ယူရေးရှား
ယူရေးရှား (အင်္ဂလိပ်: Eurasia; /jʊˈreɪʒə/) သည် ဥရောပနှင့်အာရှ တိုက်နှစ်ခုတို့၏ ပေါင်းစည်းနေသည့် ကုန်းမြေကို ခေါ်ဆိုခြင်းဖြစ်သည်။ ယူရေးရှားသည် မြောက်ကမ္ဘာလုံးခြမ်းနှင့် အရှေ့ကမ္ဘာလုံးခြမ်းတွင် တည်ရှိကာ အနောက်ဘက်တွင် အတ္တလန္တိတ်သမုဒ္ဒရာ၊ အရှေ့ဘက်တွင် ပစိဖိတ်သမုဒ္ဒရာ၊ မြောက်ဘက်တွင် အာတိတ် သမုဒ္ဒရာ၊ တောင်ဘက်တွင် အာဖရိကတိုက်၊ မြေထဲပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာ တို့က ဝန်းရံလျက်ရှိသည်။[၂]
ဧရိယာ | ၅၅,၀၀၀,၀၀၀ စတုရန်း ကီလိုမီတာ |
---|---|
လူဦးရေ | ၅,၁၃၂,၀၀၀,၀၀၀ (၂၀၁၅ ဇူလိုင် ၁ အရ) [၁] |
လူဦးရေ သိပ်သည်းမှု | 93/km2 |
Demonym | Eurasian |
နိုင်ငံများ | ~နိုင်ငံပေါင်း ၉၀ ဝန်းကျင် |
အမှီအခိုနယ်မြေများ | ၉ ခု |
အချိန်ဇုန်များ | UTC−1 မှ UTC+12 |
ဥရောပနှင့် အာရှတိုက် တို့မှာ သဘာဝတရားအရ သီးခြားတိုက်နှစ်ခုအနေဖြင့် တိတိကျကျကွဲပြားမှုမရှိပဲ သမိုင်းကြောင်းနှင့် ယဉ်ကျေးမှုအရသာ ကွဲပြားနေသည့်အတွက် ယူရေးရှားကို ကမ္ဘာ့တိုက်ကြီး ငါးတိုက် သို့ ခြောက်တိုက်အနက် အကြီးဆုံးအနေဖြင့်လည်း မှတ်ယူကြသည်။[၃][note ၁]
ယူရေးရှား၏ အကျယ်အဝန်းမှာ ၅၂,၉၉၀,၀၀၀ စတုရန်းကီလိုမီတာ (၂၀,၄၆၀,၀၀၀ စတုရန်းမိုင်)ဖြစ်ပြီး ကမ္ဘာ့ကုန်းမြေစုစုပေါင်း၏ ၃၆.၂ % ရှိသည်။ ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၅ ရာခိုင်နှုန်းနှင့် ညီမျှသော လူဦးရေ သန်းပေါင်း ၄.၆ ထောင် သည် ယူရေးရှား၏ ကုန်းမြေတွင် နေထိုင်လျက်ရှိသည်။ အာဖရိကမှ ယူရေးရှားသို့ ပထမဆုံး အခြေချနေထိုင်မှုမှာ လွန်ခဲ့သောနှစ်ပေါင်း ၆၀,၀၀၀ နှင့် ၁၂၅,၀၀၀ ခန့်က ဖြစ်သည်။[၄][၅]
မှတ်စု
ပြင်ဆင်ရန်- ↑ အစဉ်အလာသဘောတူညီချက်များအရ တိုက်ကြီး ခုနစ်တိုက်မှာ- အာရှတိုက်, အာဖရိကတိုက်, မြောက်အမေရိကတိုက်, တောင်အမေရိကတိုက်, ဥရောပတိုက်, ဩစတြေးလျတိုက်နှင့် အန္တာတိကတိုက် တို့ဖြစ်ကြသည်။ အချို့သော ပထဝီဝင်ပညာရှင်များကမူ ဥရောပနှင့် အာရှကို ယူရေးရှား အဖြစ် တစ်ပေါင်းတည်း သတ်မှတ်ကာ တိုက်ကြီး ခြောက်တိုက်ဟု စာရင်းသွင်းကြသည်။ ကမ္ဘာ့အချို့နေရာများတွင် ယူရေးရှား၊ ဩစတြေးလျ၊ အာဖရိကနှင့် အမေရိက ဟူ၍ တိုက်ကြီးငါးတိုက် အနေဖြင့် ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားသည်။
ကိုးကား
ပြင်ဆင်ရန်- ↑ United Nations, Department of Economic and Social Affairs, Population Division (2015). World Population Prospects: The 2015 Revision, DVD Edition. File POP/1-1: Total population (both sexes combined) by major area, region and country, annually for 1950-2100 (thousands). Estimates, 1950 - 2015. POP/DB/WPP/Rev.2015/POP/F01-1.
- ↑ What is Eurasia?။ geography.about.com။ 18 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ ဒီဇင်ဘာ ၂၀၁၂ တွင် ပြန်စစ်ပြီး။
- ↑ How many continents are there?။ National Geographic Society။ ၂၆ စက်တင်ဘာ ၂၀၁၀ တွင် ပြန်စစ်ပြီး။
- ↑ Hints Of Earlier Human Exit From Africa။ Science News (၂၀၁၁-၀၅-၀၁)။ 3 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ DOI:10.1126/science.1199113။ 5 December 2014 တွင် ပြန်စစ်ပြီး။
- ↑ Paul Rincon Humans 'left Africa much earlier' ဘီဘီစီသတင်း၊ ၂၇ ဇန်နဝါရီ ၂၀၁၁