ပင်မမီနူးကို ဖွင့်ရန်

ယူးကွန်းနယ်ပြင်ဆင်

ယူးကွန်းနယ်သည် မြောက်အမေရိကတိုက်၊ ကနေဒါနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည်။ ထိုနယ်မြေ၏ ပုံ သဏ္ဌာန်မှာ တြိဂံဆန်ဆန်ဖြစ်၍ အကျယ်အဝန်းမှာ ၂ဝ၇ X ဝ၇၆ စတုရန်းမိုင် ဖြစ်လေသည်။ အာတိတ်ဒေသပိုင်းတွင် တစ်စိတ် တစ်ဒေသ ကျရောက်သဖြင့် အလွန်အေးသော ရာသီဥတုရှိသော် လည်း ရွှေရှိသဖြင့် နာမည်ကျော်ကြားခဲ့လေသည်။

ယူးကွန်းဟူသော အမည်မှာ ထိုနယ်ကိုဖြတ်၍ စီးဆင်းသော မြစ်၏ အမည်ကို အစွဲပြု၍ ခေါ်ဝေါ်ခဲ့ခြင်း ဖြစ်၏။ ထိုနယ် တွင် ကော်ဒီလားရားတောင်တန်း၏အဆက် တောင်တန်းများ တည်ရှိ၏။ ထိုတောင်တန်းများ အကြားတွင် မြေဩဇာ ကောင်းမွန်သော လွင်ပြင်နှင့် မြစ်ဝှမ်းဒေသများရှိသည်။ ကနေဒါနိုင်ငံ၌ အမြင့်ဆုံးဖြစ်သော မောင့်လိုဂန်(၁၉၈၅ဝ ပေ) တောင်သည် ထိုနယ်တွင် တည်ရှိ၏။

ရာသီဥတုမှာ ဆောင်းရာသီတွင် အလွန်အေးမြသည်။ သို့သော် နွေရာသီတွင် တစ်ခါတစ်ရံ အလွန်ပူပြင်း တတ်၏။ ထိုပြင် နေ့တာရှည်လှ၍ တစ်ခါတစ်ရံ တစ်နေ့လျှင် နာရီ ၂ဝ ခန့်မျှ နေရောင်ကို တွေ့နေရတတ်ပေသည်။ သို့ဖြစ်၍ အပင်မာ မျိုးဖြစ်သော ဟင်းသီးဟင်းရွက်နှင့် ကောက်ပဲသီးနှံများသာ နွေရာသီတွင် စိုက်ပျိုးလုပ်ကိုင်နိုင်၏။ များသောအားဖြင့် အာလူး၊ မုန်လာဥဝိုင်း၊ အုတ်ဂျုံနှင့် ရိုင်းစပါးတို့ကို စိုက်ပျိုး ကြ၏။

ယူးကွန်းနယ်တွင် ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီ၊ သံနှင့် ကျောက်မီး သွေး စသည့် အဖိုးတန် သတ္တုများထွက်၏။ မကြာမီနှစ်များ အတွင်းက တွင်းထွက်သတ္တုအချို့ကို ယခင်ကထက် ပိုမို လုပ်ကိုင် တူးဖော်ခဲ့ကြပြီး ဖြစ်၏။

ထိုနယ်ကို ၁၈၄ဝ ပြည့်နှစ်ခန့်က ရောဗတ်ကင့်ဗဲဆိုသူ ဗြိတိသျှလူမျိုး သားမွေးကုန်သည်တစ်ဦးက စတင် တွေ့ရှိခဲ့၏။ သို့သော် လူဖြူလူမျိုးတို့ အခြေစိုက် နေထိုင်းခြင်းမပြုကြသေး ဘဲ သားမွေး အရောင်းအဝယ်ပြုရာ ဒေသအဖြစ်သာ ထားရှိ ခဲ့၏။ ထိုစဉ်က ထိုနယ်မှာ ဟဒ်ဆန်ဗေးကုမ္ပဏီပိုင် ဖြစ်ခဲ့ လေ၏။ ၁၈၇ဝ ပြည့်နှစ် တွင်ကား ကနေဒါနိုင်ငံ အစိုးရသို့ အနောက်မြောက်နယ်ပယ်များတွင် အပါအဝင်အဖြစ် ပေးအပ် လိုက်ရလေသည်။

၁၈၉ဝ ပြည့်နှစ်လောက်မှစ၍ ရွှေတွင်းတူးသူများ စတင် ရောက်ရှိလာခဲ့ကြ၏။ ၁၈၉၇ ခုနှစ်တွင် ရွှေ အမြောက်အမြား စတင်တွေ့သောအခါ လူအမြောက်အမြား ရောက်လာကြလေ သည်။ ထိုအခါ ထိုနယ်ကို စည်းကမ်းတကျ အုပ်ချုပ်နိုင်ရန် အတွက် ၁၈၉၈ ခုနှစ်တွင် သီးခြားနယ်အဖြစ် ခွဲထုတ် တည်ထောင်ခဲ့ရလေသည်။ ထိုနယ်မြေကို ကနေဒါနိုင်ငံ ဘုရင်ခံ ချုပ်က ခန့်ထားသော ကော်မရှင်နာမင်းကြီးက အဖွဲ့ဝင် ခုနစ် ဦး ပါဝင်သော ဥပဒေပြုကောင်စီအဖွဲ့၏ အကူအညီဖြင့် အုပ်ချုပ်လေသည်။ ယင်းအဖွဲ့ဝင်များကို ထိုနယ်ရှိလူများက သုံးနှစ်တစ်ကြိမ် ရွေးကောက် တင်မြေ|ာက်ကြလေသည်။

ကနေဒါနိုင်ငံ အောက်လွှတ်တော်သို့ အမတ်တစ်ဦး စေလွှတ် ခွင့်ရ၏။ ကလောင်ဒိုက်မြစ်နှင့် ယူးကွန်းမြစ်ဆုံရာတွင်ရှိသော ဒေါ်ဆန်မြို့တွင် လူဦးရေ ၁ဝ၄၃ ယောက်ရှိသည်။ ထိုနယ်၏ မြို့တော်ဖြစ်လေသည်။ တောင်ဘက်ရှိ သတ္တုတူးဖော်ရေး လုပ်ငန်းများ တည်ရှိရာ ဌာနတစ်ခုဖြစ်သော ဝှိုက်ဟော့မြို့တွင် လေဆိပ်တစ်ခုရှိ၏။ ယင်းမြို့၌ လူဦးရေ ၇၅၄ ယောက် ရှိ၏။

ယခုအခါ ရွှေအထွက် အလွန်နည်းသွားသဖြင့် စရိတ် အကုန်အကျ များစွာခံ၍ ခဲယဉ်းစွာ တူးဖော်မှသာ ရရှိနိုင် လေတော့၏။ သို့သော် တောင်ဘက်ပိုင်းမှ ကျောက်မီးသွေး တွင်းများမှာ အကျိုးဖြစ်ထွန်းစရာ အလားအလာများရှိလေ သည်။ မည်သို့ပင်ဖြစ်စေ ရွှေအထွက်နည်းသွားသည်နှင့် တစ်ပြိုင်နက် ထိုနယ်၏ လူဦးရေလည်း လျော့နည်းသွားလေ သည်။ ရွှေမြောက်မြားစွာ တူးဖော်ရရှိခဲ့စဉ်က ထိုနယ်၏ လူဦး ရေမှာ ၂၇၂၁၉ မျှ ဖြစ်ရာ ရွှေအထွက်နည်းသွားအခါ တိုင်းရင်းသား အင်ဒီးယန်းလူမျိုး ၂ဝ၄၇ ယောက် အပါအဝင် ၁၄၆၂၈ ယောက် (၁၉၆၁) မျှသာ ဖြစ်လေသည်။

ထိုနယ်၏ မြောက်ပိုင်း အေးမြလှသော ဒေသများတွင် အက်စကီးမိုးလူမျိုးများလည်း နေထိုင်ကြသည်၊ ယူးကွန်းနယ်၏ အရေးပါဆုံးသော လုပ်ငန်းမှာ သတ္တုတူးဖော်ခြင်းသာဖြစ်၏။ အခြားလုပ်ငန်းများမှာ သစ်တောများးရှိသဖြင့် သစ်လုပ်ငန်းနှင့် သားမွေးရှိသော တိရစ္ဆာန်များကို ထောင်ဖမ်းသည့် လုပ်ငန်းပင် ဖြစ်သည်။[၁]

ကိုးကားပြင်ဆင်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)