ယူအက်စ် အိုးပင်း
ယူအက်စ် အိုးပင်း (US Open, formally the United States Open Tennis Championships) သည် ၁၉၈၇ ခုနှစ်မှစ၍ ဂရင်းစလင်း တင်းနစ်ပြိုင်ပွဲကြီး ၄ ခုအနက် နှစ်တစ်နှစ်အတွင်း အချိန်ဇယားအရ နောက်ဆုံးကျင်းပသည့် တင်းနစ်ပြိုင်ပွဲ တစ်ရပ်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ဩဂုတ်နှင့် စက်တင်ဘာလများအတွင်း နှစ်ပတ်ကြာသည်။ အမေရိကန် အမျိုးသားအဆင့် ယောက်ျားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲကို ၁၈၈၁ ခုနှစ်တွင် စတင်ခဲ့သည်။
US Open | |
---|---|
ကျင်းပရာနေရာ | နယူးယောက်မြို့ - Queens အမေရိကန် |
ကစားကွင်း | USTA Billie Jean King National Tennis Center |
မျက်နှာပြင် | Grass - outdoors (1881–1974) Clay - outdoors (1975–1977) DecoTurf - outdoors (1978–present) |
ဆုကြေး | US$ 21,016,000 |
Draw | 128S / 128Q / 64D |
Draw | 128S / 96Q / 64D |
[[2010 US Open (tennis)|]] |
အဓိက ပြိုင်ပွဲများတွင် အမျိုးသားတစ်ဦးချင်း၊ အမျိုးသမီးတစ်ဦးချင်း၊ အမျိုးသားနှစ်ဦးစီ၊ အမျိုးသမီးနှစ်ဦးစီ၊ အမျိုးသားနှင့် အမျိုးသမီး ဒပ်ဘယ် (double) စသည်ဖြင့် ၅ မျိုးခွဲထားသည်။ ထို့အပြင် လူကြီးပိုင်း၊ လူငယ်ပိုင်းနှင့် ဘီးတပ်ကုလားထိုင်စီး အားကစားသမားများအတွက် ပြိုင်ပွဲများကိုလည်း ကျင်းပလေ့ရှိသည်။