ယဲလိုးစတုန်း အမျိုးသားဥယျာဉ်

ယဲလိုးစတုန်း အမျိုးသားဥယျာဉ် သည် အမေရိကန်ပြည်ထောင်စု ဝိုင်အိုးမင်းပြည်နယ်မွန်တားနားပြည်နယ် နှင့် အိုင်ဒါဟိုပြည်နယ် တို့ အတွင်း တည်ရှိသော အမျိုးသား ဥယျာဉ် တစ်ခု ဖြစ်သည်။ အမေရိကန် ကွန်ဂရက်မှ စတင်တည်ထောင်ခဲ့ပြီး အမေရိကန် သမ္မတ ယူလီဆီး အက်စ် ဂရန့် မှ ၁၈၇၂ ခုနှစ် မတ်လ ၁ ရက်နေ့တွင် လက်မှတ်ရေးထိုးကာ ဥပဒေ တွင်းသို့ ထည့်သွင်းပေးခဲ့သည်။ [၁][၂] ယဲလိုးစတုန်းသည် အမေရိကန် ပြည်ထောင်စု အတွင်းမှ အမျိုးသား ဥယျာဉ် ဖြစ်သော်လည်း ကမ္ဘာ့ ပထမဆုံး အမျိုးသား ဥယျာဉ် အဖြစ်လည်း လူသိများကြသည်။ [၃] ထိုအမျိုးသား ဥယျာဉ်မှာ သားရိုင်းတိရစ္ဆာန်များကြောင့် လူသိများပြီး ဘူမိအပူရှိန် နေရာများကြောင့်လည်း လူသိများသည်။ အထူးသဖြင့် အိုးလ်ဖိတ်ဖူး ရေပူပန်း အမည်ရှိသော နေရာ ဖြစ်ကာ ထိုနေရာသည် ရေပန်း အစားဆုံး နေရာတစ်ခုလည်း ဖြစ်သည်။[၄] ၎င်းတွင် ဂေဟစနစ် အများအပြား ရှိသော်လည်း အယ်လ်ပိုင်းဆန်သော သစ်တောဒေသ များမှာ အများဆုံး ဖြစ်သည်။ အလယ်တောင်ပိုင်း ရော့ကီး သစ်တော ဂေဟ ဒေသ၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။

ယဲလိုးစတုန်း အမျိုးသားဥယျာဉ်
ယဲလိုးစတုန်းရှိ ဂရင်းကင်ညွန်ချောက်ကြီး
တည်နေရာအမေရိကန်ပြည်ထောင်စု

ပါ့ခ် ကောင်တီ ၊ ဝိုင်အိုမင်း
တီတန် ကောင်တီ ၊ ဝိုင်အိုမင်း
ဂျယ်လတင် ကောင်တီ ၊ မွန်တားနား
ပါ့ခ် ကောင်တီ ၊ မွန်တားနား

ဖားမောင့် ကောင်တီ ၊ အိုင်ဒဟို
ကိုဩဒိနိတ်44°36′N 110°30′W / 44.600°N 110.500°W / 44.600; -110.500ကိုဩဒိနိတ်: 44°36′N 110°30′W / 44.600°N 110.500°W / 44.600; -110.500
ဧရိယာ၂,၂၁၉,၇၉၁ ဧက (၈,၉၈၃.၁၈ km2)
ဖွဲ့စည်းမတ် ၁၊ ၁၈၇၂ (၁၈၇၂-မတ်-၀၁)
လည်ပတ်သူများ၄,၂၅၇,၁၇၇ (၂၀၁၆ ခုနှစ်အတွင်း)
အုပ်ချုပ်ရေးအမျိုးသားဥယျာဉ် ဝန်ဆောင်မှု ဌာန
ယဲလိုးစတုန်း အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ
တည်ရှိသည့် နိုင်ငံ  အမေရိကန်
အမျိုးအစား သဘာဝ
ရွေးချယ်သည့်စံနှုန်း vii, viii, ix, x
ကိုးကား ၂၈
ဒေသ** ဥရောပ နှင့် မြောက်အမေရိက
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၈  (ဒုတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

ရှေးဦး အမေရိကန်လူမျိုးများသည် ယဲလိုးစတုန်းဒေသ တစ်ဝိုက်တွင် နေထိုင်ခဲ့သည်မှာ လွန်ခဲ့သောနှစ်ပေါင်း ၁,၁၀၀၀ ခန့်ကတည်းကပင် ဖြစ်သည်။ ၁၉ရာစု အစောပိုင်းနှင့် အလယ်ပိုင်း တောင်ပေါ်တွင် ရှာဖွေစားသောက်သူများ ဝင်ထွက်သွားလာမှုမှ လွဲ၍ ယဲလိုးစတုန်းဒေသကို စနစ်တကျ စူးစမ်းလေ့လာခဲ့ခြင်းမှာ ၁၈၆၀ ခုနှစ်များ ၏ နှောင်းပိုင်း အထိ မရှိခဲ့ပေ။

ကိုးကား ပြင်ဆင်ရန်

  1. Yellowstone, the First National Park
  2. U.S. Statutes at Large, Vol. 17, Chap. 24, pp. 32–33. "An Act to set apart a certain Tract of Land lying near the Head-waters of the Yellowstone River as a public Park." [S. 392]။
  3. Biosphere Reserve Information – United States – YellowstoneUNESCO – MAB Biosphere Reserves DirectoryUNESCO (August 17, 2000)။ August 4, 2007 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ August 14, 2016 တွင် ပြန်စစ်ပြီး။
  4. Park Facts။ National Park Service (December 22, 2015)။ 2015-12-27 တွင် ပြန်စစ်ပြီး။