွင် တည်ရှိသည်
ယိုအာကန်
ယိုအာကန်
တည်နေရာOunianga Kebir, Sahara
ကိုဩဒိနိတ်19°03′N 20°31′E / 19.050°N 20.517°E / 19.050; 20.517ကိုဩဒိနိတ်: 19°03′N 20°31′E / 19.050°N 20.517°E / 19.050; 20.517
ပင်မ ရေဝင်စီးကြောင်းunderground aquifer
ပင်မ ရေထွက်စီးကြောင်းevaporation, subsurface drainage
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများChad
အကျယ်ဆုံး အလျား၃.၅ km (၂.၂ mi)
အကျယ်ဆုံး အနံ၂.၅ km (၁.၆ mi)
မျက်နှာပြင် ဧရိယာ၄ km2 (၁.၅ sq mi)
အနက်ဆုံး အနက်အရှိုင်း၂၆ m (၈၅ ft)
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၇၈ m (၁,၂၄၀ ft)

ကိုးကား ပြင်ဆင်ရန်