ရစ်ချတ်ဖိလစ်ဖိန်းမန်း (၁၉၁၈ မေ ၁၁ - ၁၉၈၈ ဖေဖော်ဝါရီ ၁၅) သည် အမေရိကန်နိုင်ငံသား သီအိုရီပိုင်းဆိုင်ရာရူပဗေဒပညာရှင်ဖြစ်ပြီး ကွန်တံမက္ကင်းနစ်အတွက် လမ်းကြောင်းလားရာကို ပုံသေနည်းရှာပေးမှု၊ ကွန်တံဣလက်ထြိုဒိုင်းနမစ်အတွက် သီအိုရီ၊ အအေးလွန်ခံထားသောအခြေအနေ၌ဖြစ်သည့် ဟီလီယံရည်၏အထူးအရည်သဘာဝအတွက် ရူပဗေဒဆိုင်ရာ အယူအကောက်တို့အပြင် အမှုန်ရူပဗေဒအတွက် ပါတွန်မော်ဒယ်ကိုလည်း အဆိုပြုခဲ့သေးသည်။ ကွန်တံဣလက်ထြိုဒိုင်းနမစ်အတွက် ဖော်ထုတ်သော သီအိုရီကြောင့် ၁၉၆၅ ခု၌ ဂျူလီယန်ရွှင်ဂါ၊ ရှင်ဤချီရိုတိုမိုနာဂါတို့နှင့်တွဲ၍ ရူပဗေဒဆိုင်ရာနိုဘယ်ဆု ရသည်။

Richard Feynman
Feynman in a jacket and tie, smiling
Feynman c. 1965
မွေးဖွားRichard Phillips Feynman
(1918-05-11)မေ ၁၁၊ ၁၉၁၈
New York City, U.S.
ဆုံးပါးဖေဖော်ဝါရီ ၁၅၊ ၁၉၈၈(1988-02-15) (အသက် ၆၉)
Los Angeles, California, U.S.
ခေါင်းချရာMountain View Cemetery and Mausoleum, Altadena, California, U.S.
အခြားအမည်များDick Feynman[၁]
နယ်ပယ်Theoretical physics
အဖွဲ့အစည်းဌာနCornell University
California Institute of Technology
မိခင်ကျောင်းMassachusetts Institute of Technology (S.B. 1939)
Princeton University (Ph.D. 1942)
ဘွဲ့ယူစာတမ်းThe Principle of Least Action in Quantum Mechanics (1942)
ပါရဂူဘွဲ့ ကြီးကြပ်သူJohn Archibald Wheeler
ပါရဂူဘွဲ့ယူ တပည့်များ
အခြား တပည့်ကျော်များ
ကျော်ကြားမှုအရင်းခံ
ထင်ပေါ်ကျော်ကြား ဆုတံဆိပ်များ
အိမ်ထောင်ဘက်Arline Greenbaum (လက်ထပ် 1941; died 1945)
Mary Louise Bell (လက်ထပ် 1952–56)
Gweneth Howarth (လက်ထပ် 1960)
ရင်သွေး(များ)2
လက်မှတ်

အနုမြူတွင်းအမှုန်များ၏အပြုအမူကိုရှင်းပြသော သင်္ချာပုံသေနည်းများကို ရုပ်ပုံကားနည်းနှင့်တွဲ၍ ဟောပြောပို့ချခြင်းကို ဖိန်းမန်းက စသုံးခဲ့ပြီး နှောင်းပိုင်းတွင် ဖိန်းမန်းဒိုင်ယာဂရံဟု လူသိများလေသည်။ သက်ရှိထင်ရှားရှိစဉ်ပင် ကမ္ဘာပေါ်ရှိ လူသိအများဆုံးသော သိပ္ပံပညာရှင်များအနက် တဦးဖြစ်ခဲ့သည်။ ၁၉၉၉ ခု၌ ကမ္ဘာ့ထိပ်တန်း ရူပဗေဒပညာရှင် ၁၃၀ ကို ဖိဆစ်ဝေါ (Physics World) အမည်ရှိ ဗြိတိန်ဂျာနယ်က စစ်တမ်းကောက်ရာ ဖိန်းမန်းက နံပါတ် ၇ ချိတ်သည်။

ဒုတိယကမ္ဘာစစ်၌ အနုမြူဗုံးလုပ်ရာတွင် ဝင်ကူခဲ့ပြီး ၁၉၈၀ ကာလများ၌ ရော်ဂျာကော်မရှင်အဖွဲ့ဝင်အဖြစ် လူသိများခဲ့သည်။ အဆိုပါကော်မရှင်မှာ အာကာသလွန်းပျံယာဉ် ချယ်လင့်ဂျာ (Challenger) ပျက်ကျခြင်းကြောင့် ဖွဲ့သော ခုံရုံးဖြစ်သည်။ သီအိုရီဆိုင်ရာရူပဗေဒနည်းတူ ကွန်တံကွန်ပျုတင်းနယ်တွင်လည်း လမ်းစဖေါက်သူအဖြစ် အသိအမှတ်ပြုကြသည်။ နာနိုနည်းပညာ၏သဘောတရားကိုလည်း မိတ်ဆက်ပေးသူဖြစ်သည်။ ကာလီဖိုးနီးယားနည်းပညာတက္ကသိုလ်၌ သီအိုရီဆိုင်ရာရူဗေဒဘာသာရပ်၌ ရူပဗေဒနှင့်သင်္ချာပညာရှင် ရစ်ချတ်တောမန်းအား အောက်မေ့ခြင်းအားဖြင့် ရစ်ချစ်တောမန်းပညာသင်ဆုဟူ၍ ထားခဲ့သည်။

ရူပဗေဒကို စာအုပ်များမှ လူသိများစေသူလည်း ဖြစ်သည်။ ၁၉၅၉ ခုတွင် နာနိုနည်းပညာကို လူပိန်းနားလည်အောင် အလွယ်ရှင်းပြသော "အောက်မှာအခန်းတွေအများကြီး" ဟူသောခေါင်းစဉ်ဖြင့် ဟောပြောပွဲ လုပ်သေးသည်။ ဘွဲ့ကြိုကျောင်းသားများအား ရည်ရွယ်၍ "ရူပဗေဒအတွက် ဖိန်းမန်းရဲ့လက်ချာ" အမည်ရှိ သုံးအုပ်တွဲစာစုကိုလည်း ထုတ်သည်။ သူ၏ဘဝဇာတ်ကြောင်းကို တစိတ်တပိုင်းရေးထားသော "ခင်ဗျားနောက်နေတာလား မစ္စတာဖိန်းမန်း" နှင့် "သူများတွေတွေးတာမင်းဘာတွေဂရုစိုက်နေလဲ" တို့မှာလည်း လူသိများသည်။ အခြားသူတို့ရေးသော ဖိန်းမန်းအထုပ္ပတ္တိများမှာ ရာ့လေတင်၏ "တူဗာမရောက်ရင် ဒုက္ခရောက်ပြီ" နှင့် ဂျိမ်းဂလစ်၏ "ဉာဏ်ကြီးရှင် : ရစ်ချတ်ဖိန်းမန်း၏ဘဝဇာတ်ကြောင်းနှင့် သိပ္ပံဇာတ်လမ်း" တို့ ဖြစ်လေသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Everybody called him Dick." – Freeman Dyson
    Quote from June 1998 interview with Silvan "Sam" Schweber, posted at webofstories.com on January 24, 2008 (view on YouTube)