ယွန်းဂိုဏ်းဆရာတော် ကမ်းဆေ

မိုးနဲမြို့နယ် တောရွာကလေးတရွာမှ တောင်ယာလုပ်ကိုင်စားသောက်သူ အဖပူခို၊ အမိ နိုင်းခို(အဖိုးခို-အဖွားခို)တို့မှ မြန်မာသက္ကရာဇ် ၁၂၁၁-ခု၊ ဝါဆိုလဆန်း (၁၁)ရက် ကြာသပတေးနေ့တွင် ဖွားမြင်သည်။ ငယ်မည် အောင်ခçခေါ်သည်။ ဆရာကောလီနှင့်မိုးနဲမြို့ဦးသုမနကျောင်းတွင် ကျောင်းနေဖက်ဖြစ်သည်။ လောကီပညာရပ်များကို ဝါသနာပါသည်။ ရဟန်းဘောင်သို့ ဝင်ရောက်ပြီးနောက် ၈-ဝါအရောက်တွင်ဦးသုမန ပျံလွန်တော်မူ၍ ထိုကျောင်းမှာပင် ကျောင်းထိုင်ဆရာတော်အမွေကို ခံယူရသည်။ သုဓမ္မာဆရာတော် ဖြစ် သော် လည် း ယွ န် းဂု ိ ဏ် းဆရာတော် များကဲ ့ သိ ု ့ လောကီ ပညာကု ိ လေ့ လာလု ိ က် စားသည်။ ထို့ကြောင့် ဒါယကာ ဒါယိကာမများက ယွန်းဂိုဏ်းဆရာတော်ဟု ခေါ်ကြသည်။


မိုးနဲမြို့တွင် သုဓမ္မာဂိုဏ်းနှင့်ယွန်းဂိုဏ်း သာသနာရေးနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေစဉ် ယွန်းဂိုဏ်းဆရာတော် မဟုတ်ပါဘဲလျက် ယွန်းဂိုဏ်းဆရာတော်ဟု စွပ်စွဲသောကြောင့် မိုင်းကိုင်မြို့သို့ ပြောင်းရွေ့လူဝတ်လဲနေထိုင်ရာမှ မိုင်းကိုင်မြို့သူနှင့်အကြောင်းပါပြီးနောက် သံလွ င် မြစ် အရှေ ့ဘက် ကမ် းရှ ိ "မိ န်းလွန်း" မြန် မာအခေါ် "မု ိင် းလင် း" နယ် ရှ ိ လနှ င် ့ ဝနယ် စပ် "ကမ်းဆေ"မြိ ု့သို့ပြောင် းရွေ ့နေထိုင် ပြီ း ဆေးဝါးကု သရင် း စာပေကျမ် းဂန်များ ပြုစုရေးသားလေသည်။ ပြုစုရေးသားသော ကျမ်းများသည် ဘုရားဟောဒေသနာတော်နည်းပြီး ဆေးကျမ်း၊ ဓာတ်ကျမ်း၊ နက္ခတ်ဗေဒင်ကျမ်း၊ ကာယသိဒ္ဓိ ပီယသိဒ္ဓိကျမ်းများနှင့်ဒဏ္ဍာရီပုံပြင်က များသည်။ ဆရာတော်ရေးသားသော "ခွန်ဆန်လော နန်းဥပျဉ်" ဒဏ္ဍာရီသည် စာကိုယ်နုပြောင်ယဉ် ကျေးလှ၍ ရှမ်းပြည်တွင် လူကြိုက်အများဆုံးပေါ်လွင် အထင်ရှားဆုံးဖြစ်သည်။ "ကမ်းဆေ"မြို့ကိုအစွဲပြု၍ အဖိုးဖြစ်သော "ပူ"ဝေါဟာရကို နာမည်ရှေ့မှ ထည့်၍ "ပူဆရာကမ်းဆေ"၊ အချို့က အရှင်ဖြစ်သော "စဝ်" ဝေါဟာရကို နာမည်ရှေ့မှထည့်၍ "စဝ်ကမ်းဆေ" ဟု ခေါ်ကြသည် ။ ၎င် းအမည် များထက် ယွ န် းဂု ိ ဏ် းဆရာကမ် းဆေ အမည် က လူ အများနှု တ်တွင်ပေါ်လွင်ထင်ရှားသည်။ အသက်(၆၀)တွင် ကွယ်လွန်အနိစ္စရောက်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဒါရိုက်တာ ဆရာမြင့် ၏ ရှမ်းစာဆိုတော်များ