ယူဂျယ်ဆော့

တောင်ကိုရီးယားနိုင်သား ရုပ်သံဖျော်ဖြေရေး တင်ဆက်သူ၊ နိုင်ငံ့ MC

ယူဂျယ်ဆော့ (ကိုရီးယား유재석; ဩဂုတ် ၁၄၊ ၁၉၇၂ မွေး)သည် တောင်ကိုရီးယား ရုပ်သံပုဂ္ဂိုလ်ကျော်တစ်ဦး ဖြစ်သည်။ တောင်ကိုရီးယား ရုပ်သံအစီအစဉ် အများစုတွင် အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့၊ ဆောင်ရွက်လျက်ရှိပြီး မဟာဆု(Daesang) ၁၉ ဆု အထိ စံချိန်တင် ရရှိထားသည့် တစ်ဦးတည်းသော ရုပ်သံဖျော်ဖြေသူလည်းဖြစ်သည်။

ယူဂျယ်ဆော့
မွေးဖွား (1972-08-14) ဩဂုတ် ၁၄၊ ၁၉၇၂ (အသက် ၅၁)
Seoul, South Korea
မိခင်ကျောင်းဆိုးလ်အနုပညာသိပ္ပံ
အလုပ်အကိုင်ဟာသလူရွှင်တော်၊ အစီအစဉ်မှူး
တက်ကြွလှုပ်ရှားနှစ်များ၁၉၉၁-လက်ရှိ
ကိုယ်စားလှယ်FNC Entertainment
အိမ်ထောင်ဖက်(များ)နာဂယောင်းအွန်း
သားသမီးယူဂျီဟို (သား)၊ ယူနာအွန်း (သမီး)
ဝက်ဘ်ဆိုဒ်fncent.com/YuJaeSeok/b/introduce/10867
ယူဂျယ်ဆော့
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်유재석
ဟန်ဂျာ劉在錫
RRအက္ခရာဖလှယ်ခြင်း:Yoo Jae-seok
MRအက္ခရာဖလှယ်ခြင်း:Yu Chae-sŏk  

တင်္ခနုပ္ပတ္တိဉာဏ်ရွှင်သူတစ်ဦးဖြစ်ပြီး၊ လေ့လာမှုများအရ ယူဂျယ်ဆော့သည် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း ဟာသလူရွှင်တော်နှင့် ရုပ်သံပုဂ္ဂိုလ်ကျော်ဖြစ်သည်ဟု ဖော်ပြကြသည်။ ထို့အပြင်‌ တောင်ကိုရီးယားနိုင်ငံ၏ =နိုင်ငံ့ MC= အဖြစ်သတ်မှတ်ခြင်းခံထားရသူလည်းဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံ၏ နာမည်အကျော်ကြားဆုံးနှင့် လူကြိုက်အများဆုံး အနုပညာရှင်တစ်ယောက်ဟုဆိုက မှားအံ့မထင်ပေ။[၁][၂]

အစောပိုင်းကာလနှင့် ပညာရေး ပြင်ဆင်ရန်

ယူဂျယ်ဆော့ကို ၁၉၇၂၊ ဩဂုတ်လ ၁၄ရက်နေ့တွင် ဆိုးလ်မြို့၌ မွေးဖွားသည်။ မွေးချင်းသုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ ၁၉၈၅တွင် ဆိုးလ်မြို့ ယိုအူဟျွန်း မူလတန်းကျောင်းမှ မူလတန်းအောင်သည်။ ၁၉၈၈တွင် ဆိုးလ်မြို့ ဆူယူအလယ်တန်းကျောင်းမှ အလယ်တန်းအောင်သည်။ ၁၉၉၁တွင် ဆိုးလ်မြို့ ယုံးမွန်းအထက်တန်းကျောင်းမှ အထက်တန်းအောင်သည်။ ထိုနှစ်၌ပင် ယူဂျယ်ဆော့သည် ဆိုးလ်အနုပညာသိပ္ပံ၊ သရုပ်ဆောင်ပညာဌာနသို့ ဝင်ရောက်ခဲ့သည်။[၃]

အနုပညာခရီး ပြင်ဆင်ရန်

ကနဦးအစ ပြင်ဆင်ရန်

၁၉၉၁ခုနှစ်က ကောလိပ်ကျောင်းသားများအတွက် ရည်ရွယ်တင်ဆက်သည့် KBS Comedian Festivalတွင် ချွဲဆွန်းဂယောင်းနှင့်အတူ ကြော်ငြာပြက်လုံးထုတ်ရင်း ရုပ်သံလောကသို့ ဝင်ရောက်လာသည်။ New Kids on the Block သီဆိုသည့် တစ်ဆင့်ပြီးတစ်ဆင့်သီချင်းကို ပြန်လည်ကပြမှုသည်လည်း အစောပိုင်းကာလ အမှတ်တရတစ်ခုပင် ဖြစ်သည်။[၄] အညတရ ဟာသလူရွှင်တော်အဖြစ် ကိုးနှစ်မျှ လူမသိသူမသိ ကျင်လည်ရင်း၊ ၂၀၀၂ခုနှစ်တွင် မင်းသမီး ချွဲဂျင်းရှီးလ်၏ အကူအညီနှင့် Live and Enjoy Togetherအစီအစဉ်တွင် အစီအစဉ်မှူးအဖြစ် တင်ဆက်ရသည်။[၅] ထို့နောက် ဂန်ဟိုဒုံး၊ လီဟွီဂျယ်၊ ဂင်ဟန်ဆော့တို့နှင့်အတူ The Crash of MCs အစီအစဉ်တွင် တင်ဆက်ရာကစ၍ နာမည်ရလာသည်။

ယူဂျယ်ဆော့သည် သူ၏ ပထမဆုံး အထူးဆုကြီးကို Happy Together talk skowမှ ရသည်။[၆]

နိုင်ငံ့အမ်စီအဖြစ် အသိအမှတ်ပြုခံရခြင်း ပြင်ဆင်ရန်

X Man ပြင်ဆင်ရန်

တောင်ကိုရီးယားတွင် ကြည့်ရှုမှုအများဆုံးနှင့် နာမည်အကျော်ဆုံး ဖြစ်ခဲ့သည့် X Man အစီအစဉ်တွင် တင်ဆက်ခဲ့ရသည်။ ထိုစဉ်ကာလအတွင်း ယူဂျယ်ဆော့သည် တစ်ဟုန်ထိုး အောင်မြင်ခဲ့ပြီး၊ အခြားအစီအစဉ်များတွင် နိုင်ငံ့အမ်စီဟု သမုတ်ခံရသည်။ ထို့နောက် အက်စ်ဘီအက်စ်၏ New X-ManOld TVHaja! Go! စသဖြင့် အစီအစဉ်မျိုးစုံတွင် တင်ဆက်ခဲ့သည်။ ထိုအစီအစဉ်များမှာ ထင်သလောက်မပေါက်ဘဲ ဖျက်သိမ်းခဲ့ရသော်လည်း၊ X Man မှာမူ နိုင်ငံတကာ အသိုင်းအဝိုင်းထိ ထိုးဖောက်နိုင်ခဲ့သည့်အတွက် ယူဂျယ်ဆော့သည် ဟာလျူ ပရိသတ်များအကြား ရေပန်းစားခဲ့သည်။[၇]

Infinity Challenge ပြင်ဆင်ရန်

ယူဂျယ်ဆော့သည် အားပေးနှုန်းကောင်းသည့် Infinity Challenge အစီအစဉ်တွင်လည်း ပါဝင်တင်ဆက်ခဲ့သည်။ ၂၀၀၅ခုနှစ်ကစ၍ အဓိက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သလို၊ ထိုအစီအစဉ်၏ founder တစ်ဦးဖြစ်သည်။ အစကနဦးပိုင်းတွင် rating နည်းသော်လည်း၊ နောက်ပိုင်းတွင် ကိုရီးယားနိုင်ငံတွင်း နာမည်အကြီးဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး အစီအစဉ်တစ်ခု ဖြစ်ခဲ့သည်။ ထိုအစီအစဉ်သည် နေရှင်နယ်ရသစုံရှိုးဟု ခေါ်ဝေါ်ခြင်းခံရပြီး၊[၈] ပုံစံတူအစီအစဉ်များ၏ ရှေ့ပြေးဖြစ်ခဲ့သည်။[၉] ဒီဇင်ဘာ ၂၊ ၂၀၀၆ကစ၍ စနေနေ့ ညနေခင်းတိုင်းအတွက် ကြည်ရှုမှုအများဆုံးအချိန် (prime time)၏ ကြည့်ရှုမှုအများဆုံး အစီအစဉ်ဖြစ်ခဲ့သည်။[၁၀]

အောက်တိုဘာ ၂၀၊၂၀၁၂တွင် ထုတ်လွှင့်သော "Pause" special (S04E300)၌ Infinity Challenge၏ တွဲဖက်အစီအစဉ်မှူး ဂျောင်ဒုံဟွန်းနှင့်အတူ နှစ်ယောက်သား စကားပြောကြရင်း၊ ယူဂျယ်ဆော့က "သူ၏ ရုပ်သံ၊ ရသစုံဘဝသည် Infinity Challenge၏ ကံကြမ္မာနှင့် ဆက်နွှယ်နေမှာဖြစ်ကြောင်း၊ ယခုကဲ့သို့ အစီအစဉ်မျိုး မည်သည့်အခါမှ ပြန်လုပ်နိုင်မည်မထင်ကြောင်း၊ မည်သို့ပင် ကြိုးစားပါစေ ယခုအစီအစဉ်မျိုး နောက်တစ်ခု ပြန်လုပ်ရန်မှာ မဖြစ်နိုင်ကြောင်း" ဖွင့်ဟဖူးသည်။[၁၁]

Talk show များ ပြင်ဆင်ရန်

ယူဂျယ်ဆော့သည် Come to Play အစီအစဉ်တွင် ဂင်ဝန်းဟီးနှင့်အတူ တွဲဖက်၍လည်းကောင်း၊[၁၂] Happy Together season 3တွင် လည်းကောင်း ပါဝင်ခဲ့သည်။ အထူးအားဖြင့် Happy Togetherအစီအစဉ်သည် အရှည်ကြာဆုံးနှင့် ကြည့်ရှုနှုန်းကောင်းကောင်း တည်ငြိမ်စွာရရှိထားသည့် talk show တစ်ခုဖြစ်သည်။[၁၃]

မင်္ဂလာရှိသောတနင်္ဂနွေနေ့ ရသစုံအစီအစဉ်များ (Family Outingနှင့် Running Man) ပြင်ဆင်ရန်

ယူဂျယ်ဆော့သည် အက်စ်ဘီအက်စ်၏ တနင်္ဂနွေ ရသစုံအစီအစဉ်ဖြစ်သည့် Family Outingတွင် အဓိက အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ လီဟျိုရီ၊ ယွန်းဂျုံရှင်း၊ ဂင်ဆူရို၊ လီချွန်းဟီး၊ ဂန်ဒယ်ဆောင်း၊ ဘတ်ယယ်ဂျင်း၊ ဂင်ဂျုံးဂု (အပိုင်း၁၉ကစ၍)တို့နှင့်အတူ မိသားတစ်စုကဲ့သို့ ဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြစ်သည်။ Family Outingသည် တောင်ကိုရီးယား၏ အားပေးမှုနှုန်းမြင့်ပြီး၊ နေ့လယ်ပိုင်းပြသသည့် အစီအစဉ်ဇယား၏ ထိပ်ဆုံးတွင် တသမတ်တည်းရှိကာ ဟာလျူဖန်များအကြား ရေပန်းစားခဲ့သည်။[၁၄]

၁၁ ဇူလိုင် ၂၀၁၀ကစ၍ ယူဂျယ်ဆော့သည် Infinity Challengeက ဟားဟားFamily Outingက ဂင်ဂျုံးဂု၊ အခြားအနုပညာရှင်များဖြစ်သည့် ဂျီဆော့ဂျင်ဂယ်ရီ (အပိုင်း ၃၂၄ကတည်းက ၎င်း၏ဂီတပိုင်းတွင် အာရုံစိုက်ရန် နုတ်ထွက်သွား)၊ ဆုန်းဂျီဟိုလီဂွမ်ဆူ၊ ဆုန်းဂျွန်းဂီ (၎င်း၏ သရုပ်ဆောင်ပိုင်းတွင် အာရုံစိုက်ရန် အပိုင်း ၄၁ကတည်းက နုတ်ထွက်သွား)၊ လစ်ဇီ (အကြောင်းအရင်းတစ်စုံတစ်ရာ မသိရဘဲ နုတ်ထွက်သွား)၊ (အပိုင်း ၃၄၆ကစ၍ ပါဝင်လာသည့်) ယန်ဆယ်ချန်း၊ ဂျောင်ဆိုမင်းတို့နှင့်အတူ Running Man အစီအစဉ်တွင် တင်ဆက်ခဲ့သည်။ အစပိုင်းတွင် ကြည့်ရှုနှုန်းနည်းသော်လည်း၊ နောက်ပိုင်းတွင် အောင်မြင်လာကာ ယနေ့ထက်တိုင် နိုင်ငံတကာ ပရိသတ် ထုနှင့်ထည်နှင့် အင်အားတောင့်လှသည်။[၁၅]

Infinity Challenge အလွန် ပြင်ဆင်ရန်

၂၀၁၈ မတ်လ၌ ယူဂျယ်ဆော့၏ အကြီးဆုံး Infinity Challenge အစီအစဉ်ကြီး ပြီးဆုံးသွားသည့်အခါ သတင်းသမားများက ယူဂျယ်ဆော့၏ အအောင်မြင်ဆုံးကာလ ပြီးဆုံးသွားပြီး ဘေးကျပ်နံကျပ်ဖြစ်နေကြောင်း ရေးသားကြသည်။ ယူဂျယ်ဆော့သည် နာမည်ကြီးဇယား၏ ထိပ်ဆုံးတွင် ဆက်လက်ရပ်တည်နေသော်လည်း၊ Laborhood on Hire နှင့် You Quiz on the Blockကဲ့သို့ နှောင်းပိုင်းအစီအစဉ်များသည် Infinity Challenge နေရာကို ဝင်နိုင်လောက်အောင် မအောင်မြင်ချေ။[၁၆]

ဒုတိယအကြိမ် ထိပ်တန်းရောက်ချိန် (Hangout with Yoo) ပြင်ဆင်ရန်

Hangout with Yoo[၁၇][၁၈] အစီအစဉ်သည် Infinity Challengeက ဒါရိုက်တာ ဂင်ထယ်ဟိုနှင့် ယူဂျယ်ဆော့ နှစ်ယောက်ပေါင်း၍ ရိုက်ကူးသည့် အစီအစဉ်ဖြစ်သည်။ သို့သော်ငြားလည်း အစပိုင်းတွင် ထင်သလောက်မပေါက်ဘဲ၊ Infinity Challenge ပရိသတ်များကို စိတ်ပျက်သွားစေပြီး ကြည်ရှုနှုန်းများ ထိုးကျသွားစေခဲ့သည်။

အစပိုင်း ပရောဂျက် အနည်းငယ်မှာ မအောင်မြင်သည့်အတွက် ပရောဂျက်အသစ်ဆွဲရသည်။ ထိုပရောဂျက်အသစ်အရ ယူဂျယ်ဆော့သည် တီးဝိုင်းတစ်ခုတွင် အခြေခံသံစဉ် တီးခတ်ပုံများကို သင်ယူရ၏။ ထိုသို့သင်ယူနေပုံကို ရိုက်ကူးထား၏။ ကြိုတင်ရိုက်ကူးထားသည့် ဗီဒီယိုအား ဂီတပညာရှင် တစ်ယောက်ပြီးတစ်ယောက်က ပေါင်းစပ်ဖြည့်စွက်သွားပြီး၊ အဆုံး၌ ပြီးပြည့်စုံသည့် သီချင်းတစ်ပုဒ် ရသွား၏။ ထိုပရောဂျက်အသစ် စတင်သည်နှင့်အတူ မှတ်ချက်ကောင်းများနှင့် ကြည့်ရှုနှုန်းများ တစ်စထက်တစ်စ တိုးလာ၏။[၁၉]

တဖြည်းဖြည်း နာမည်ရလာသည်နှင့်အမျှ ထိုအစီအစဉ်ကို ယူဂျယ်ဆော့ တစ်ခေတ်ဆန်း ကောင်းစားလာချိန်ဟု မီဒီယာများက ကင်ပွန်းတပ်ကြသည်။[၂၀][၂၁] ယူဂျယ်ဆော့က trot အဆိုတော်လက်သစ် ယူဆန်းဆူးလ်အဖြစ် ပွဲဦးထွက်နိုင်ခဲ့ပြီး၊ ၎င်း၏ တေးသံသွင်း သီချင်းသုံးပုဒ်ပါဝင်သည့် Bbong for Yoo အယ်လ်ဘမ်ကို ဖြန့်ချိနိုင်ခဲ့သည်။[၂၂][၂၃]

အခြားထင်ရှား အစီအစဉ်များ (Sugar ManBusted!) ပြင်ဆင်ရန်

၂၀၁၅မှ ၂၀၁၆ထိ ယူဂျယ်ဆော့သည် ယူဟီးယောလ်းနှင့်အတူ ယူနှစ်ယောက် ပရောဂျက် Sugar Manကို တင်ဆက်ခဲ့သည်။ ပြည်သူ့ရှေ့က အချိန်အတော်ကြာ ပျောက်ကွယ်နေသည့် အဆိုတော်များ၏ နာမည်ကြီး သီချင်းများကို လက်ရှိအနုပညာရှင်များက ပြန်လည်သီဆိုကြသည့် ပုံစံမျိုးဖြစ်သည်။[၂၄] ၂၀၁၈တွင် ယူဟီးယောလ်း၊ ဂျွိုင်း (Red Velvet)၊ ဘတ်နာရယ်တို့နှင့်အတူ season 2၊[၂၅] ၂၀၁၉ နှစ်ကုန်ပိုင်းတွင်ယူဟီးယောလ်း၊ ဂင်အီနာ၊ ဟေးဇ်တို့နှင့်အတူ season 3 ကို တင်ဆက်ခဲ့သည်။[၂၆]

၂၀၁၈နှင့် ၂၀၁၉တွင် Netflix၌ ထုတ်လွှင့်ခဲ့သည့် Busted! အစီအစဉ်တွင်လည်း ပါဝင်ခဲ့သည်။[၂၇]

ဧည့်သည်သရုပ်ဆောင်နှင့် ပူးတွဲဆောင်ရွက်မှုများ ပြင်ဆင်ရန်

၂၀၁၂တွင် Psy၏ နာမည်ကျော် Gangnam Styleသီချင်းတွင် တေးသရုပ်ဖော် ပါဝင်ခဲ့သည်။ "Yellow suit guy"(အဝါရောင်အင်္ကျီနှင့်သူ)ဟု ထင်ရှားခဲ့သည်။[၂၈] ထို့နောက် Psy၏ Gentlemanသီချင်းတွင်လည်း တေးသရုပ်ဖော် ပါဝင်ခဲ့သည်။[၂၉] ၂၀၁၅တွင် Infinity Challenge၌ JYPနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သေးသည်။ အနုပညာအေဂျင်စီ မရှိဘဲ ငါးနှစ်ခန့် ကျင်လည်ပြီးသည်၏နောက်၊ ၁၅ ဇူလိုင် ၂၀၁၅တွင် FNC အင်တာတိန်းမန့် ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့သည်။[၃၀]

၂၀၁၆ခုနှစ်တွင် Infinity Challengeအတွက် Dancing Kingအစီအစဉ်ကို EXO အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။[၃၁] ဘန်ကောက်၌ ပြုလုပ်သည့် EXO Planet #3 - EXO'rDIUM ဂီတဖျော်ဖြေပွဲတွင်လည်း ပါဝင်ခဲ့သည်။[၃၂]

၂၀၂၀၌ Hangout with Yooအတွက် လီဟျိုရီ၊ Rainတို့နှင့်အတူ SSAK3တွင် ပူးတွဲဖျော်ဖြေခဲ့သည်။[၃၃]

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် Yoo Jae Suk, Haha, Kim Jong Min, Young K, Joo Woo Jae, Lee Yi Kyung တို့ဖြင့် One Top အဖွဲ့ကို စတင်စုတည်းတည်ထောင်ခဲ့ပါသည်။ ထိုအဖွဲ့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၉ရက်နေ့တွင် 'Say Yes' သီချင်းဖြင့် ပွဲဦးထွက်၍ ဖျော်ဖြေရေးနှင့် ဂီတလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

မီဒီယာလောကတွင် ပြင်ဆင်ရန်

ယူဂျယ်ဆော့သည် တောင်ကိုရီးယား ရုပ်သံလောက၌ ဝင်ငွေအမြင့်ဆုံး အနုပညာရှင်တစ်ဦးဖြစ်သည်။[၃၄][၃၅] တောင်ကိုရီးယား မျိုးဆက်သစ် အနုပညာရှင်များနှင့် တောင်ကိုရီးယား ပြည်သူများ၏ စံပြတစ်ဦးလည်း ဖြစ်သည်။[၃၆] ပရဟိတလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လေ့ရှိပြီး၊ ကိစ္စအရပ်ရပ်အတွက် ငွေကြေးလှူဒါန်းလေ့ရှိသည်။[၃၇][၃၈][၃၉] ယူဂျယ်ဆော့သည် ဂရေဗင်ဆိုးလ်ပြတိုက်၌ ကိုယ်ပိုင် ဖယောင်းရုပ်တုရှိသည့် ပထမဆုံး ရုပ်သံအစီအစဉ်မှူး ဖြစ်သည်။[၄၀]

ကိုယ်ပိုင်ဘဝ ပြင်ဆင်ရန်

ယူဂျယ်ဆော့သည် Infinity Challengeတွင် အလုပ်အတူလုပ်ခဲ့သည့် အမ်ဘီစီက အစီအစဉ်ကြေညာသူ နာဂယောင်းအွန်းနှင့် ဇူလိုင် ၆၊ ၂၀၀၈တွင် လက်ထပ်ခဲ့သည်။[၄၁][၄၂] ပထမဆုံး သားဦး ယူဂျီဟိုကို မေ ၁၊ ၂၀၁၀တွင် မွေးဖွားသည်။[၄၃][၄၄] ဒုတိယမြောက် သမီး ယူနာအွန်းကို အောက်တိုဘာ ၁၉၊ ၂၀၁၈၌ မွေးဖွားခဲ့သည်။[၄၅]

ရိုက်ကူးမှုစာရင်း ပြင်ဆင်ရန်

လက်ရှိအစီအစဉ်စာရင်း ပြင်ဆင်ရန်

ခုနှစ် ခေါင်းစဉ် ရုပ်သံလွှင့်ဌာန မှတ်ချက် ကိုးကား
၂၀၁၀–လက်ရှိ Running Man အက်စ်ဘီအက်စ် ၂၀၁၀၊ ဇူလိုင် ၁၁ ကတည်းက
၂၀၁၉–လက်ရှိ Hangout with Yoo အမ်ဘီစီ ၂၀၁၉၊ ဇူလိုင်၂၇ ကတည်းက [၄၆][၄၇]
၂၀၂၀ You Quiz on the Block (Season 3) tvN ၂၀၂၀၊ မတ်လ ၁၁ ကတည်းက [၄၈][၄၉]
၂၀၂၀ Busted! (Season 3) Netflix ၂၀၁၈ မေ ၄ ကတည်းက

တေးသံသွင်း ပြင်ဆင်ရန်

တစ်ကိုယ်တော် ပြင်ဆင်ရန်

အဓိကနေရာက ပြင်ဆင်ရန်

Title Year Peak chart
positions
Sales (DL) Album
KOR
[၅၀]
"Fascination of Samba" (삼바의 매력) 2007 N/A N/A Infinity Challenge Gangbyeon Road Concert
"Grasshopper World" (메뚜기월드) 2013 4 Park Myung-soo’s How About This?
"Hapjeong Station Exit 5" (합정역 5번 출구)
as Yoo San-seul
2019 99 N/A* Hangout with Yoo "Bbong For Yoo"
"Redevelopment of Love" (사랑의 재개발)
as Yoo San-seul
89
"Redevelopment of Love 2" (사랑의 재개발 2)
as Yoo San-seul
2020 Redevelopment of Love 2
"Luv Us" (두리쥬와)
as U-Doragon; feat. S.B.N
18 Luv Us X Linda X Exciting
"—" denotes releases that did not chart or were not released in that region.
* Gaon stopped releasing download sales numbers in January 2018.

ပူးတွဲဖျော်ဖြေမှု ပြင်ဆင်ရန်

Title Year Peak chart
positions
Sales (DL) Album
KOR
[၅၂]
"All You Need Is Love"
Infinite Challengeနှင့်အတူ
2006 N/A N/A Non-album single
"If I Do It or Not" (하나마나송)
နိုဟုန်းချောလ်နှင့်အတူ
2007 N/A N/A Non-album single
"The Family's Day" (패밀리의 하루)
Family Outing အဖွဲ့ဝင်များနှင့်အတူ
2009 N/A N/A Non-album single
"Let's Dance"
Tiger JKယွန်းမီရယ် တို့နှင့်အတူ
N/A N/A Olympic Expressway Music Festival
"Apgujeong Nallari" (압구정 날라리)
Lee Juckနှင့်အတူ
2011 2 Infinite Challenge West Coast Highway Festival
"As I Say" (말하는 대로)
Lee Juckနှင့်အတူ
5
"Heat Stroked Seagull" (더위 먹은 갈매기)
ဆုန်းအွန်းအီဂင်ဆုတို့နှင့်အတူ
2012 5 I'm A Singer In My Own Right
"Room Nallari" (방구석 날라리)[၅၆]
Lee Juckနှင့်အတူ
5 Non-album single
"Please Don't Go My Girl
ယူဟီးယောလ်ဂင်ဂျိုဟန်
2013 3 Infinite Challenge - Jayu-ro Song Festival
"Dancing King"
EXOနှင့်အတူ
2016 2 SM Station
"Like" (처럼)
with Dok2 feat. Lee Hi
7 Infinite Challenge Great Legacy
"HOLLYWOOD"
{{small ဟားဟားနှင့်အတူ}}
2019 N/A* Running Man Fan-meeting: Project Running 9
"Confession, Come Out Now" (이제 나와라 고백)
with Soran and ေဂျာင်ဆိုမင်း
"I Like It" (좋아)
with Running Man members
"Farewell Bus Stop" (이별의 버스 정류장)
as Yoo San-seul; with Song Ga-in
2020 114 Farewell Bus Stop
"As I Say (2020 Live Ver.)" (말하는 대로 (2020 Live Ver.))
with Lee Juck
Hangout with Yoo "Indoor Concert"
"In Summer (Covered By SSAK3)" (여름 안에서 (Covered By 싹쓰리))
with Lee Hyori and Rain; feat. Hwang Kwang-hee
3 Hangout with Yoo "SSAK3"
"Beach Again" (다시 여기 바닷가)
with Lee Hyo-ri and Rain
1
"Play That Summer" (그 여름을 틀어줘)
with Lee Hyo-ri and Rain
2
"—" denotes releases that did not chart or were not released in that region.
* Gaon stopped releasing download sales numbers in January 2018.

ဧည့်သည်သရုပ်ဆောင်အနေနှင့် ပြင်ဆင်ရန်

Title Year Peak chart
positions
Sales (DL) Album
KOR
[၆၁]
"Again" (다시)
Turbo Feat. Yoo Jae-suk
2015 1 Again
"—" denotes releases that did not chart or were not released in that region.
* Gaon stopped releasing download sales numbers in January 2018.

ဆုများနှင့်ဆန်ခါတင်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. With fame comes humility for Yoo Jae-sukKorea JoongAng Daily (June 13, 2013)။
  2. You must specify title = and url = when using {{cite web}}. (in ko)။ Naver။ Ize (January 12, 2017)။
  3. 유재석 :: 네이버 인물검색။ 18 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2020 တွင် ပြန်စစ်ပြီး။
  4. You must specify title = and url = when using {{cite web}}. (in ko)။ The Fact (October 25, 2005)။
  5. You must specify title = and url = when using {{cite web}}. (in ko)။ The Fact (October 25, 2005)။
  6. KBS 연예대상 대상에 유재석 (in ko)။ Hani (December 25, 2005)။
  7. Comedian Yoo Jae-suk rises as Hallyu MCHancinema။ KBS World (June 6, 2007)။
  8. You must specify title = and url = when using {{cite web}}. (in ko)။ Hani (October 26, 2006)။
  9. [SC초점한국방송대상 '무한도전', 어떻게 '국민예능'으로 우뚝 섰나] (in ko)။ Daum (September 3, 2005)။
  10. "The rating of Muhan Dojeon renewed again to its highest mark" Archived March 9, 2008, at the Wayback Machine.. Star News (in Korean). November 26, 2006. Retrieved 2013-07-02.
  11. Infinite Challenge Yoo Jae Suk Reveals Feelings On 300th EpisodeKDramaStars (October 22, 2012)။ 2013-07-04 တွင် ပြန်စစ်ပြီး။
  12. Jeon၊ Su-mi (31 December 2012)။ Yoo Jae Suk Says Goodbye to Come to Play at the MBC Entertainment AwardsenewsWorld။ 2 July 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-07-02 တွင် ပြန်စစ်ပြီး။
  13. Two KBS Shows Popular This Winter SeasonHancinema။ KBS World (January 28, 2008)။
  14. [REVIEW Variety show "Family Outing"]။ Asiae (February 8, 2010)။
  15. Popular Running Man Television Show Brings Back Childhood MemoriesHancinema။ Korean Content (February 16, 2011)။
  16. First-generation variety show emcees reach new career heights (November 13, 2019)။
  17. '놀면 뭐하니?' 유재석, 다시금 증명한 예능 1인자 역량…#무한도전#딸바보(종합) (in ko)။ 2019-07-29 တွင် ပြန်စစ်ပြီး။
  18. "'놀면 뭐하니?' 프리뷰 방송 오늘(20일) 베일 벗는다" (in ko)၊ m.isplus.joins.com/။ 1 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2020။ 
  19. Music remains key to TV success: After struggling to connect with viewers, 'Hang Out with Yoo' became a hit with help from a drum set (November 18, 2019)။
  20. '놀면 뭐하니?' 유재석, 다시금 증명한 예능 1인자 역량…#무한도전#딸바보(종합) (in ko)။ 2019-07-29 တွင် ပြန်စစ်ပြီး။
  21. "'놀면 뭐하니?' 프리뷰 방송 오늘(20일) 베일 벗는다" (in ko)၊ m.isplus.joins.com/။ 1 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2020။ 
  22. With breakout trot music career, Yoo Jae-suk pioneers new reality show genre (December 19, 2019)။
  23. TV variety shows rekindle interest in time-honored musical genre (January 24, 2020)။
  24. Two top MCs set out to discover Korea's forgotten 'Sugarmen'The Korea Herald (August 18, 2015)။
  25. You must specify title = and url = when using {{cite web}}. (in ko)။ mk.co.kr။ MBN News (December 7, 2017)။
  26. Template error: argument title is required. 
  27. Netflix announces star-studded reality show (April 5, 2018)။
  28. "Gangnam Style" video stars perform in Times SquareThe Korea Herald (January 2, 2013)။
  29. 'Gentleman' generates mixed reviews from foreign pressThe Korea Herald (April 15, 2013)။
  30. Yoo Jae-suk signs with talent agencyKorea JoongAng Daily (July 17, 2015)။
  31. 'Dancing King,' duet song by Yoo Jae-suk, EXO, to be releasedKpop Herald (September 12, 2016)။
  32. Yoo Jae-suk to appear in EXO concert in BangkokKpop Herald (September 26, 2016)။
  33. Chang၊ Dong-woo။ "No joke: Reality TV K-pop act rocks music scene while raising questions of fairness"၊ 2020-07-30။ [လင့်ခ်သေ]
  34. Yoo Jae-suk MBC's Priciest EntertainerThe Korea Times (12 October 2009)။ 2013-08-06 တွင် ပြန်စစ်ပြီး။
  35. Yoo Jae-suk Paid Nearly W1 Billion by MBC in 2008The Chosun Ilbo (October 12, 2009)။ 2013-08-06 တွင် ပြန်စစ်ပြီး။
  36. Young people see Yoo Jae-suk as role modelThe Korea Times (May 16, 2016)။
  37. Korea's top emcee donates W10m for comfort womenThe Korea Herald (July 10, 2014)။
  38. Yoo Jae-suk makes donation for 'comfort women'Kpop Herald (June 22, 2015)။
  39. Comedian Yoo donates 50 mil. won for Typhoon Chaba victimsThe Korea Times (October 9, 2016)။
  40. Yoo Jae-suk to be recreated in wax, 1st for Korean TV show hostYonhap (July 6, 2016)။
  41. Yoo Jae-seok and Na Kyung-eun's WeddingKBS World (19 July 2008)။ 9 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-06 တွင် ပြန်စစ်ပြီး။
  42. Ho၊ Stewart (9 February 2012)။ Photos from Yoo Jae Suk's Wedding SurfaceenewsWorld။ 9 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2013-08-06 တွင် ပြန်စစ်ပြီး။
  43. Yoo Jae-suk to Become DadHancinema။ KBS World (September 19, 2008)။
  44. Na Kyung-eun Wants to Swap Mic for Maternal DutiesThe Chosun Ilbo (6 August 2013)။ 2013-08-06 တွင် ပြန်စစ်ပြီး။
  45. Template error: argument title is required. 
  46. '놀면 뭐하니?' 유재석, 다시금 증명한 예능 1인자 역량…#무한도전#딸바보(종합) (in ko)။ 2019-07-29 တွင် ပြန်စစ်ပြီး။
  47. "'놀면 뭐하니?' 프리뷰 방송 오늘(20일) 베일 벗는다" (in ko)၊ m.isplus.joins.com/။ 1 November 2020 တွင် ပြန်စစ်ပြီး။ Archived from the original on 25 December 2020။ 
  48. [단독 유재석x조세호 컴백...'유퀴즈온더블럭2', 4월16일 첫방 확정] (March 27, 2019)။ March 27, 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ March 27, 2019 တွင် ပြန်စစ်ပြီး။
  49. tvN "월화극+'유퀴즈2'+'슬기로운 의사생활'=9시 편성"..3월 개편 [공식] (February 3, 2020)။ February 3, 2020 တွင် ပြန်စစ်ပြီး။
  50. Gaon Digital Chart (in ko)။ Gaon Music Chart။
  51. Cumulative sales of "Grasshopper World":
  52. Gaon Digital Chart (in ko)။ Gaon Music Chart။
  53. Cumulative sales of "Apgujeong Nallari":
  54. Cumulative sales of "As I Say":
  55. Cumulative sales of "Heat Stroked Seagull":
  56. 'Snagging Snail' The remix version of 'Room Nallari' to be releasedYahoo။ Star News (August 28, 2012)။
  57. Cumulative sales of "Room Nallari":
  58. Cumulative sales of "Please Don't Go My Girl":
  59. Cumulative sales of "Dancing King":
  60. Cumulative sales of "Like":
  61. Gaon Digital Chart (in ko)။ Gaon Music Chart။
  62. Cumulative sales of "Again":

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်