ရတနသုတ်ကို ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌ အပိုင်း ၆ တွင် တွေ့ရှိနိုင်ပါသည်။ ဤသုတ်၏ သမိုင်းမှာ ဤသို့ဖြစ်သည်။ မြတ်စွာဘုရားရှင်လက်ထက် ဝေသာလီပြည်၌ မိုးခေါင်ရေရှားပြီး ကောက်ပဲသီးနှံများ စိုက်ပျိုး၍မဖြစ်ထွန်းပဲ ငတ်မွတ်ခေါင်းပါးဘေးကြုံကာ တိုင်းသူပြည်သားများ သေကျေပျက်စီးကုန်ကြပါသည်။ သေဆုံးမှုများ များလာပြီး ရုပ်အလောင်းများ ပုံထပ်နေသောအခါ၌ မြို့ပြင်၊ ရွာပြင်တွင်ရှိသော ဘီလူး၊ သရဲ၊ သဘက်များသည် မြို့ရွာထဲသို့ဝင်ပြီး အသေကောင် ရုပ်အလောင်းများကို ဝိုင်းဖွဲ့စားသောက်ကြပါသည်။ ဘီလူး၊ သရဲတွေကိုမှီပြီး ကပ်ရောဂါဘေးသည်လည်း ဆိုက်ရောက် လာပါသည်။ ဤသို့ အနာရောဂါဘေး ၊ ဘီလူးဘေး ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကြောင့် ဝေသာလီပြည်၏မင်းသည် ဝေသာလီပြည်နှင့် ရှစ်ယူဇနာဝေးသော ဂင်္ဂါမြစ်တစ်ဖက်ကမ်း ရာဇဂြိုဟ်ပြည်တွင် သီတင်းသုံးနေသော မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီမှတစ်ဆင့် ပင့်ဖိတ်ပြီး ထိုကပ်ဆိုးကြီးများမှ ကယ်ဆယ်ပေးရန် တောင်းပန်လျှောက်ထားသောအခါ၌ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီပြည်သို့ ကြွချီတော်မူပါသည်။ မြတ်စွာဘုရားနှင့် ရဟန္တာငါးရာ ဝေသာလီပြည်သို့ ရောက်ရောက်ချင်းအခါတွင် တိုင်းပြည်အပေါ်၌ မိုးတိမ်များ ရုတ်တရက် အုံ့ဆိုင်းလာပြီး မိုးထစ်ချုန်းစွာ သဲသဲမဲမဲ သည်းထန်စွာရွာသွန်းလိုက်သဖြင့် ပုပ်ပွ အနံ့ထွက်ကာ သေဆုံးနေသူများ၏ရုပ်အလောင်းများ အားလုံးသည် မိုးရေနှင့်အတူမျောပါသွားပြီး မကောင်းသော အပုပ်နံ့များလည်း ကင်းစင်သွားပါသည်။ [၁]ဤသို့ မိုးကြီးရွာသွန်းပြီး သန့်ရှင်းသွားသောအခါ၌ မြတ်စွာဘုရားသည် ညီတော်အာနန္ဒာနှင့်အတူ ရဟန္တာငါးရာခြံရံပြီး ဝေသာလီမြို့၏ တတိယတံတိုင်းတွင် ဘုရားရှင်က အရှင်အာနန္ဒာကို ရတနသုတ် ဟောပြောသင်ကြားပေးသည်။ ထို့နောက် အရှင်အာနန္ဒာ မထေရ်က တံတိုင်းသုံးခုစလုံးတွင် ညလုံးပေါက်ရွတ်ဖတ်ခဲ့သည်။[၂] ဤသည်မှာ ရတနသုတ်ကို မူလပထမ ဟောကြားခြင်း ဖြစ်ပေသည်။

ရတနသုတ်ပါဠိတော်ပြင်ဆင်

၁။ ပဏိဓာနတော ပဋ္ဌာယ၊
     တထာဂတဿ ဒသ ပါရမိယော၊
     ဒသ ဥပပါရမိယော၊
     ဒသ ပရမတ္တ ပါရမိယောတိ၊
     သမတ္တိံသ ပါရမိယော၊
     ပဉ္စ မဟာပရိစ္စာဂေ၊
     လောကတ္ထစရိယံ ဉာတတ္ထစရိယံ၊
     ဗုဒ္ဓတ္ထစရိယန္တိ တိဿော စရိယာယော၊
     ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
     ဇာတိံ အဘိနိက္ခမနံ၊
     ပဓာနစရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ၊
     သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
     ဓမ္မစက္ကပ္ပဝတ္တနံ၊
     နဝ လောကုတ္တရဓမ္မေတိ၊
     သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဇေတွာ၊
     ဝေသာလိယာ တီသု ပါကာရန္တရေသု၊
     တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
     အာယသ္မာ အာနန္ဒတ္ထေရော ဝိယ၊
     ကာရုညစိတ္တံ ဥပဋ္ဌပေတွာ။

၂။ ကောဋီသတသဟဿေသု၊
     စက္ကဝါဠေသု ဒေဝတာ။
     ယဿာဏံ ပဋိဂ္ဂဏှန္တိ၊
     ယဉ္စ ဝေသာလိယာ ပုရေ။

၃။ ရောဂါ မနုဿဒုဗ္ဘိက္ခ
     သမ္ဘူတံ တိဝိဓံ ဘယံ။
     ခိပ္ပ မန္တရ ဓာပေသိ၊
      ပရိတ္တံ ဘဏာမ ဟေ။

၄။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
     ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
     သဗ္ဗေဝ ဘူတာ သုမနာ ဘဝန္တု၊
     အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။

၅။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ၊
     မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
     ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
     တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။

၆။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊
     သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။
     နနော သမံ အတ္ထိ တထာဂတေန၊
     ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
     ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၇။ ခယံ ဝိရာဂံ အမတံ ပဏီတံ၊
     ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
     န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
     ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။
     ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊
     သမာဓိ မာနန္တရိကည မာဟု၊
     သမာဓိနာ တေန သမော န ဝိဇ္ဇတိ၊
     ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
     ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၉။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
     စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
     တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
     ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
     ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
     ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
       နိက္ကာမိနော ဂေါတမသာသနမှိ။
       တေ ပတ္တိပတ္တာ အမတံ ဝိဂယှ၊
       လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၁။ ယထိန္ဒခီလော ပထဝိဿိတော သိယာ၊
       စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော။
       တထူပမံ သပ္ပုရိသံ ဝဒါမိ၊
       ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၂။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ၊
       ဂမ္ဘီရ ပညေန သုဒေသိတာနိ။
       ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
       န တေ ဘဝံ အဋ္ဌမ မာဒိယန္တိ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၃။ သဟာဝဿ ဒဿနသမ္ပဒါယ၊
       တယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ။
       သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ၊
       သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ။

၁၄။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော၊
       ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၅။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊
       ကာယေန ဝါစာ ဥဒ စေတသာ ဝါ။
       အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ၊
       အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၆။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
       ဂိမှာန မာသေ ပဌမသ္မိံ ဂိမှေ။
       တထူပမံ ဓမ္မဝရံ အဒေသယိ၊
       နိဗ္ဗာနဂါမိံ ပရမံ ဟိတာရ။
       ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၇။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော။
       အနုတ္တရော ဓမ္မဝရံ အဒေသယိ။
       ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၈။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ၊
       ဝိရတ္တစိတ္တာ ယတိကေ ဘဝသ္မိံ။
       တေ ခီဏဗီဇာ အဝိရုဠှိ ဆန္ဒာ၊
       နိဗ္ဗန္တိ ဓီရာ ယထယံ ပဒီပေါ။
       ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
       ဧတေန သစ္စေန သုဝတ္ထိ ဟောတု။

၁၉။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
       ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ။
       တထာဂတံ ဒေဝမနုဿပူဇိတံ။
       ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။

၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
       ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
       တထာဂတံ ဒေဝမနုဿ ပူဇိတံ။
       ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု။

၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
       ဘုမ္မာနိ ဝါ ယာနိ ဝ အန္တလိက္ခေ၊
       တထာဂတံ ဒေဝမနုဿ ပူဇိတံ၊
       သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
       
       ရတန သုတ္တံ နိဋ္ဌိတံ။[၃]

ရတနသုတ်မြန်မာပြန်ပြင်ဆင်

၁။ ဒီပင်္ကရာ ထွတ်ချာသေဌ်နင်း တရားမင်း၏ခြေရင်းတော်၌ ဘုရားဆုကိုတောင်းသည့်ကာလမှ အစပြု၍ မြတ်စွာဘုရား ဖြည့်ဆည်းပူးခဲ့သော ပါရမီ(၁၀)ပါး၊ ပရမတ္ထပါရမီ(၁၀)ပါးအားဖြင့် အမျှ(၃၀)သောပါရမီတို့ကိုလည်းကောင်း၊ စွန့်ခြင်းကြီး(၅)ပါးတို့ကိုလည်းကောင်း၊ လောက၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားအလို့ငှာကျင့်ခြင်း၊ ဘုရားဖြစ်ခြင်း အကျိုးငှာကျင့်ခြင်းဟူသော စရိယ(၃)ပါးတို့ကိုလည်းကောင်း၊ နောက်ဆုံးဘဝ၌ အမိဝမ်းတွင်း ပဋိသန္ဓေယူတော်မူခြင်း၊ ဖွားမြင်ခြင်း၊ မြတ်သောတောထွက်ခြင်း၊ ပြင်းစွာသော လုံ့လဖြင့် ကမ္မဋ္ဌာန်းအကျင့်ကိုကျင့်ခြင်း၊ ဗောဓိပလ္လင်၌ မာရ်(၅)ပါးကို အောင်မြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်ကို ထိုးထွင်းသိမြင်ရရှိခြင်း၊ ဓမ္မစကြာ တရားတော်မြတ်ကို ဟောကြားခြင်းနှင့် (၉)ပါးသော လောကုတ္တရာတရားတို့ကို လည်းကောင်း၊ ဤသို့လျှင် မြတ်စွာဘုရား၏ ကျေးဇူးတော် ဂုဏ်တော်တို့ကိုလည်းကောင်း၊ စိတ်ဖြင့် ဆင်ခြင်၍ ဝေသာလီပြည်၏ မြို့တံတိုင်း(၃)ထပ်တို့၏ အကြားတို့ ၌ ညဉ့်သုံးယာမ် ကာလပတ်လုံး ပရိတ်ရွတ်ဖတ် အရံအတားပြုခဲ့သော အရှင်အာနန္ဒာမထေရ်မြတ်ကဲ့သို့ (သတ္တဝါတို့အပေါ်) သနားကရုဏာစိတ်ထားလျက် ရတနသုတ်ပရိတ်တော်ကို ရွတ်ဖတ်ကြပါကုန်စို့။

၂။ ရတနသုတ်ပရိတ်တော်၏ အာဏာစက်ကို စကြဝဋ္ဌာကုဋေတစ်သိန်း၌ ရှိကြကုန်သော နတ်အပေါင်းတို့က ခံယူကြကုန်၏။ ဤပရိတ်တော်သည် ဝေသာလီပြည်၌ ကျရောက်သော အနာရောဂါဘေး ၊ ဘီလူးဘေး ၊ အစာငတ်မွတ်ခေါင်းပါးခြင်းဘေးဟူသော ဘေးအန္တရာယ်ကြီးသုံးမျိုးကို လျင်မြန်စွာကွယ်ပျောက်စေနိုင်ခဲ့၏။ ယခုအခါ၌ ဤရတနသုတ်ပရိတ်တော်ကို ကျွန်ုပ်တို့ စုပေါင်းရွတ်ဆိုကြပါ ကုန်စို့။

၃။ မြေ၌တည်ကုန်သော ဘုမ္မစိုး၊ ရုက္ခစိုး၊ စတုမဟာရာဇ် ၊ တာဝတိံသာနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ဖြစ်ကုန်သော ယာမာ၊ တုသိတာ စသော နတ်တို့သည်လည်းကောင်း ၊ ဤပရိတ်ရွတ်ရာ နေရာအရပ်၌ အညီအညွတ် ရောက်ရှိလာကြကုန်ပြီ ။ နတ်ပရိတ်အားလုံး ဝမ်းမြောက်ဝမ်းသာဖြစ်ကြပါကုန်။ မြတ်စွာဘုရားဟောတော်မူခဲ့သော ပရိတ်တရားတော်ကိုလည်း ရိုသေလေးမြတ်စွာ နာယူကြပါကုန်။

၄။ အိုနတ်အပေါင်းတို့ ဤနေရာ၌ အညီအညွတ်စည်းဝေးရောက်ရှိနေကြသော အသင်နတ်အများ နားဆင်ကြပါကုန် ၊ လူတို့သည် နေ့ည မဟူ ကြည်ဖြူလေးမြတ်စွာ အသင်နတ်တို့အား ပူဇော်ပသမှု ပြုကြပါသည်။ သို့ဖြစ်၍ သင်တို့သည် လူတို့အား ချစ်ခင်ကြပါကုန် ၊ မမေ့မလျော့ စောင့်ရှောက်ကြပါကုန်။

၅။ လူ့ပြည်၌ ဖြစ်စေ ၊ နဂါးပြည် ဂဋ္ဌုန်ပြည်၌ ဖြစ်စေ ၊ နတ်ပြည်၌ဖြစ်စေ အမြင့်အမြတ် သတ်မှတ်သုံးဆောင်ကြသော ဥစ္စာရတနာတို့သည် ရှိကြကုန်၏၊ ထိုရတနာတို့အနက် ဘုရားတည်းဟူသော ရတနာနှင့်တူသော ရတနာဟူ၍ မရှိချေ ၊ မြတ်စွာဘုရားသည် အရဟံစသော ဂုဏ်တော်ကျေးဇူးတော်တို့နှင့်ပြည့်စုံသော ရတနာမြတ် ဖြစ်ပါပေသည်။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် သတ္တဝါအများ ဥစ္စာ စီးပွား တိုးတက် ချမ်းသာကြပါစေသတည်း။

၆။ သာကီဝင်မင်းတို့၏ အထွတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည် တည်ကြည်လှသော သမာဓိစိတ်ရှိသည့်အတွက်ကြောင့် ကိလေသာတို့၏ကုန်ရာကင်းရာ မသေရာဖြစ်သော အမြတ်နိဗ္ဗာန်ကို သိရှိတော်မူလေသည်။ (လောက၌) ထိုနိဗ္ဗာန်ဓာတ်မြတ် နှင့် နှိုင်းတုစရာ ရတနာတစ်ခုမျှ မရှိပါချေ ၊ နိဗ္ဗာန်သည် ကိလေသာကုန်စင်ခြင်း စသည့်ဂုဏ်တော်ကြောင့် ရတနာမြတ်ဖြစ်ပါပေ၏၊ ဤသို့ မှန်ကန်သောသစ္စာစကားကြောင့် သူတော်တကာ သတ္တဝါများ ဥစ္စာ စီးပွား တိုးတက်ချမ်းသာကြပါစေသတည်း။

၇။ မြတ်စွာဘုရားသည် အရဟတ္တမဂ်နှင့်ယှဉ်သော သမာဓိကို ကိလေသာမှ စင်ကြယ်၏ဟူ၍ ချီးမွမ်းတော်မူ၏၊ မိမိ၏အခြားမဲ့၌ အကျိုးကို ပေးတတ်၏ ဟူ၍လည်း ဟောတော်မူ၏။ ထိုအရဟတ္တမဂ်သမာဓိနှင့် တူမျှသော သမာဓိသည် မရှိ၊ ဤအရဟတ္တမဂ်သမာဓိတရားသည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သသော ရတနာကြီး ဖြစ်တော်မူ၏။ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။

၈။ ဘုရားအစရှိသော သူတော်ကောင်းတို့ ချီးမွမ်းအပ်သော အရိယာပုဂ္ဂိုလ်ရှစ်ယောက်တို့သည် အစုံအားဖြင့် လေးပါးသော အစုံတို့ ဖြစ်ကြကုန်၏၊ ထိုအရိယာပုဂ္ဂိုလ်တို့သည် မြတ်စွာဘုရားတပည့်သားသာဝက ဖြစ်တော်မူကုန်၏။ မြတ်သောအလှူကို ခံထိုက်တော်မူကုန်၏။ ထိုအရိယာပုဂ္ဂိုလ်တို့၌ ပေးလှူအပ်သော အလှူဒါနတို့သည် များမြတ်သော အကျိုးရှိကုန်၏။ ဤအရိယာသံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီး ဖြစ်တော်မူ၏၊ ဤသို့မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်း ချမ်းသာအေးမြခြင်း ဖြစ်ပါစေသတည်း။

၉။ ဂေါတမမြတ်စွာဘုရား သာသနာတော်၌ အကြင်ရဟန္တာပုဂ္ဂိုလ်တို့သည် မြဲမြံခိုင်ခန့်သော စိတ်ဖြင့် အားထုတ်ကြကုန်သောကြောင့် အလုံးစုံသော ကိလေသာတို့မှ ထွက်မြောက်တော်မူကုန်၏။ ထိုရဟန္တာ ပုဂ္ဂိုလ်တို့သည် ရပြီးသော အရဟတ္တဖိုလ်ကို တဖန်ဝင်စားသောအားဖြင့် ရကြပြန်ကုန်၍ အနည်းငယ်မျှ မပျက်မစီးကြရကုန်သည်လည်း ဖြစ်၍ သေခြင်းကင်းသော နိဗ္ဗာန်ကို အာရုံပြုလျက် အရဟတ္တဖိုလ်သမာပတ်ချမ်းသာကို ခံစားတော်မူကြကုန်၏။ ဤရဟန္တာ သံဃာတော်မြတ်သည်သာလျှင် လောကီရတနာ အဖြာဖြာတို့ထက် ကောင်းမြတ်သော ရတနာကြီးဖြစ်တော်မူ၏။ ဤသို့ မှန်စွာဆိုရသော သစ္စာစကားကြောင့် သတ္တဝါတို့အား ဘေးရန်ပျောက်ကင်းချမ်းသာ အေးမြခြင်း ဖြစ်ပါစေသတည်း။

၁၀။ မြေ၌စိုက်ထူအပ်သော တံခါးတိုင်သည် အရပ်လေးမျက်နှာတို့မှ လာသောလေတို့ကြောင့် မတုန်လှုပ်သကဲ့သို့ အရိယာသစ္စာတို့ကို ပညာဖြင့်သက်ဝင်၍မြင်သော သောတာပန်ပုဂ္ဂိုလ်ကို ထိုတံခါးတိုင်နှင့်တူ၏ဟု ငါဆို၏။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၁။ အကြင် (သောတာပန်) ပုဂ္ဂိုလ်တို့သည် နက်နဲသော ဉာဏ်ပညာရှိသော မြတ်စွာဘုရား ကောင်းစွာဟောကြားအပ်သော အရိယသစ္စာတို့ကို ထင်ရှားအောင်ပြုကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် ပြင်းထန်စွာ မေ့လျော့ကြစေကာမူ ရှစ်ကြိမ်မြောက်ဘဝကို မယူကုန်၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၂။ ထိုပုဂ္ဂိုလ်သည် သောတာပတ္တိမဂ်ဉာဏ်ကို ရသည်နှင့် တပြိုင်နက်သာလျှင် သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆာ သီလဗ္ဗတပရာမာသ ဤတရားသုံးပါးတို့ကို ပယ်စွန့်အပ်ကုန်၏။ ကိလေသာ စိုးစဉ်းမျှ ရှိစေကာမူ...

၁၃။ အပါယ်လေးပါးတို့မှ လွတ်၏။ (အာနန္တရိကကံငါးပါးနှင့် နိယတမိစ္ဆာဒိဋ္ဌိဟူသော) ခြောက်ပါးသော တရားတို့ကို မပြုတော့ပြီ။ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၄။ ထို (သောတာပန်) ပုဂ္ဂိုလ်သည် ကိုယ်ဖြင့်လည်းကောင်း၊ နှုတ်ဖြင့်လည်းကောင်း၊ စိတ်ဖြင့်လည်းကောင်း မကောင်းမှုကံကို ပြုစေကာမူ ထိုမိမိပြုသောကံကို မဖုံးလွှမ်းတော့ပြီ။ နိဗ္ဗာန်ကို မြင်ပြီးသော (သောတာပန်) ပုဂ္ဂိုလ်၏ ဖုံးလွှမ်းခြင်းမပြုတော့သည့်အဖြစ်ကို (မြတ်စွာဘုရား) ဟောတတ်၏။ သံဃာဟူသော ရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၅။ နွေဥတု၏အစဖြစ်သော တန်ခူးလ၏ ပင်လုံးကျွတ်ပွင့်သော တောအုပ်သည် ကျက်သရေရှိ၍ တင့်တယ်သကဲ့သို့ ထိုတောအုပ်လျှင် ဥပမာရှိသော နိဗ္ဗာန်သို့ ရောက်စေတတ်သော (ပရိယတ္တိ) တရားတော်မြတ်ကို (နိဗ္ဗာန်) အကျိုးငှာ ဟောတော်မူ၏။ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၆။ မြင့်မြတ်သည်ဖြစ်၍ မြင့်မြတ်သော နိဗ္ဗာန်ကို သိတော်မူသော မြင့်မြတ်သောတရားကို ပေးတတ်သော မြင့်မြတ်သောမဂ်ကို ဆောင်တတ်သော မိမိထက်သာသူမရှိသော မြတ်စွာဘုရားသည် မြင့်မြတ်သောတရားတော်ကို ဟောကြားတော်မူပြီ၊ ဘုရားဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၇။ (အကြင်ရဟန္တာပုဂ္ဂိုလ်တို့အား) ကံဟောင်းကုန်ပြီ ကံသစ်မရှိတော့ပြီ၊ လာလတ္တံသောဘဝ၌ တပ်မက်ခြင်းကင်းသော စိတ်ရှိကုန်သည် ပဋိသန္ဓေမျိုးစေ့ ကုန်ပြီးသည်ဖြစ်၍ စည်ပင်ပြန့်ပွားသော ဆန္ဒမရှိကုန်၊ ဆီမီးငြိမ်းသကဲ့သို့ ပညာရှိသော ထိုရဟန္တာပုဂ္ဂိုလ်တို့သည် ခန္ဓာဇာတ်သိမ်းငြိမ်းကုန်ပြီ၊ သံဃာဟူသော ဤရတနာသည်လည်း အမြတ်ဆုံးဖြစ်၏။ ဤသစ္စာစကားကြောင့် (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

၁၈။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် လာခြင်းကောင်းတော်မူသော နတ်လူတို့ပူဇော်အပ်သော မြတ်စွာဘုရားကိုရှိခိုးပါ၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။

၁၉။ မြေ၌တည်ကုန်သော နတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် ကိလေသာတို့ကိုဖျက်ဆီးတတ်သော နတ်လူတို့ပူဇော်အပ်သော တရားတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေကုန်သတည်း။

၂၀။ မြေ၌တည်ကုန်သောနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌တည်ကုန်သော နတ်တို့သည်လည်းကောင်း ဤအရပ်သို့ အညီအညွတ်လာကုန်၏။ ထိုငါတို့သည် မချွတ်မယွင်းကျင့်ခြင်းရှိတော်မူသော နတ်လူတို့ပူဇော်အပ်သော သံဃာတော်ကိုရှိခိုးပါကုန်၏။ (သတ္တဝါတို့) ချမ်းသာကြပါစေသတည်း။

ရတနသုတ်မြန်မာပြန်ပြီး၏။ ။[၄]

ရတနသုတ်ရွတ်ဖတ်ခြင်းအကျိုးပြင်ဆင်

ကပ်ကြီးသုံးပါးကိုကျော်နင်းစေနိုင်သည်။ စုန်း ၊ တစ္ဆေ ၊ ကဝေပယောဂဟူသမျှကိုနိုင်သည်။ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲဒုက္ခရောက်ရသောအခါ ၊ အချုပ်ထောင် နှောင်အိမ်စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်းနတ်မြတ်တို့၏ စောင်မကြည့်ရှုခြင်းကိုခံရမည်ဖြစ်ပေသည်။

ကိုးကားပြင်ဆင်

  1. ဝင်းထွဋ်ဦး (8 April 2020)။ မြန်မာနိုင်ငံသူ နိုင်ငံသားများ ကပ်ရောဂါဘေးအန္တရာယ် ကင်းဝေးစေဖို့......
  2. ဒေါက်တာနန္ဒမာလာဘိဝံသ. ရတနသုတ်အနှစ်ချုပ်, 14။ 
  3. သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (၂၀၁၅)။ စာ ၂၇၀-၂၇၄၊ "ဗုဒ္ဓဘာသာကောင်းတစ်ယောက်"။
  4. သာသနာတော်ထွန်းကား ပြန့်ပွားရေး ဦးစီးဌာန (၂၀၁၅)။ စာ ၂၆၅-၂၇၀၊ "ဗုဒ္ဓဘာသာကောင်းတစ်ယောက်"။