ကာဒင်နယ် ရစ်ရှလျူး

(ရစ်ရှလျူး၊ ကာဒင်နယ် မှ ပြန်ညွှန်းထားသည်)

ရစ်ရှလျူးမြို့စား အာမန်ဇန်းဒျူပလဲဆီးသည် ပြင်သစ်နိုင်ငံ သမိုင်းတွင် အထူးထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်ပေ သည်။ ဘုရင်ရှိလင့်ကစား ပြင်သစ်နိုင်ငံကို နှစ်ပေါင်း ၂ဝ နီးပါးမျှ တကယ်တမ်း အုပ်ချုပ်ခဲ့သူမှာ ရစ်ရှလျူးပင် ဖြစ် သည်။ ရစ်ရှလျူးသည် ဝန်ကြီးချုပ်အဖြစ်ဖြင့် ပြင်သစ်နိုင်ငံကို ဥရောပတိုက်တွင် ထိပ်တန်းနိုင်ငံအဖြစ်သို့ ပို့ဆောင်ခဲ့သူလည်း ဖြစ်သည်။ ရစ်ရှလျူးသည် သူကောင်းမျိုးထဲမှ ဆင်းသက်လာသူဖြစ်၍ ပါရစ်မြို့တွင် ၁၅၈၅ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့၌ ဖွားမြင် ၏။ ဘခင်မှာ အယူဝါဒရေး စစ်ပွဲများတွင် ထူးချွန်စွာ အမှု ထမ်းခဲ့သူဖြစ်၍ ပြင်သစ်ဘုရင် တတိယ ဟင်နရီက သူ၏သား အကြီးဆုံးအား လူစွန်ဂိုဏ်းအုပ်ရာထူး ချီးမြှင့်သည်။ သို့ရာတွင် သားကြီး နှစ်ဦးစလုံးက လက်မခံသဖြင့် တတိယသားဖြစ်သူ ရစ်ရှလျူးသည် လက်ခံလေသည်။ အာသက် ၂ဝ မျှသာ ရှိသော ရစ်ရှလျူးသည် ဂိုဏ်းအုပ်အဖြစ် တာဝန်ကျေပြွန်၏။ သို့သော် လည်း သူသည် ရာထူးတိုးတက်ရန် အခွင့်အရေးကို စောင့်မျှော် နေခဲ့သည်။


ရစ်ရှလျူးသည် ၁၆၁၄ ခုနှစ်တွင် သာသနာ့ဝန်ထမ်းများ ၏ ကိုယ်စားလှယ်အဖြစ် ဥပဒေပြုလွှတ်တော်သို့ ရွေးကောက် တင်မြေ|ာက်ခြင်း ခံရသည်။ ၁၃ ဆက်မြောက် လူဝီဘုရင်၏ မယ်တော်ကလည်း ရစ်ရှလျူး၏ အစွမ်းအစကို သဘောကျ သဖြင့် ချီးမြှင့်မြေ|ာက်စားထားသည်။ သို့ရာတွင် လူဝီဘုရင်သည် မယ်တော်နှင့် ဂိုဏ်းအုပ်ရစ်ရှလျူးတို့က မိမိ၏ ထီးနန်းကို တစ်နေ့လုပ်ကြံမည်ဟု စိုးရိမ်ပြီးလျှင် နှစ်ဦးစလုံးကို ပြည်နှင် ဒဏ် ပေးလေသည်။ သို့သော်လည်း ရစ်ရှလျူး၏ ပါးနပ်လိမ္မာ မူကြောင့် မကြာမီ နန်းတော်၌ ပြန်၍ ခစားခွင့်ရသည်။ မယ်တော်လည်း နန်းတော်သို့ ပြန်ရောက်သည်။ ၁၆၂၂ ခုနှစ်တွင် ရစ်ရှလျူးသည် ကာဒင်နယ်အဖြစ် ခန့် အပ်ခြင်း ခံရ၏။ နှစ်နှစ်ကြာသောအခါ ဘုရင့်မယ်တော်၏ အကူအညီဖြင့် နိုင်ငံတော်ဝန်ကြီး ဖြစ်လာလေသည်။ ကာဒင် နယ် ရစ်ရှလျူးသည် ထိုအချိန်မှ အစပြု၍ အနိစ္စရောက်သည့် အချိန်အထိ ပြင်သစ်အစိုးရကို ဦးစီးခေါင်းဆောင်ခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ တစ်နိုင်ငံလုံးက ဘုရင့်အာဏာကို ရိုသေ လေးစားလာကြရန် ဖြစ်၏။ ထိုကြောင့် ပြင်သစ်နိုင်ငံတွင် ဩဇာ လွှမ်းမိုးနေသော သူကောင်းမျိုးကို နှိမ်နင်းရမည်ဖြစ်သည်။ ထို့ပြင် ဘုရင့်အာဏာကို ဖြိုဖျက်ရန် ကြိုးစားနေကြသော ပရို တက်စတန့် ဂိုဏ်းဝင် ဟျူးဂျနိုးတို့၏ရန်ကိုလည်း တွန်းလှန် ကာကွယ်ရမည် ဖြစ်လေသည်။


ဦးစွာ၌ ရစ်ရှလျူးသည် အင်္ဂလန်နိုင်ငံနှင့် သင့်တင့်အောင် စီမံ၏။ ထိုနောက် ဟျူးဂျနိုးတို့၏ ခြေကုပ်ခံတပ်ဖြစ်သော လာရိုရှဲမြို့ကို ကိုယ်တိုင်ဦးစီး၍ တိုက်ခိုက်သည်။ မြို့ကို တစ်နှစ် ကျော်မျှ ဝိုင်းဝန်းလုပ်ကြံပြီးနောက် ၁၆၂၉ ခုနှစ်တွင် ဟျူးဂျနိုး တို့ အညံ့ခံရလေသည်။ ရစ်ရှလျူးသည် ဟျူးဂျနိုးတို့၏ နိုင်ငံ ရေးအရ လွတ်လပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်သော်လည်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ကိုမူ ပေးမြဲပေးထားသည်။ ထိုကြောင့် နောင်နိုင်ငံခြားနှင့် စစ်ဖြစ်ရသောအခါ ဟျူးဂျနိုးတို့သည် ပြင်သစ်အစိုးရဘက်မှ ပါဝင်တိုက်ခိုက်ခဲ့ကြသည်။ ဟျူးဂျနိုးတို့၏ရန် အေးပြီးနောက် သူကောင်းမျိုးကို ဆက်၍ နှိမ်နင်းရသည်။ သူကောင်းမျိုးတို့သည် ပြင်သစ်နိုင်ငံ နေရာအနှံ့အပြားတွင် ရဲတိုက်ကြီးများဖြင့် အခိုင်အခံ့ နေထိုင် ကြသဖြင့် ယင်းတို့ကို နှိမ်နင်းရသော ကိစ္စမှာ မလွယ်ချေ။ သို့သော် ၁၆၂၆ ခုနှစ်တွင် ရစ်ရှလျူးသည် နိုင်ငံကာကွယ် ရေးအတွက် မလိုသော ရဲတိုက်များကို ဖျက်ဆီးပစ်ရန် အမိန့် တော်ပြန်တမ်း တစ်ရပ်ကို ထုတ်ပြန်လိုက်လေသည်။ ထိုကြောင့် ယခုအခါ ပြင်သစ်နိုင်ငံတွင် ရှေးဟောင်းရဲတိုက်ပျက်များကို တွေ့နိုင်သည်။ ရစ်ရှလျူး၏ တန်ခိုးအာဏာကြီးမားလာသည် နှင့်အမျှ မလိုမုန်းတီးသူလည်း များလာ၏။ သူ၏ရည်မှန်းချက် ကို ပေါက်မြောက်အောင် ဆောင်ရွက်ရာ၌ အဆီးအတား အနှောက်အရှက် ရှိသမျှကို အထောက်အညှာမရှိဘဲ သုတ်သင် ဖယ်ရှား၏။


ကာဒင်နယ် ရစ်ရှလျူးအတွက် အရေးအကြီးဆုံး ပန်းတိုင် မှာကား ပြင်သစ်နိုင်ငံကို ဥရောပတိုက်တွင် ထိပ်တန်းနိုင်ငံ အဖြစ်သို့ ရောက်ရှိစေခြင်းပင် ဖြစ်၏။ ရစ်ရှလျူး တန်ခိုးကြီး လာချိန်တွင် ဥရောပတိုက်၌ နှစ်ပေါင်းသုံးဆယ်စစ်ပွဲ ဖြစ်ပွား လျက် ရှိသည်။ ရစ်ရှလျူးသည် ထိုစစ်ပွဲတွင် မိမိနိုင်ငံအတွက် အကျိုးရှိမည့် အခွင့်အရေးကို မြင် လာလေသည်။ ထိုကြောင့် ဩစတြီးယားနိုင်ငံ၏ တန်ခိုး အာဏာကို ချိုးနှိမ်ရန်အတွက် ဂျာမန်ပရိုတက်စတန့်တို့အား အကူအညီပေးသည်။ ရှေးဦးစွာ ဂျာမန်ပရိုတက် စတန့်တို၏ မဟာမိတ်ဖြစ်သော ဆွီဒင်ဘုရင် ဂပ်စတားဗပ် အဒေါဖပ်အား ငွေကြေးထောက်ပံ့သည်။ ၁၆၃ဝ ခုနှစ်တွင် နှစ်သုံးဆယ်စစ်ပွဲ အတွက် စစ်ပြေငြိမ်းရေးစာချုပ်ကို ချုပ်ဆိုကြသောအခါ ပြင်သစ်နိုင်ငံသည် ဥရောပတိုက်၌ အင်အားကြီးသော နိုင်ငံ အဖြစ်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ၁၆၃၁ ခုနှစ်တွင် ရစ်ရှလျူးသည် မြို့စားဘွဲ့ကို ရရှိသည်။ သို့ရာတွင် နှစ်သုံးဆယ်စစ်ပွဲမပြီးဆုံးသေးမီ ၁၆၄၂ ခုနှစ် ဒီဇင် ဘာလ ၄ ရက်နေ့၌ ကွယ်လွန်လေသည်။ ကာဒင်နယ်ရစ်ရှလျူး ၏ နေရာတွင် မာဇရင်က ဝန်ကြီးချုပ်အဖြစ် ဆက်ခံသည်။

ရစ်ရှလျူးသည် ကျန်းမာရေး၌ ချို့တဲ့သူ ဖြစ်သော်ငြား လည်း မင်းညီမင်းသားဟန်ပေါက်၍ စိတ်ပြင်းပြသဖြင့် ဘုရင် နှင့်တကွ တိုင်းသူပြည်သားအများတို့က လေးစားကြသည်။ မိမိ၏နိုင်ငံ ကောင်းစားရေးကို အထူးပင် ကြိုးစားခဲ့သူ ဖြစ်ပေ သည်။ ရစ်ရှလျူးသည် စာပေဘက်၌လည်း နှံ့စပ်သဖြင့် စာရေး ဆရာ အကျော်အမော်တို့ကို ခြီးမြေ|ာက်အားပေးသည်။ ဆော်ဗန်း တက္ကသိုလ် အဆောက်အအုံများကို အသစ်ဆောက်လုပ်၍ အထောက်အပံ့များစွာ ပေးလှူခဲ့သည်။ အထူးသဖြင့် ၁၆၃၅ ခုနှစ်တွင် ပြင်သစ် ပညာတံခွန်အသင်းကို တည်ထောင်ခဲ့လေ သည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)