ယုဂ်
ယုဂ [၁] ဟူသော စကားလုံးကို တိပိဋကအဘိဓာန်၌ အောက်ပါအတိုင်း ရှင်းပြထားသည်။
ထောမ၊ မေဒိနီ—တို့၌
ပြင်ဆင်ရန်(ပု) ထမ်းပိုး။
- (န) (၁) ကတ-စသောယုဂ် ၄-မျိုး။
- (၂) အစုံ၊
- (၃) လေးတောင်အတိုင်း အရှည်ပမာဏ။
- (၄) ဝုဒ္ဓိမည်သောဆေး-ဟု လာ၏။
* ကောတ္ထုဘ၌
ပြင်ဆင်ရန်(န) (၁) အစုံ။
- (၂) ကတ-စသော ယုဂ် ၄-မျိုး။
- (၃) ဟိန္ဒီဘာသာ ပါဆာခေါ်သော ကြွေအံကစားနည်း မျိုး ကစားရာ၌ တအိမ်တည်း ထိုင်သောဇယ် (သို့မဟုတ်) အံစာနှစ်ခု။
- (၄) ကြာသပတေး ဂြိုဟ်တစ်ရာသီတွင် ၅-နှစ်နေသောကာလ။
- (၅) သာမန်ကာလ။
- (၆) ဆွေမျိုးအစဉ် အဆက်။
- (၇) လေးခု သင်္ချာ-ဟုလာ၏။
-ဗြီဟတ်၌ကား(တိ) နှစ်ခု သင်္ချာဟု အထူးလာ၏။
အာဒါသ၌လည်း (န) ဣဒ္ဓိ, သိဒ္ဓိ-ခေါ်သော ဆေးနှစ်မျိုး-ဟု အထူးလာသေး၏။)
ကတ-စသောယုဂ် ၄-မျိုးကား
ပြင်ဆင်ရန်- (၁) ကတယုဂ်(သို့မဟုတ်)သစ္စယုဂ်။
- (၂) တြေတာယုတ် =တေတာယုဂ်
- (၃) ဒွါပရယုဂ်။
- (၄) ကလိယုဂ်-ဟု ၄-မျိုးရှိသည်။
ကတယုဂ်(သို့မဟုတ်)သစ္စယုဂ်
ပြင်ဆင်ရန်၎င်း ယုဂ်လေးပါးအပေါင်းကို စတုယုဂ် (သို့မဟုတ်) မဟာ ယုဂ်ဟုခေါ်သည်။ ၎င်းမဟာယုဂ်(၁၀၀၀)တစ်ထောင်ကို တစ်ကပ်-ဟုခေါ်သည်။ စတုယုဂ် တစ်ခုမှာ နှစ်ပေါင်း(၄၃၂၀၀၀၀) လေးသန်း သုံးသိန်းနှစ်သောင်းရှိသည်။ ကတ-စသော ယုဂ်တို့၏နှစ်အရေအတွက် အသီးသီးကို သိလိုမူ စတုယုဂ် နှစ်ပေါင်း (၄၃၂၀၀၀၀)ကို (၁၀) ခု ဖြင့်စား၊ လာဘ်(၄၃၂၀၀၀) လေးသိန်း သုံးသောင်း နှစ်ထောင် ရသည်။ ၎င်းရလာဘ် (၄၃၂၀၀၀)ကို လေးခုဖြင့် မြှောက်ရ(၁,၇၂၈,ဝဝဝ)တစ်သန်း ခုနစ်သိန်း နှစ်သောင်း ရှစ်ထောင်နှစ် အပိုင်းအခြားသည် (လူတို့ကျင့်ဝတ်ကောင်းမှုများကို အပြည့်အစုံ ကျင့်သုံးရာ ကာလဖြစ်သောကြောင့် ကတယုဂ်၊ တစ်နည်း (သစ္စာတရားကို အပြည့်အဝ စောင့်ထိန်းရာ ကာလဖြစ်သောကြောင့် သစ္စယုဂ်မည်၏။
တြေတာယုဂ်
ပြင်ဆင်ရန်အထက်ပါရလာဘ် (၄၃၂၀၀၀)ကို (၃) ခုဖြင့် မြှောက်ရ(၁,၂၉၆,၀၀၀)တစ်သန်း နှစ်သိန်းကိုးသောင်း ခြောက်ထောင်နှစ် အပိုင်းအခြားသည် (လူဘို့ကျင့်ဝတ် ကုသိုလ်ကောင်းမှုနှင့် သစ္စာတရားကို မျှပြုလုပ်ကျင့်သုံးစောင့်ထိန်းရာ ကာလဖြစ်သောကြောင့်) တြေတာယုဂ် မည်၏။
ဒွါပရယုဂ်
ပြင်ဆင်ရန်အထက်ပါ ရလာဘ် (၄၃၂၀၀၀)ကို (၂) ခုဖြင့် မြှောက်ရ (၈၆၄ ဝဝဝ) ရှစ်သိန်း ခြောက်သောင်း လေးထောင် နှစ် အပိုင်း အခြားသည်(လူတို့ကျင့်ဝတ်ကုသိုလ်ကောင်းမှု နှင့် သစ္စာတရားကို ၁/၄မျှသာ ပြုလုပ်ကျင့်သုံး စောင့်ထိန်းရာ ကာလဖြစ်သောကြောင့်) ဒွါပရယုဂ်မည်၏။
ကလိယုဂ်
ပြင်ဆင်ရန်အထက်ပါလာဘ် (၄၃၂,၀၀၀)ကို (၁) ခုဖြင့်မြှောက်ရ(၄၃၂,၀၀၀)လေးသိန်း သုံးသောင်း နှစ်ထောင်နှစ် အပိုင်းအခြားသည် (လူတို့ကျင့်ဝတ် ကုသိုလ်ကောင်းမှုနှင့် သစ္စာ တရားကို ၁/၄မျှသာ ပြုလုပ်ကျင့်သုံးစောင့်ထိန်း ရာကာလဖြစ်၍ အပြစ်ဒေါသ များသော ကာလဖြစ်သောကြောင့် ကလိယုဂ်မည်၏။
ဗြဟ္မာ တစ်ရက်
ပြင်ဆင်ရန်၎င်းယုဂ်လေးပါး အသက်နှစ်ပေါင်း (၄,၃၂ဝ,ဝဝဝ)လေးသန်း သုံးသိန်း နှစ်သောင်းသည် စတုယုဂ်(သို့မဟုတ်) မဟာယုဂ်မည်၏။ မဟာယုဂ်ပေါင်း (၁၀၀၀) တစ်ထောင် နှစ်အရေအတွက်အားဖြင့် (၄,၃၂၀,၀၀၀,၀၀၀) လေးရာ သုံးဆယ့်နှစ်ကုဋေသည် ကပ်တစ်ခု မည်၏။ ကပ်(၂) ခုသည် ဗြဟ္မာ၏ တစ်နေ့နှင့်တစ်ည (တစ်ရက်)မည်၏။ (ဂေါတမပူရာဏ်ကျမ်း။) [၂]