ရခိုင်ရိုးမ

မြန်မာနိုင်ငံ အနောက်ပိုင်းရှိ တောင်တန်း

အရှေ့ပါကစ္စတန်ပြည်နယ်နှင့် မြန်မာနိုင်ငံအကြားတွင် မြောက်နှင့်တောင် တန်းလျက်ရှိသော တောင်ကုန်းဒေသကို အနောက်ဘက်တောင်ကုန်းဒေသဟု ခေါ်တွင်သည်။ ထိုကုန်းမြင့်ပိုင်းတွင် ရခိုင်တောင်ကုန်းဒေသ၊ ချင်းတောင်တန်း၊ လူရှေ (လူရှိုင်း)တောင်တို့ ပါဝင်လေသည်။ ရခိုင်ရိုးမတောင်တန်းသည် ထိုတောင်တန်းဒေသမှ တောင်ဘက်သို့ ကမ်းရိုးတန်းနှင့် ယှဉ်၍ ထိုးထွက်လာသော တောင်တန်းဖြစ်သည်။

ရခိုင်ရိုးမ
ရခိုင်တောင်ကုန်းဒေသ
ရခိုင်ရိုးမတောင်တန်းအား မောင်တောခရိုင်အတွင်းမှ တွေ့မြင်ရစဉ်
အမြင့်ဆုံးအမှတ်
တောင်ထွတ်နတ်မတောင်
အမြင့်၃,၀၉၄ m (၁၀,၁၅၁ ft)
ကိုဩဒိနိတ်21°25′46.36″N 93°49′10.75″E / 21.4295444°N 93.8196528°E / 21.4295444; 93.8196528
ပထဝီဝင်
ရခိုင်ရိုးမ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ရခိုင်ရိုးမ
နိုင်ငံMyanmar
ပြည်နယ်ရခိုင်ပြည်နယ်
တောင်တန်း ကိုဩဒိနိတ်21°16′N 93°57′E / 21.267°N 93.950°E / 21.267; 93.950ကိုဩဒိနိတ်: 21°16′N 93°57′E / 21.267°N 93.950°E / 21.267; 93.950
ဘူမိဗေဒ
ကျောက်သားအမျိုးအစားmetamorphic and tightly folded sedimentary rocks over crystalline basement

ရခိုင်ရိုးမသည် မင်းဘူးခရိုင်သရက်ခရိုင်ပြည်ခရိုင်ဟင်္သာတခရိုင်ပုသိမ်ခရိုင်တို့နှင့် ရခိုင်ဘက်ရှိ စစ်တွေခရိုင်ကျောက်ဖြူခရိုင်သံတွဲခရိုင်တို့ကို ခွဲခြားထားလေသည်။ တောင်တန်းတစ်လျှောက်တွင် ပျမ်းမျှအားဖြင့် အမြင့်ပေ ၄ဝဝဝ နှင့် ပေ ၅ဝဝဝ အကြား၌ ရှိသည်။ မြောက်ဘက်တွင် ထိုထက်မြင့်မားသော တောင်တန်းများ ရှိလေသည်။ ရိုးမတောင်တန်းသည် မတ်စောက်၍ တောထူထပ်သည်။ သို့ရာတွင် ကျွန်းပင်များ မပေါက်ချေ။

ရိုးမတောင်ပေါ်တွင် ချင်းလူမျိုးတို့ နေထိုင်ကြသည်။ တောင်ယာစိုက်စားကြသည်။ ပြောင်းဆန်နှင့် တောင်ပေါ်စပါး တစ်မျိုးကို ရှေးရိုးနည်းအတိုင်း စိုက်ပျိုးလုပ်ကိုင်ကြလေသည်။ ရခိုင်ရိုးမတောင်ကို ဖြတ်ကျော်နိုင်သော တောင်ကြားလမ်း နှစ်ခု ရှိသည်။ ပထမတောင်ကြားလမ်းမှာ ကျောက်ဖြူခရိုင် အမ်းမြို့မှ မင်းဘူးခရိုင် ငဖဲမြို့သို့ပေါက်သော အမ်းတောင်ကြားလမ်း ဖြစ်၍၊ ဒုတိယတောင်ကြားလမ်းမှာ သံတွဲခရိုင် တောင်ကုပ်မြို့မှ ပြည်မြို့နှင့် တစ်ဖက်ကား ဧရာဝတီမြစ်ပေါ်ရှိ ပန်းတောင်းမြို့သို့ ပေါက်သော တောင်ကုပ်တောင်ကြားလမ်း ဖြစ်သည်။[]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)