ရက်ကန်းစင်တောင် ဆရာတော်(ဦးဩဘာသ)

ပြင်ဆင်ရန်

ရက်ကန်းစင်တောင် ဆရာတော် အလောင်းအလျာကို မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်၊ မြေပုံကံရွာဇာတိ ခမည်းတော် ဦးရာကျော်+မယ်တော် ဒေါ်ငွေတို့က ကောဇာသက္ကရာဇ် ၁၁၉၉-ခုနှစ် (ငှက်စားရွာ ဒေါ်လှဝိုင်း ပြောပြချက်အရ)၌ မီးရှူးသန့်စင် ဖွားမြင်တော်မူခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ငယ်နာမည် မောင်ကွန်း ဖြစ်သည်။ ဒုတိယသမီးမှာ မလှဝင်းဖြစ်ပြီး ရေနံသာရွာတွင် နေထိုင်ကာ ကွယ်လွန်သွားခဲ့သည်။

ကျောင်းနေအရွယ်သို့ ရောက်သောအခါ ရှမ်းမြောက်ရိုးဆရာတော်ဘုရား ထံအပ်နှံလျက် ပညာသင်ကြားစေရာ သင်ရိုးစာပေတို့ကို အရွယ်နှင့်မလိုက်အောင် ကြားမြင်ကာမျှဖြင့် တတ်မြောက်ခဲ့သည်။ ရှမ်းမြောက်ရိုးဆရာတော်သည် သင်ကြားဆုံးမရာ အများကျောင်းသားတို့ထက် ပညာလွန်ကဲမှု၊ ဆရာသမား၏ ဝတ္တရားတို့ကို ကျေပွန်အောင် ဆောင်ရွက်ခြင်းတို့ကြောင့် မောင်ကွန်းကို အထူးဂရုပြု သင်ကြားပြသကြောင်း သိရသည်။

ကျောင်းသားဘဝမှ သာမဏေဘောင်သို့ တက်ရောက်ပြီး လောကီဗေဒင်၊ ဆေးကျမ်းနှင့် အခြားလောကီပညာရပ်တို့ကို သင်ကြားလေသည်။