(ရတနာရွှေချိုင့် ပါဠိနှင့် မြန်မာပြန်)

၁။ ဇယာသန္နာဂတာ ဗုဒ္ဓါ ၊ ဇိတွာ မာရံ သဝါဟနံ။

စတုသစ္စ မတရသံ ၊ ယေ ပိဝိံသု နရာသဘာ။

အောင်ခြင်း၏အနီး (အပရာဇိတပလ္လင်) သို့ ရောက်တော်မူကုန်သော လူ, နတ်, ဗြဟ္မာ သတ္တဝါတို့ထက်လည်း မြတ်တော်မူကုန်သော ဘုရားရှင်တို့သည် စစ်သည်နှင့်တကွ မာရ်နတ်သားကို အောင်တော်မူပြီး၍ သစ္စာလေးဖြာ မြိုက်ရသာကို (တပည့်သား သာ၀ကတို့အား) သောက်စေတော်မူကုန်ပြီ။

မှတ်ချက်။ ဇယာ သနာဂတာ-ဟု ရှိခဲ့သော် အောင်နေရာခွင် အပရာဇိတပလ္လင်သို့ ရောက်တော်မူကုန်သော-ဟု မြန်မာပြန်ဆိုပါလေ။


၂။ တဏှင်္ကရာဒယော ဗုဒ္ဓါ ၊ အဋ္ဌဝီသတိ နာယကာ။

သဗ္ဗေ ပတိဋ္ဌိတာ မယှံ ၊ မတ္ထကေ တေ မုနိဿရာ။

လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ခရီးလမ်းညွှန်သဖွယ် ဖြစ်တော်မူကုန်သော၊ ရသေ့, ရဟန်းအပေါင်းတို့ကို အစိုးရတော်မူကုန်သော တဏှင်္ကရာ အစရှိသော နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့သည် အကျွန်ုပ်၏ ဦးခေါင်းထက်၌ တည်တော်မူကုန်ပြီ။ (တည်တော်မူကြပါစေ)။


၃။ သီသေ ပတိဋ္ဌိတော နောသိ ၊ ဗုဒ္ဓေါ ဓမ္မော ဒွိလောစနေ။

သံဃော ပတိဋ္ဌိတော မယှံ ၊ ဥရေ သဗ္ဗဂုဏာကရော။

ဂုဏ်တော် ကျေးဇူးတော်အပေါင်းတို့၏ တည်ရာဖြစ်တော်မူသော အကျွန်ုပ်တို့၏ ကိုးကွယ်ရာ ဂေါတမမြတ်စွာဘုရားသည် အကျွန်ုပ်တို့၏ ဦးခေါင်း၌ သီတင်းသုံး တည်နေတော်မူပြီ။(တည်နေတော်မူပါစေ)

ကိုးပါးသော လောကုတ္တရာ တရားတော်သည် အကျွန်ုပ်၏ မျက်စိနှစ်ဘက်၌ တည်နေတော်မူပြီ။(တည်နေပါစေ)

ရှစ်ယောက်သော အရိယာသံဃာတော်သည် အကျွန်ုပ်၏ ရင်၌ တည်နေတော်မူပြီ။(တည်နေပါစေ)။


၄။ ဟဒယေ မေ အနုရုဒ္ဓေါ ၊ သာရိပုတ္တော စ ဒက္ခိဏေ။

ကောဏ္ဍညော ပစ္ဆာဘာဂသ္မိံ ၊ မောဂ္ဂလ္လာနော စ ဝါမကေ။

အရှင်အနုရုဒ္ဓါသည် အကျွန်ုပ်၏ နှလုံးသား၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။

အရှင်သာရိပုတ္တရာသည် အကျွန်ုပ်၏ လက်ယာဘက်၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။

အရှင်ကောဏ္ဍညသည် အကျွန်ုပ်၏ နောက်အဖို့၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။

အရှင်မောဂ္ဂလ္လာန်သည် အကျွန်ုပ်၏ လက်ဝဲဘက်၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။


၅။ ဒက္ခိဏေ သ၀နေ မယှံ ၊ အာသုံ အာနန္ဒ ရာဟုလာ။

ကဿပေါ စ မဟာနာမော ၊ ဥဘောသုံ ဝါမသောတကေ။

အရှင်အာနန္ဒာနှင့် အရှင်ရာဟုလာတို့သည် အကျွန်ုပ်၏ လက်ယာနား၌ တည်တော်မူကုန်ပြီ။(တည်တော်မူကြပါစေ)။

မဟာကဿပနှင့် မဟာနာမ် အရှင်နှစ်ပါးတို့သည် အကျွန်ုပ်၏ လက်ဝဲနား၌ တည်တော်မူကုန်ပြီ။ (တည်တော်မူကြပါစေ)။


၆။ ကေသန္တေ ပိဋ္ဌိဘာဂသ္မိံ ၊ သူရိယော၀ ပဘင်္ကရော။

နိသိန္နော သိရိသမ္ပန္နော ၊ သောဘိတော မုနိပုင်္ဂေဝါ။

နေမင်းကဲ့သို့ အရောင်ကိုပြုတတ်သော ဘုန်းကျက်သရေနှင့် ပြည့်စုံတော်မူသော ရဟန်းမြတ် ဖြစ်တော်မူသော သောဘိတအရှင်သည် အကျွန်ုပ်၏ ဆံပင်အဆုံး ကျောက်ကုန်းအဖို့၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။


၇။ ကုမာရကဿပေါ နာမ ၊ မဟေသီ စိတြဝါစကော။

သော မယှံ ၀ဒနေ နိစ္စံ ၊ ပတိဋ္ဌာသိ ဂုဏာကရော။

သီလက္ခန္ဓ စသည့်ကျေးဇူး ဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူလေ့ရှိထသော, ဆန်းကြယ်သော တရားသကားကို ဆိုတော်မူတတ်သော,ကျေးဇူးတော်အပေါင်း၏ တည်ရာဖြစ်တော်မူသော ကုမာရကဿပ မထေရ်သည် အကျွန်ုပ်၏ နှုတ်ခမ်း၌ တည်တော်မူပြီ။ (တည်တော်မူပါစေ)။


၈။ ပုဏ္ဏော အင်္ဂုလိမာလော စ ၊ ဥပါလိ နန္ဒ သီ၀လိ။

ဣမေ ပဉ္စ မဟာထေရာ ၊ နလာဋေ တိလကာ ဝိယ။

အရှင်ပုဏ္ဏ, အရှင်အင်္ဂုလိမာလ, အရှင်ဥပါလိ, အရှင်နန္ဒ, အရှင်သီ၀လိ, ဤမထေရ် ငါးပါးတို့သည် အကျွန်ုပ်၏ နဖူးပြင်၌ မှန်ကူကဲ့သို့ တည်တော်မူကုန်ပြီ။ (တည်တော်မူပါစေ)။


၉။ တေဟိ သေသာ မဟာထေရာ ၊ ဇိတဝန္တော ဇိနောရသာ။

ဇလန္တာ သီလတေဇေန ၊ အဂ္ဂမင်္ဂေသု သဏ္ဌိတာ။

ထိုဆိုအပ်ပြီးသော မထေရ် ၁၅-ပါးမှ ကြွင်းကုန်သော ကိလေသာရန်ကို အောင်ကုန်ပြီး၍ သီလတန်ခိုးအားဖြင့် ထွန်းတောက်ပကုန်သော ဘုရားသားတော် မထေရ်ကျော်တို့သည် အကျွန်ုပ်၏ မြတ်သောအင်္ဂါတို့၌ တည်တော် မူကုန်ပြီ။ (တည်တော်မူကြပါစေ)။


၁၀။ ရတနံ ပုရတော အာသိ ၊ ဒက္ခိဏေ မေတ္တသုတ္တကံ။

ဓဇဂ္ဂံ ပစ္ဆတော အာသိ ၊ ဝါမေ အင်္ဂုလိမာလကံ။

၁၁။ ခန္ဓ မောရ ပ၇ိတ္တဉ္စ ၊ အာဋာနာဋိယ သုတ္တကံ။

အာကာသေ ဆဒနံ အာသိ ၊ သေသော ပါကာရ သဏ္ဌိတာ။

၁။ ရတနသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ ရှေ့မှ တည်တော်မူပြီ။

၂။ မေတ္တသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ လကျာ်၌ တည်တော်မူပြီ။

၃။ ဓဇဂ္ဂသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ နောက်မှ တည်တော်မူပြီ။

၄။ အင်္ဂုလိမာလသုတ် ပရိတ်တော်သည် အကျွန်ုပ်၏ လက်ဝဲ၌ တည်တော်မူပြီ။

၅။ ခန္ဓသုတ်, မောရသုတ်, အာဋာနာဋိယသုတ် ပရိတ်သုံးစောင်သည် အကျွန်ုပ်၏ အထက်ကောင်းကင်၌ ထီးသဖွယ် တည်တော်မူပြီ။

၆။ ကြွင်းကုန်သော မင်္ဂလသုတ်, ဝဋ္ဋသုတ်, ဗောဇ္ဈင်္ဂသုတ်, ပုဗ္ဗဏှသုတ် ပရိတ်လေးစောင်တို့သည် တံတိုင်းသဖွယ် တည်နေတော်မူပြီ။ (တည်နေတော်မူကြပါစေ)။


၁၂။ ဇိနာနံ ဗလသံယုတ္တေ ၊ ဓမ္မပါကာရ လင်္ကတေ။

၀သတော မေ အကိစ္ဆေန ၊ သမ္မာသမ္ဗုဒ္ဓ ပဉ္စရေ။

၁၃။ ဝါတပိတ္တာဒိသဉ္ဇာတာ ၊ ဗာဟိရ ဇ္ဈတ္တုပဒ္ဒဝါ။

အသေသာ ဝိနာသံ ယန္တု ၊ အနန္တဂုဏ တေဇသာ။

ငါးပါးမာရ်အောင် မြတ်ဘုန်းခေါင်တို့၏ အားတော်ဆယ်ပါးနှင့် ယှဉ်သော တရားတည်းဟူသော မြို့တံတိုင်းဖြင့် တန်ဆာဆင် ကာရံထားသော မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်၌ မငြိုမငြင်နေရသော အကျွန်ုပ်အား လေ, သည်းခြေ-ဟစည်တိုပကြောင့် ဖြစ်ကုန်သော အပြင်ရန် အတွင်းရန်တို့သည် မြတ်စွာဘုရား၏ ဂုဏ်တော်အနန္တ, တန်ခိုးတော်အနန္တတို့ကြောင့် အကြွင်းအကျန်မရှိ ပျောက်ပျက်ခြင်းသို့ ရောက်ပါစေ။


၁၄။ ဇိနပဉ္ဇရမဇ္ဈမှိ ၊ ဝိဟရန္တံ မဟီတလေ။

သဒါ ပါလေန္တု မံ သဗ္ဗေ ၊ တေ မဟာပုရိသာ သဘာ။

မြတ်စွာဘုရားတည်းဟူသော ရွှေချိုင့်အလယ်၌ နေရသော အကျွန်ုပ်ကို မြေအပြင်၌ ကြီးမြတ်ကုန်သော ယောက်ျားမြတ်အးလုံးတို့က အခါခပ်သိမ်း စောင့်ရှောက်ကြပါစေ။


၁၅။ ဣစ္စေ၀ မေကန္တံ ကတော ၊ သုရက္ခော ဇိနာနုဘော၀။

ဟတာရိသံဃော သံဃဿ ၊ တေဇေန ဂုဏာကရဿ။

ဆိုခဲ့ပြီးသောနည်းဖြင့် ငါသည် ကောင်းသော အစောင့်အရှောက်ကို ပြုအပ်ပြီ။

၁။ မြတ်စွာဘုရား၏ တန်ခိုးတေဇော် အာနုဘော်ကြောင့် ဘေးရန်အပေါင်းကို ပယ်သတ်နိုင်ရပါလို၏။

၂။ သီလ သမာဓိ-စသော ဂုဏ်ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ်သော ပရမတ္ထသံဃာတော်၏ တန်ခိုးကြောင့် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာရပါလို၏။

ရတနာရွှေချိုင့် အနက် ပြင်ဆင်ရန်

(၁) ဇယာ သန္နာ ဂတာ၊ အနီးသို့ရောက်သောအောင်ပွဲရှိတော်မူကုန်ထ သော။ နရာသဘာ၊ လူ, နတ်, ဗြဟ္မာသတ္တဝါတို့ထက်လည်း မြတ်တော်မူကုန် ထသော။ ယေဗုဒ္ဓါ၊ အကြင် မြတ်စွာဘုရားတို့သည်။ သ ဝါဟနံ၊ စစ်သည် ဗိုလ်ပါနှင့် တကွသော။ မာရံ၊ မာရ်နတ်မင်းကို။ ဇိတွာ၊ အောင်တော်မူ၍။ စတု သစ္စာမတ ရသံ၊ သစ္စာလေးပါး တရား အမြိုက်အရသာကို။ ပိဝိံ သု၊ ကိုယ် တိုင်ရှေ့ဖျား သောက်စားတော်မူကြလေကုန်ပြီ။

(၂) မုနိဿရာ၊ မုနိငါးပါးကို အစိုးရတော်မူကုန်ထသော။ နာယကာ၊ လူ, နတ်, ဗြဟ္မာ သတ္တဝါအပေါင်းတို့၏ ခရီးလမ်းညွန်လည်း ဖြစ်တော်မူကုန်ထ သော။ အဋ္ဌ ဝီသတိ၊ နှစ်ကျိပ်ရှစ်ဆူသော။ တဏှာင်္ကရာဒယော၊ တဏှာင်္ကရာ ဘုရားအစရှိကုန်သော။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေဗုဒ္ဓါ၊ ထိုမြတ်စွာဘုရား တို့သည်။ မယှံ၊ အကျွန်ုပ်၏။ မတ္ထကေ၊ ဦးခေါင်းထက်၌။ ပတိဋ္ဌိတာ၊ တည်တော် မူကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၃) သဗ္ဗဂုဏာကရော၊ ခပ်သိမ်းသောဘုရားကျေးဇူးတော်အပေါင်းတို့ ၏ တည်ရာဖြစ်တော်မူသော။ နော၊ အကျွန်ုပ်တို့၏။ ဗုဒ္ဓေါ၊ ဂေါတမမြတ်စွာဘုရား သည်။ မယှံ၊ အကျွန်ုပ်၏။ သီသေ၊ ဦးခေါင်း၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ သဗ္ဗဂုဏာကရော၊ ခပ်သိမ်းသော တရားဂုဏ်အပေါင်းတို့၏ တည်ရာဖြစ်တော်မူသော။ ဓမ္မော၊ ဆယ်ပါးသော တရားတော်သည်။ မယှံ၊ အ ကျွန်ုပ်၏။ ဒွိ လောစနေ၊ မျက်စိနှစ်ဘက်၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ သဗ္ဗ ဂုဏာကရော၊ ခပ်သိမ်းသော သံဃဂုဏ်အပေါင်းတို့၏ တည်ရာဖြစ်တော်မူသော။ သံဃော၊ မဂ္ဂဋ္ဌာန်လေးယောက်, ဖလဋ္ဌာန်လေး ယောက်ဟု ဆိုအပ်သော ရှစ်ယောက်သော အရိယာသံဃာတော်သည်။ မယှံ၊ အကျွန်ုပ်၏။ ဥရေ၊ ရင်၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။

(၄) အနုရုဒ္ဓေါ၊ အရှင်အနုရုဒ္ဓါသည်။ မေ၊ အကျွန်ုပ်၏။ ဟဒယေ၊ နှလုံး၌။ ပတိ ဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ သာရိပုတ္တောစ၊ အရှင်သာရိပုတ္တ ရာသည်လည်း။ မေမမ၊ အကျွန်ုပ်၏။ ဒက္ခဏေ၊ လကျ်ာဘက်၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ ကောဏ္ဍညော၊ ကောဏ္ဍညအရှင်သည်။ မမ၊ အကျွန်ုပ်၏။ ပစ္ဆာ ဘာဂသ္မိံ၊ နောက်အဖို့၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။ မောဂ္ဂလာနောစ၊ အရှင်မောဂ္ဂလာန်သည်လည်း။ မမ၊ အကျွန်ုပ်၏။ ဝါမကေ၊ လက်ဝဲဘက်၌။ ပတိဋ္ဌိတော၊ တည်တော်မူသည်။ အာသိ၊ ဖြစ်ပြီ။

(၅) အာနန္ဒ ရာဟုလာ၊ အရှင်အာနန္ဒ , အရှင်ရာဟုလာတို့သည်။ မယှံ၊ အကျွန်ုပ်၏။ ဒက္ခိဏေ သဝဏေ၊ လကျ်ာနား၌။ ပတိဋ္ဌိတာ၊ တည်တော်မူကုန် သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။ ကဿပေါစ၊ ကဿပအရှင်သည်လည်းကောင်း။ မဟာနာမောစ၊ မဟာနာမ်အရှင်သည်လည်းကောင်း။ ဥဘော၊ နှစ်ပါးသောအရှင် တို့သည်။ မယှံ၊ အကျွန်ုပ်၏။ ဝါမသောတကေ၊ လက်ဝဲနား၌။ ပတိဋ္ဌိတာ၊ တည် တော်မူကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၆) သူရိယောဝ၊ နေမင်းကဲ့သို့။ ပဘံကရော၊ အရောင်ကိုပြုတတ်သော။ သိရိ သမ္ပန္နော၊ ဘုန်းကျက်သရေနှင့် ပြည်စုံတော်မူသော။ မုနိပုင်္ဂဝေါ၊ ရဟန်း တို့၏ရှေ့သွားဖြစ်တော်မူသော။ သောဘိတော၊ သောဘိတ အရှင်သည်။ မယှံ၊ အကျွန်ုပ်၏။ ကေသန္တေ၊ ဆံ၏အဆုံးဖြစ်သော။ ပိဋ္ဌိဘာဂသ္မိံ၊ ကျောက်အဖို့၌။ နိသိန္နော၊ နေတော်မူသည်။ အသိ၊ ဖြစ်ပြီ။

(၇) မဟေသီ၊ သီလက္ခန္ဓ စသည်ကျေးဇူးဂုဏ်အထူးကို ရွှင်မြူးဝမ်းသာ ရှာတော်မူလေ့ရှိထသော။ စိတြဝါစကော၊ ဆန်းကြယ်သော တရားစကားကို ဆိုတော်မူတတ်ထသော။ ဂုဏာကရော၊ ကျေးဇူးတော်အပေါင်း၏ တည်ရာဖြစ် တော်မူထသော။ ကုမာရ ကဿပေါနာမ၊ ကုမာရ ကဿပအမည်ရှိတော်မူ သော။ သောထေရော၊ ထိုမထေရ်သည်။ မယှံ၊ အကျွန်ုပ်၏။ ဝဒနေ၊ နှုတ်ခမ်း၌။ နိစ္စံ၊ အမြဲ။ ပတိဋ္ဌာသိ၊ တည်တော်မူပြီ။

(၈) ပုဏ္ဏောစ၊ အရှင်ပုဏ္ဏမထေရ်သည်လည်းကောင်း။ အင်္ဂုလိမာလော စ၊ အရှင်အင်္ဂုလိမာလမထေရ်သည်လည်းကောင်း။ ဥပါလိ နန္ဒ သီဝလိစ၊ အရှင် ဥပါလိမထေရ်, အရှင်နန္ဒမထေရ်, အရှင်သီဝလိမထေရ်တို့သည်လည်းကောင်း။ ဣမေ ပဉ္စ မဟာထေရာ၊ ဤငါးပါးသော မဟာထေရ်တို့သည်။ မေ၊ အကျွန်ုပ် ၏။ နလာဋေ၊ နဖူးပြင်၌။ တိလာကာဝိ၊ မှန်ကူတို့ကဲ့သို့။ ပတိဋ္ဌိတာ၊ တည်တော် မူကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၉) တေဟိ၊ ထိုအရှင်အနုရုဒ္ဓါ, အရှင်သာရိပုတ္တရာအစရှိသော မထေရ် တို့မှ။ သေသာ၊ ကြွင်းကုန်သော။ ဇိတဝန္တော၊ ကိလေသမာရ် ကိုယ်တွင်းရန်ကို အောင်တော်မူကုန်ပြီးသော။ ဇိနောရသာ၊ ငါးမာရ် အောင်မြင် ဘုရားရှင်၏ ရွှေရင်တော်နှစ်သားတော်စစ် ဖြစ်ကုန်သော။ ထေရာ၊ မထေရ်မြတ်တို့သည်။ သီလ တေဇေန၊ သီလရှိန်စော် အာနုဘော်ဖြင့်။ ဇလန္တာ၊ တောက်ပကုန်လျက်။ အင်္ဂမင်္ဂေသု၊ အင်္ဂါကြီးငယ်တို့၌။ သဏ္ဍိတာ၊ ကောင်းစွာတည်ကုန်သည်။ အာသုံ၊ ဖြစ်ကုန်ပြီ။

(၁၀) ရတနံ၊ ရတနသုတ်ပရိတ်တော်သည်။ ပုရတော၊ ရှေ့မှတည်သည်။ အာသိ၊ ဖြစ်ပြီ။ မေတ္တသုတ္တကံ၊ မေတ္တသုတ်ပရိတ်တော်သည်။ ဒက္ခိဏေ၊ လကျ်ာ ဘက်၌တည်သည်။ အာသိ၊ ဖြစ်ပြီ။ ဓဇဂ္ဂံ၊ ဓဇဂ္ဂသုတ်ပရိတ်တော်သည်။ ပစ္ဆတော၊ နောက်မှတည်သည်။ အာသိ၊ ဖြစ်ပြီ။ အင်္ဂုလိမာလကံ၊ အင်္ဂုလိမာလသုတ်ပရိတ် တော်သည်။ ဝါမေ၊ လက်ဝဲဘက်၌တည်သည်။ အာသိ၊ ဖြစ်ပြီ။

(၁၁) ခန္ဓ မောရ ပရိတ္တဉ္စ၊ ခန္ဓသုတ်, မောရသုတ်ပရိတ်တော်သည်လည်းကောင်း။ အာဋာနာဋိယသုတ္တကံ၊ အာဋာနာဋိယသုတ်ပရိတ်တော်သည်လည်းကောင်း။ အာကာသေ၊ ကောင်းကင်၌။ ဆဒနံ၊ အမိုးသည်။ အာသိ၊ ဖြစ်ပြီ။ သေသာ၊ ကြွင်းသော ပရိတ်တော်တို့ကို။ ပါကာရ လင်္ကတာ၊ တံတိုင်းအသွင်ထက်ဝန်း ကျင်မှ ဆင်ယင်ကာရံအပ်ကုန်ပြီ။

(၁၂) ဇိနာနံ၊ ဘုရားရှင်တို့၏။ ဗလသံယုတ္တေ၊ အားစွမ်းရှိန်စော်အာနု ဘော်နှင့်ယှဉ်သော။ ဓမ္မ ပါကာရ လင်္ကတေ၊ တရားတည်းဟူသော တံတိုင်း ရစ်ဝိုင်း ဆင်ယင်အပ်သော။ သမ္မာသမ္ဗုဒ္ဓ ပဉ္စရေ၊ ဘုရားရွှေချိုင့်၌။ အကိစ္ဆေန၊ မပင်မပန်းချမ်းမြေ့သဖြင့်။ ဝသတော၊ နေသော။ မေ၊ ငါ့အား။

(၁၃) ဝါတ ပိတ္တာဒိ သဉ္စာတာ၊ လေ, သည်းခြေ, စသည်တို့ကြောင့်ဖြစ် ကုန်သော။ ဗာဟိ ရဇ္ဈတ္တု ပဒ္ဒဝါ၊ ကိုယ်ပ, ကိုယ်တွင်း၌ဖြစ်ကုန်သော ဘေးရန် တို့သည်။ အနန္တ ဂုဏ တေဇသာ၊ အဆုံးမရှိသော ကျေးဇူးတော်ရှိသော မြတ် စွာဘုရား၏ တန်ခိုးတော်အာဖြင့်။ အသေသာ၊ အကြွင်းအကျန်မရှိကုန်သည်ဖြစ် ၍။ ဝိနာသံ၊ ပျောက်ပျက်ခြင်းသို့။ ယန္တု၊ ရောက်စေကုန်သတည်း။

(၁၄) ဇိန ပဉ္စရ မဇ္ဈမှိ၊ မြတ်စွာဘုရားသခင် တည်းဟူသော ရွှေချိုင့်၏ အလယ်၌။ ဝိဟရန္တံ၊ နေသော။ မံ၊ အကျွန်ုပ်ကို။ မဟီ တလေ၊ မြေအပြင်၌။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ တေ မဟာ ပုရိသာ သဘာ၊ ထိုယောကျ်ားမြတ်တို့ သည်။ သဒါ၊ အခါခပ်သိမ်း။ ပါလေန္တု၊ စောင့်ရှောက်ကုန်စေသတည်း။

(၁၅) ဣစ္စေဝံဣတိဧဝံ ၊ ယထာဝုတ္တပ္ပကာရေန၊ ဤသို့ဆိုအပ်ခဲ့တိုင်းသော အပြားအားဖြင့်။ မယာ၊ ငါသည်။ ဧကန္တံ- ဧကန္တေန၊ စင်စစ်အားဖြင့်။ သုရက္ခော၊ ကောင်းစွာအစောင့်အရှောက်ကို။ ကတော၊ ပြုအပ်ပြီ။ ဇိနာနုဘာဝေန၊ မြတ်စွာ ဘုရား၏ အာနုဘော်တော်အားဖြင့်။ မာရိတသံဃော၊ သတ်အပ်ပြီးသောဘေး ဒဏ်ရန်မာန်အပေါင်းရှိသည်။ ဘဝေယျံ၊ ဖြစ်ရပါလို၏။ ဂုဏာကရဿ၊ သီလ, သမာဓိ အစရှိသော ကျေးဇူးအပေါင်းတို့၏ တည်ရာဖြစ်သော။ သံဃဿ၊ ပရ မတ္ထသံဃာတော်၏။ တေဇေန၊ တန်ခိုးဖြင့်။ သုခိတော၊ ကိုယ်စိတ်၏ ချမ်း သာခြင်းသို့ရောက်သည်။ ဘဝေယျံ၊ ဖြစ်ရပါလို၏။

ရတနာရွှေချိုင့်ပါဋ္ဌ် အနက် ပြီး၏။ [၁]

ရတနာရွှေချိုင့် သံပေါက်ကဗျာများ ပြင်ဆင်ရန်

၁။ မာရ်နတ်အောင်မြင်၊ ဘုရားရှင်၏၊ လေးအင်သစ္စာ၊ မြိုက်ရသာကို၊ မှန်စွာသောက်ပြီး၊ အောင်ခရီး၌၊ ငါလည်း အားကျ၊ မြော်တောင့်တ၍၊ ဗုဒ္ဓရတနာ၊ ရွှေချိုင့်သာဝယ်၊ ရန်ကွာဘေးပ၊ အောင်ပွဲရ၊ ဒုက္ခဘုံမှ ဝေးပါစေ။
၂။ အဋ္ဌဝီသ၊ မြတ်ဗုဒ္ဓ၊ ထိပ်မှတည်နေ ကာပါစေ။
၃။ ဘုရားဗုဒ္ဓ၊ ဂေါတမ၊ ခေါင်းမှတည်နေ ကာပါစေ။
၄။ လောကုတ်ကိုးပါး၊ မြတ်တရား၊ နှစ်ပါးမျက်စိ ကာပါစေ။
၅။ ရှစ်ပါးအရိယာ၊ မြတ်သံဃာ၊ ရင်မှာတည်နေ ကာပါစေ။
၆။ အနုရုဒ္ဓါ၊ နှလုံးမှာ၊ သေချာတည်နေ ကာပါစေ။
၇။ သာရိပုတ္တရာ၊ ညာလက်ယာ၊ သေချာတည်နေ ကာပါစေ။
၈။ ထေရ်ကောဏ္ဍည၊ နောက်ဘက်မှ၊ မုချတည်နေ ကာပါစေ။
၉။ မောဂ္ဂလာန်က၊ လက်ဝဲမှ၊ မုချတည်နေ ကာပါစေ။
၁၀။ အာနန်ညီဘွား၊ ရာဟုသား၊ လက်ယာနားနေ ကာပါစေ။
၁၁။ မဟာနာမ၊ ကဿပ၊ လက်ဝဲနားမှ ကာပါစေ။
၁၂။ သောဘိတဘုန်း၊ ဆံအဆုံး၊ ကျောက်ကုန်းတည်နေ ကာပါစေ။
၁၃။ ထေရ်ကုမာရ၊ ကဿပ၊ နှုတ်မှတည်နေ ကာပါစေ။
၁၄။ အင်္ဂုလိမာလ၊ ပုဏ္ဏ,သီ၀လိ၊ ဥပါလိ,နန္ဒ၊ ငါး၀ထေရ်ရှင်၊ နဖူးပြင်၊ မှန်ကူသွင်သို့ ကာပါစေ။
၁၅။ ကြွင်းသောသံဃာ၊ မြတ်အင်္ဂါ၊ သေချာတည်နေ ကာပါစေ။
၁၆။ သုတ်ရတန၊ ပရိတ္တ၊ ရှေ့မှတည်နေ ကာပါစေ။
၁၇။ သုတ်တော်မေတ္တ၊ ပရိတ္တ၊ ယာမှတည်နေ ကာပါစေ။
၁၈။ သုတ်ဓဇဂ္ဂ၊ ပရိတ္တ၊ နောက်မှတည်နေ ကာပါစေ။
၁၉။ အင်္ဂုလိမာလ၊ ပရိတ္တ၊ ဝဲမှတည်နေ ကာပါစေ။
၂၀။ ခန်,မော,အာဋာ၊ သုတ်သုံးဖြာ၊ ခေါင်းမှာတည်နေ ကာပါစေ။
၂၁။ မင်္ဂလ, ဝဋ္ဋ၊ ဗောဇ္ဈင်္ဂနှင့်၊ ပုဗ္ဗဏှပါ၊ သုတ်လေးဖြာ၊ ရံကာတံတိုင်း ကာပါစေ။
၂၂။ ဘုရားရတနာ၊ ရွှေချိုင့်သာတွင်၊ ငြိုငြင်မရှိ၊ နေဘိငါ့အား၊ နှစ်ပါးဘေးရန်၊ တွင်းပြင်ဒဏ်၊ အမှန်ကင်းပါစေ။
၂၃။ ဘုရားရတနာ၊ ရွှေချိုင့်သာတွင်၊ ငြိုငြင်မရှိ၊ နေဘိငါ့အား၊ ကြီးမားမြေပြင်၊ မြတ်လူရှင်၊ အစဉ်စောင့်ရှောက်ကြ ပါစေ။
၂၄။ ဘုရားတန်ခိုးတော်၊ အာနုဘော်၊ မတော်ရန်ပေါင်း ကင်းပါစေ။
၂၅။ သံဃာ့တန်ခိုးတော်၊ အာနုဘော်၊ ရွှင်ပျော်ကိုယ်စိတ် ရှိပါစေ။

ကိုးကား ပြင်ဆင်ရန်

  1. ဝိသုဒ္ဓါရုံရှင်ကျင့်ဝတ်