ရခိုင်ဝန်
ရခိုင်ဝန်ရာထူးသည် ဘိုးတော်ဘုရား ( ဗဒုံမင်း ) လက်ထက် မတိုင်မီက သီးခြားရပ်တည်ခဲ့သော ရခိုင်ဘုရင်ထီးနန်းစိုးစံရာ ရခိုင်ဒေသနှင့် ဆက်သွယ်လုပ်ဆောင်ရန် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် ဗဒုံမင်းလက်ထက် ၁ ဇန်နဝါရီ ၁၇၈၅ ခုနှစ်တွင် ရခိုင်ကို သိမ်းပိုက်ပြီးသောအခါ ရခိုင်ဒေသအား ဝတီနတ်လေးရပ်အဖြစ် သတ်မှတ်အုပ်ချုပ်စေခဲ့ရာ ရခိုင်ဝန်ရာထူးလည်း ခန့်ထားခြင်း မရှိတော့ပေ ။
စဉ့်ကူးမင်းလက်ထက်ရခိုင်ဝန်
ပြင်ဆင်ရန်စဉ့်ကူးမင်း ( ၁၇၇၆ - ၁၇၈၂ ) လက်ထက်တွင် ဘွဲ့မည်မသိရသော ရခိုင်ဝန်တစ်ဦး ရှိခဲ့ဖူးပါသည်။ ယင်းရခိုင်ဝန်သည် ၂၃ ဒီဇင်ဘာ ၁၇၇၆ ခုနှစ်တွင် လကွန်း၊ ဖာသင်းမြို့များသို့ စစ်ချီရာ၌ လိုက်ပါ စစ်မှုထမ်းရွက်ခဲ့ရသည်။
ရခိုင်ဝန် သတိုးမင်းလှရာဇာ
ပြင်ဆင်ရန်မှတ်တမ်းတစ်စောင်တွင် အလောင်းမင်းတရား၏ အနွယ်တော် မင်းကြော့ရွှေထီးဘွဲ့ခံ ဦးစိန်ပန်းနှင့် ဇနီးမယ်ပန်းတို့၏ သမီးမယ်ရည်သည် ရခိုင်ဝန် မင်းရဲမင်းလှရာဇာနှင့် လက်ဆက်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းရခိုင်ဝန် သတိုးမင်းလှရာဇာ သည်ပင် စဉ့်ကူးမင်းလက်ထက် လကွန်းဖာသင် မြို့များသို့ စစ်ချီခဲ့ရသူ ဖြစ်ဟန်ရှိပါသည်။