ရက်ချုပ်ဆိုသည်မှာ လူတစ်ယောက် မွေးဖွားသည့် ခုနှစ်၊ လ၊ ရက် နာရီ စသည်တို့ကို ထန်းရွက်ပေါ်တွင် ကညစ်ဖြင့် ရေးခြစ်၍ မှတ်တမ်းတင်ထားသော အရာဖြစ်သည်။ ရက်ချုပ်အား ကျီးမနား ထန်းရွက်ပေါ်တွင် ရေးသားလေ့​ရှိကြသည်။

ပုံမှန်ထန်းရွက်များသည် ဘေးသို့ ကားနေသောကြောင့် ကျီးကန်းများ နားနေနိုင်သော်လည်း ထောင်မတ်နေသော ထန်းရွက်မှာ ကျီးမနားနိုင်သဖြင့် မြင့်မြတ်သည်ဟု ယူဆကြသည်။ လူတစ်ယောက်၏ မွေးနေ့ အချိန်အခါကို ထိုသို့သော မြင့်မြတ်သည့်အရာတွင် ရေးမှတ်ခြင်းဖြင့် ကျက်သရေတိုးလိမ့်မည်ဟု ယူဆကြသဖြင့် ရက်ချုပ်ကို ကျီးမနားထန်းရွက်ပေါ်တွင် ရေးမှတ်ကြခြင်း ဖြစ်သည်။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ဆင်ဖြူကျွန်းအောင်သိန်း (၂၀၁၂)။ ကျေးလက်ရိုးရာမြန်မာမှုဓလေ့များ(နှစ်တွဲပေါင်း)။ မြန်မာ: စိတ်ကူးချိုချိုစာပေ။