ယောရှုမှတ်စာ

သမ္မာကျမ်းစာ၏ ဆဌမမြောက်ကျမ်း

စံတော်မီဝိသေသလက္ခဏာပြင်ဆင်

ယောရှုမှတ်စာသည် မောရှေကျမ်းများနှင့်ဣသရေလတို့၏ ကတိတော်မြေ အောင်မြင်နင်းခြင်းအကြောင်း ဆက်စပ်ပေးသော ပေါင်းကူးတံတားကြီးဖြစ်သည်။ ရှေးဟေဗြဲကျမ်းမူနှင့် ခေတ်သစ်ကျမ်းမူနှစ်ခုစလုံးတွင် ဓမ္မဟောင်းကျမ်း၏ ဆဌမမြောက်ကျမ်းစောင်ဖြစ်သည်။ ပထမသမိုင်းကြောင်းဆိုင်ရာကျမ်း(၁၂)စောင် (ယောရှုမှဧသတ္တာ)၊ ယုဒများ​ခေါ် ရှေးဦးပရောဖက်ဟုခေါ်သည်။ (ယောရှုမှစ၍ ဧဇရ၊ နေဟမိ၊ ရုသနှင့် ဓမ္မရာဇဝင်ချုပ်များကိုကို ဟေဗြဲဓမ္မဟောင်းကျမ်းတွင် နောက်ဆုံး၌ ထားသည်။)

ယောရှုမှတ်စာ၏ အရေးပါအရာရောက်ပုံကို Jensen က ဤသို့ဆိုထားသည်။

ယောရှုမှတ်စာသည် ဣသရေလသမိုင်းကြောင်း၏ အလှည့်အပြောင်းတဆစ်ချိုးကွေ့ဖြစ်သည်။ ဘဝသစ်သို့ ပြောင်းလဲခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းရှိသမိုင်းကြောင်းဆိုင်ရာကျမ်းများတွင် မဟာဗျူဟာကျသော နေရာမှ ပါဝင်သည်။၁

ကျမ်းရေးသူပြင်ဆင်

ကျမ်းရေးသူ အသေအချာမဖော်ပြထားသော်လည်း ရှေးလူကြီးသူမစကားအသွားအလာအရ ယောဂရှုကိုယ်တိုင် စီရင်ရေးသားခြင်းဖြစ်သည်ဟု အများစုကယုံကြည်ကြသည်။ ယောရှုမရှိသည်နောက်ပိုင်းတွင် ယဇ်ပုရောဟိတ်ကြီး ဧလျာဇာနှင့်ယောရှုသား ဖိနေဟတ်တို့က အတည်ပြုကြသည်။ ယောရှုမှတ်စာပါ အကြောင်းအချက်များသည် ကိုယ်တွေ့မျက်မြင်ရေးသားချက်များဖြစ်သည်။ အချို့ကျမ်းပိုဒ်များတွင် ကာယကံရှင်ကိုယ်တိုင် နာမ်စားသုံး၍ “ငါ၊ ကျွန်ုပ်တို့”ဟု သုံးထားသည် (၅:၁-၆ကိုကြည်ပါ)။ ယောရှု၏ လက်ရာဖြစ်ကြောင်း အထောက်အထားလည်း ၁၈:၉၊၂၄:၂၆ တို့တွင် အခိုင်အမာတွေ့ရသည်။ ယောရှုရေးသားသည့်အချိန်တွင် ရာဟဗ်လည်း အသက်ရှိနေကြောင်း ၆:၂၅တွင် တွေ့ရသည်။

အချိန်ကာလပြင်ဆင်

ထွက်မြောက်ရာခေတ်ကာလ ဘီစီ ၁၅ ရာစု သို့မဟုတ် ၁၃ရာစု)ကို တစ်စိတ်တစ်ပိုင်း မှီငြမ်းထားသည်။ ဘီစီ ၁၄၀၀ အစောပိုင်းဟု ယူဆတန်သည်။ ဘီစီ ၁၄၀၀ မှ ၁၃၅၀ ကာလဖြစ်မည်ဟု အောက်ပါအချက်များဖြင့် တွက်ဆရသည်။ ရှောလမုန်သီချင်းထက် ရှေးကသည် (၁၆:၁၀ နောက်ပိုင်းနှင့် ၃ရာ ၉:၁၆ ကိုယှဉ်ဖတ်)။ ဒါဝိဒ်၏ဖခင်ထက်လည်း စောသည်(၁၅:၆၃ နှင့် ၂ရာ၅:၅-၉ ကိုယှဉ်ဖတ်ပါ)။ ယောရှု ၁၃:၄-၆တွင် “ဇိဒေါနိလူ”ဟု သုံးနှုန်းထားသဖြင့် ဘီစီ ၁၁၀၀ကာလမတိုင်မီ သမိုင်းဖြစ်စဉ်ဖြစ်ကြောင်း အထောက်အထားတွေ့ရသည်။ တာရုနှင့် စိတုန်ဟူသော ဝေါဟာရကြောင့် ဘီစီ ၁၂၀၀ မတိုင်မီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖိလိတ္တိလူများက ပါလက်စတိုင်းသားများကို နောက်ပိင်းတွင်ချဉ်းနင်းဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။ ယောရှုလက်ထက်တွင် ထိုပြဿနာမရှိခဲ့သည်။

နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်ပြင်ဆင်

ထွက်မြောက်ရာကျမ်းသည် ဘုရားသခင်က ဣသရေလလူမျိုးအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်သည့် သမိုင်းကြောင်းဖြစ်သည်။ ဣသရေလလူတို့အားကတိတော်မြပေါ်သို့ ဆက်လက်ခေါ်ဆောင်သွားသည်။ ယောရှုမှတ်စာသည် သမိုင်းကြောင်းလှပသည်။ သူ့လူများက အပြည့်အဝမယုံကြည်ကြသော်လည်း ယောရှုသည် ဘဝမော်ကွန်းထိုးနိုင်ခဲ့သည်။ ကတိတော်မြေပေါ်သို့ ခြေချခွင့်ရကြသော်လည်း ဣသရေလလူတို့သည် ယုံကြည်မှုအားနည်းနေဆဲဖြစ်သည်။ သူတို့ဘိုးဘေးအာဗြဟံသို့ ဘုရားရှင်တော် ပြုထားသော ကတိတော် (က၁၅:၁၃-၁၆)အတိုင်း ပြည့်စုံလာသည်ကိုလည်း မရှုမြင်တတ်။ ဝန်မခံကြ။

ယောရှုမှတ်စာသည် တရားဟောရာကျမ်း နောက်ဆုံးအခန်း၏အခန်းဆက်ဟုဆိုနိုင်သည်။ ဣသရေလလူများသည် ယော်ဒန်မြစ် အရှေ့ဘက်ကမ်းရှိ မောဘလွင်ပြင်တွင် စခန်းချနေကြပြီ။ မောရှေ ကွယ်လွန်သွားသောအခါ ယောရှုအကြီးအကဲဖြစ်လာသည်။ ဣသရေလလူတို့အား ယော်ဒန်မြစ် အနောက်ဖက်ကမ်းသို့ ခေါ်ဆောင်သွားရန် တာတန်ယူရသည်။ မောရှေ ပညတ်ကျမ်းလာအရ ဘုရားသခင်၏ လူများသည် အမွေတော်ခံစားပိုင်ထိုက်သူများမဟုတ်။ သခင်ခရစ်တော်၏ ရှင်ပြန်ထမြောက်ခြင်းကို ပုံဆောင်သော ယောရှုဖြင့်သာ အမွေခံနိုင်ကြရသည်။

ယောရှုအသက်တာမှ အရေးကြီးသော သင်ခန်းစားများကို ဖော်ထုတ်လေ့လာကြည့်ကြပါစိုး။ မောရှေက ဟောရှေမှ ယောရှုသို့ နာမည်ပြောင်းပေးသည် (တော ၁၃:၁၆)။ ဧဖရိမ်အမျိုးအနွယ်ဖြစ်သည် (တော ၁၃:၁၆)။ မောရှေ၏ အစေခံဖြစ်သည် (ယောရှု ၁:၁) အသက်ငယ်ရွယ်နုပျိုသောဘဝတွင် ဘုရားသခင်အတွက် တိုက်ပွဲဝင်သည်။ အာမလက်တို့အား တိုက်ခိုက်ရာတွင် ဣသရေလတို့အား ပထမဆုံးအကြိမ် ဦးဆောင်သည် (ထွ၁၇)။ အဲဂုတ္တုပြည်မှ ထွက်လာစဉ်ကတည်းက လူသိများ ထင်ရှားသည်။ မောရှေ၏နေရာ ရာထူးဆက်ခံခြင်းသည် သူရဲကောင်းအစွမ်းသတ္တိကြောင့်မဟုတ်။ ဝိညာဉ်ရေးရာခွန်အားကြီးမာမှု၊ ယုံကြည်ခြင်း သစ္စာကြောင့်ဖြစ်သည်။ ငယ်ရွယ်နုပျို၍ အတွေ့အကြုံနုသည့်အလျှောက် ဘုရားသခင်ကိုသာ အမြဲတစေအားကိုးသည် (ထွ ၃၃:၁၁)။ သိနာတောင်ပေါ်တွင် မောရှေနှင့်တပူးတွဲတွဲရှိသည် (ထွ၃၂:၁၇)။ လွန်ခဲ့သော နှစ်ပေါင်း(၃၈)နှစ်ခန့်က ကာဒေရှဗာနာဒေသရှိ အရွယ်ရောက်သော ယောက်ျားများအနက် ကာလက်နှင့်ယောရှုတို့သာလျှင် ယုံကြည်ခြင်းရှိသောကြောင့် ကတိတော်မြေကို ကိုယ်တွေ့မျက်မြင် ကြုံတွေ့ခွင့်ရကြသည် (တော ၁၄:၆-၁၀)။ မောရှေ၏ သွန်သင်လေ့ကျင့်မှုရသည်။ အသက်(၉၀)ကျော် သက်ကျားအိုဖြစ်သော်လည်း ယေဟောဝါဘုရားသခင်က အမျိုးသားခေါင်းဆောင်အဖြစ် ရာထူးခန့်အပ်သည်။

ပါဝင်သောအချက်များပြင်ဆင်

(၁) ကတိတော်မြေသိမ်းပိုက်ခြင်း (အခန်း ၁–၁၂)ပြင်ဆင်

(က) ယော်ဒန်မြစ်ဖြတ်ကူးရန်ပြင်ဆင်ခြင်း (အခန်း ၁)
(ခ) ယေရိခေါသူလျှိုများ (အခန်း ၂)
(ဂ) ယော်ဒန်မြစ်ဖြတ်ကူးခြင်း (၃:၁-၅:၁)
(ဃ) ဂိဘာရာလုတ်အရပ်၌ အရေဖျားလှီးခြင်း (၅:၂-၁၂)
(င) ယေရိခေါမြို့ သိမ်းပိုက်ခြင်း (၅:၁၃-၆:၂၇)
(စ) အာဣမြို့စခန်း (၇:၁-၈:၂၉)
(ဆ) ရှေခင်အရပ်တွင် ကတိတော်အား ထပ်မံအတည်ပြုခြင်း (၈:၃၀-၃၅)
(ဇ) ဂိဗောင်သားများနှင့် မဟာမိတ်ပြုခြင်း (အခန်း ၉)
(ဈ) တောင်ဘက်တိုက်ပွဲ (အခန်း ၁၀)
(ည) မြောက်ဘက်တိုက်ပွဲ (အခန်း ၁၁)
(ဋ) စစ်အောင်မြင်မှုအကျဉ်းချုပ် (အခန်း ၁၂)

(၂) ကတိတော်မြေပေါ်တွင် အခြေချခြင်း (အခန်း ၁၃–၂၄)ပြင်ဆင်

(က) ကတိတော်မြေပိုင်ဆိုင်ခြင်း (၁၃:၁-၁၇)
(ခ) ကတိတော်မြေခွဲဝေကြခြင်း (၁၃:၈-၁၉:၅၁)
  1. ရုဗင်၊ ဂဒ်နှင့် မနာရှေလူတစ်ဝက် (၁၃:၈-၃၃)
  2. ယုဒလူများ (အခန်း ၁၄၊၁၅)
  3. ယောသပ်လူများ (အခန်း ၁၆၊၁၇)
  4. အခြားလူများ (အခန်း ၁၈၊၁၉)
(ဂ) ဘေးမဲ့မြို့ကြီးများ (အခန်း ၂၀)
(ဃ) လေဝိမြို့ကြီးများ (အခန်း ၂၁)
(င) ယော်ဒန်မြစ်အရှေ့ဘက်ကမ်းရှိယဇ်ပလ္လင် (အခန်း ၂၂)
(စ) ဣသရေလခေါင်းဆောင်များသို့ ယောရှု၏နှုတ်ဆက်စကား (အခန်း ၂၃)
(ဆ) ဣသရေလလူထုသို့ ယောရှု၏နှုတ်ဆက်စကား (၂၄:၁-၁၅)
(ဇ) ရှေခင်အရပ်တွင် ကတိတော်ဆန်းသစ်ခြင်း (၂၄:၁၆-၂၈)
(ဈ) ယောရှုကွယ်လွန်ခြင်း (၂၄:၂၉-၃၃)

TAGS: ယောရှုမှတ်စာ

ကိုးကားပြင်ဆင်