ရည်သန်လုပ်ရပ်
ဒဿနိကဗေဒသုံး ရည်သန်လုပ်ရပ် (အင်္ဂလိပ်: action) ဆိုသည်မှာ ရည်သန်ချက် တမျိုးမျိုး၏ မောင်းနှင်မှုကြောင့် ပုဂ္ဂိုလ်(agent) ၏ လိုလားရာ ရည်ရွယ်ချက် အခြေအနေတခုခု အလို့ငှာ ဆောင်ရွက်မှု ဖြစ်သည်။[၁][၂]
ရည်သန်လုပ်ရပ် သီအိုရီ (Action Theory) မှ ပထမမေးခွန်းသည်လည်း၊ ဤ ရည်သန်လုပ်ရပ် (action) တို့ကို သိတွေးမဲ့ တုံ့ပြန်မှုများ (involuntary reflexes) ကဲ့သို့သော အခြား (ရည်သန်ချက်မဲ့) လုပ်ဆောင်မှုများ၊ အတုံ့အမူ(behavior)များ နှင့် မည်သို့ ခွဲခြားအပ်သနည်း ဟူ၏။[၃]
အကိုးအကား
ပြင်ဆင်ရန်- ↑ Action။ Metaphysics Research Lab, Stanford University (2016)။
- ↑ Honderich၊ Ted (2005)။ "Action"။ The Oxford Companion to Philosophy။ Oxford University Press။
- ↑ Craig၊ Edward (1996)။ "Action"။ Routledge Encyclopedia of Philosophy။ Routledge။