ယောမင်းကြီးအုတ်ကျောင်း
ယောမင်းကြီးအုတ်ကျောင်း သည် မန္တလေးတွင် တည်ရှိသည့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတစ်ခု ဖြစ်သည်။ ကျောင်းတော်ကို ယောမင်းကြီး ဦးဖိုးလှိုင်က ၁၈၆၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ [၁]မြန်မာနိုင်ငံ၏ ပုံမှန်ကျောင်းတော်များနှင့် မတူသည်မှာ ဤကျောင်းတော်သည် အုတ်ဖြင့် ဆောက်လုပ်ထားသည်။ အဆောက်အဦ၏ ပုံစံမှာလည်း ဦးဖိုးလှိုင်သည် အီတလီနိုင်ငံ တောင်ပိုင်းသို့ ခရီးသွားစဉ် မြင်တွေ့ခဲ့ရသည့် ဟိုတယ်တစ်ခု၏ ပုံစံအတိုင်း တည်ဆောက်ထားခြင်း ဖြစ်သည်။[၂][၃][၃] ဤကျောင်းတော်သည် စလင်းကျောင်းတော်အနီးတွင် တည်ရှိသည်။ ဒုတိယကမ္ဘာစစ် မဟာမိတ်တို့ မန္တလေးတွင် ဗုံးကြဲမှုအတွင်း ကျောင်းတော်၏ သစ်သားအဆောက်အဦတို့ မီးလောင်ခဲ့ရပြီး အုတ်အဆောက်အဦများသာ ကျန်ရှိခဲ့သည်။[၁]
ယောမင်းကြီးအုတ်ကျောင်း | |
---|---|
အချက်အလက်များ | |
ကိုဩဒိနိတ် | 22°00′56″N 96°05′46″E / 22.015568°N 96.096170°Eကိုဩဒိနိတ်: 22°00′56″N 96°05′46″E / 22.015568°N 96.096170°E |
ဘာသာရေး နှီးနွယ်မှု | Theravada Buddhism |
နိုင်ငံ | Mandalay, Mandalay Region, Burma |
ဗိသုကာ | |
တည်ထောင်သူ | Pho Hlaing |
ပြီးစီး | ၁၈၆၆ |
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ "Ancient Yaw Min Gyi Brick Monastery Care Needy"၊ Flower News Journal၊ 12 May 2002။ 13 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 13 July 2015။
- ↑ Thant Myint-U (2001)။ The Making of Modern Burma။ Cambridge University Press။ pp. 134။ ISBN 9780521799140။
- ↑ ၃.၀ ၃.၁ O'Connor၊ V.C. Scott (1908)။ Mandalay and Other Cities of the Past in Burma။ D. Appleton and Company။ p. 62။