ရတနာဘုံမြင့်ကျောင်း သည် မွန်ပြည်နယ်မော်လမြိုင်မြို့တွင် တည်ရှိသည့် သမိုင်းဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတစ်ခု ဖြစ်သည်။[၁] သီပေါမင်းပိုင် အထက်မြန်မာပြည်မှ ဗြိတိသျှပိုင် အောက်ပြည်ကို စုန်ဆင်းကာ ကိုလိုနီခေတ် မော်လမြိုင်မြို့တွင် နေထိုင်ခဲ့သော မင်းတုန်းမင်း၏ စတုတ္ထမြောက်မိဖုရားတစ်ပါးဖြစ်သည့် စိန်တုံးမိဖုရား၏ လမ်းညွှန်မှုဖြင့် မန္တလေးမှ ဗိသုကာပညာရှင်တို့တို့ကို ခေါ်ယူကာ တည်ဆောက်ခဲ့သည်။[၂] တည်ဆောက်မှု ကုန်ကျစရိတ်အားလုံးကို သူဌေးမ ဒေါ်ရွှေပွင့်က လှူဒါန်းခဲ့သည်။ ကျောင်းတော်သည် တော်ဝင်လက်မှုပညာလက်ရာများကြောင့် ထင်ရှားသည်။ ကျောင်းတော်ကို ခရစ်နှစ် ၁၈၈၆ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ရာမဆရာတော်ကို လှူဒါန်းခဲ့သည်။[၃]

ရတနာဘုံမြင့်ကျောင်
အချက်အလက်များ
ကိုဩဒိနိတ်16°29′17″N 97°37′43″E / 16.488113°N 97.628499°E / 16.488113; 97.628499ကိုဩဒိနိတ်: 16°29′17″N 97°37′43″E / 16.488113°N 97.628499°E / 16.488113; 97.628499
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံမော်လမြိုင်မြို့မွန်ပြည်နယ်
ဗိသုကာ
တည်ထောင်သူစိန်တုံးမိဖုရား
ရံပုံငွေထောက်ပံ့သူဒေါ်ရွှေပွင့်
ပြီးစီး၁၈၈၆; ၁၃၈ နှစ် အကြာက (၁၈၈၆)

ဤရတနာဘုံမြင့်ကျောင်းဝင်းရှိ ခဏ္ဏသိမ်သည် သာမညဆရာတော် လောင်းလျာ ခရစ်နှစ် ၁၉၃၀ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၂၉၂ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၅ရက်၊ သောကြာနေ့ နံနက်၇နာရီတွင် မော်လမြိုင်မြို့ ကြံခင်းကျောင်း ဆရာတော် ဘဒ္ဒန္တ အာစရကို ဥပဇ္ဇျယ်ပြုလျက် ခမည်းတော်ဦးတောက်အို၊ မယ်တော် ဒေါ်အုံးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သော နေရာလည်းဖြစ်သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည့် မော်လမြိုင်က စိန်တုံးမိဖုရားကျောင်း (ဓာတ်ပုံ)။ 2019-02-05 တွင် ပြန်စစ်ပြီး။
  2. နှစ် ၁၂၀ ကျော်ပြီ ဖြစ်တဲ့ စိန်တုံးမိဖုရားကျောင်း (in en-US) (2014-07-14)။ 2019-02-05 တွင် ပြန်စစ်ပြီး။
  3. Queen Sein Don’s monastery patiently awaits rejuvenation (in en)။ 19 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2019-02-05 တွင် ပြန်စစ်ပြီး။
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 14 November 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 14 November 2020 တွင် ပြန်စစ်ပြီး။