ရင်ခတ်ပင်
Gardenia jasminoides
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Gentianales
မျိုးရင်း: Rubiaceae
မျိုးရင်းသေး: Ixoroideae
မျိုးဇာတ်: Gardenieae
မျိုးစု: Gardenia
J.Ellis
မျိုးစိတ်

See text

အရွက် (Gardenia coronaria)

ရင်ခတ်ပင်ကား အမြင့်ပေ လေးငါးဆယ်၊ လုံးပတ် လေးပေရှိသစ်ပင်မျိုးဖြစ်၍ သွေ့ခြောက်သောလွင်ပြင်သစ်တောများတွင် ပေါက်ရောက်သည်။ ရင်ခတ်ကြီး၊ ရင်ခတ်လေးဟု နှစ်မျိုးရှိသည်။

ရင်ခတ်ပင်သည် ရူဗီအေစီအီးမျိုးရင်း(Rubiaceae)တွင် ပါဝင်သော သစ်ပင်အလတ်မျိုး ဖြစ်၍ ရင်ခတ်ကြီးနှင့် ရင်ခတ်ကလေးဟူ၍ နှစ်မျိုးရှိသည်။ ရင်ခတ်ကြီးကို ရုက္ခဗေဒအလိုအရ ဂါဒီနီယာ ကိုရိုနေရီယာ(Gardenia coronaria)ဟု ခေါ်သည်။ အပင်မှာ အရွက်အလတ်စား ဖြစ်ပြီးလျှင် မြန်မာနိုင်ငံ သွေ့ခြောက်သည့်လွင်ပြင် သစ်တော များတွင် အတော်များများ ပေါက်ရောက်သည်ကို တွေ့နိုင်သည်။ အမြင့်ပေ ၄ဝ မှ ၅ဝ အထိ ရှိနိုင်ကြ၍ လုံးပတ် လေးပေအထိ ရှိနိုင်သည်။ များသောအားဖြင့် အကိုင်းအခက်များသောအပင်မျိုး ဖြစ်၏။ ရင်ခတ်ပင်၏အသားမှာ ကျစ်လျစ်မာကျော၍ အရောင် မှာ အညိုဖျော့ ဖြစ်သည်။ အသားသေအောင် ပြုလုပ်ရာတွင် ဂရုစိုက်ရသည်။

ရင်ခတ်သားကို ဘီးနှင့်အရုပ်တုလုပ်ရန် အသုံးပြုကြသည်။ ရင်ခတ်ကလေး၏ ရုက္ခဗေဒအမည်မှာ ဂါဒီနီယာအော့ဗတူဆီဖိုလီယာ(Gardenia obtusifolia) ဖြစ်သည်။ ရင်ခတ်ကြီးနှင့် အလားတူ အပင်မျိုး ဖြစ်၍ ရင်ခတ်ကြီးပေါက်ရောက်သည့် သစ်တောများတွင်ပင် ပေါက်ရောက်လေသည်။ ရင်ခတ်ကလေးသည် အမြင့်ပေ ၂ဝ ကျော်ခဲ့လေသည်။[၁]

မျိုးစိတ် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)