ဒုတိယကမ္ဘာစစ် မတိုင်မီက၊ မြန်မာနိုင်ငံတွင် Stock Exchange Market မှာ ၁၉၃၀ ပြည့်နှစ်အလွန် တွင် ဖွံ့ဖြိုးခဲ့ပြီး၊ Yangon Stock Exchange အဖြစ်တည်ထောင်ခဲ့သည်။ ဥရောပငွေရေးကြေးရေးအဖွဲ့အစည်း များ အဓိကပါဝင်ဆောင်ရွက်ခဲ့ပြီး၊ စတော့ခ် ဈေးနှုန်းများအား သတင်းများမှတဆင့် ထုတ်ပြန်ခဲ့သည်။ အဓိက အရင်းအနှီးမြှုပ်နှံသူများမှာ အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်ပြီး၊ မြန်မာပိုင်ကုမ္ပဏီများပါဝင်ဆောင်ရွက်ခဲ့ ခြင်းမရှိကြောင်းတွေ့ရသည်။

ရန်ကုန်စတော့ခ်ဈေးကွက်ရှိ ဈေးနှုန်းများကို အိန္ဒိယနိုင်ငံ ဘုံဘေနှင့် ကာလကတ္တားမြို့များရှိ စတော့ခ် ဈေးကွက်များပေါ်မူတည်၍ သတ်မှတ်ခဲ့ပြီး၊ ရန်ကုန်စတော့ခ်အိပ်ချိန်း၏ ဈေးကွက်ဖွံ့ဖြိုးမှုနည်းပါးခဲ့သည်။ ၁၉၅၀ ပြည့်လွန်နှစ်များတွင် ပုဂ္ဂလိကကဏ္ဏ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ခဲ့သော်လည်း၊ အဆိုပါ ပုဂ္ဂလိကများ၏ ရှယ်ယာ/စတော့ခ်များသည် တရားဝင် မဟုတ်သော ဈေးကွက်တွင်သာ အရောင်းအဝယ်ပြုခဲ့ကြောင်း တွေ့ရသည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပြည်သူပိုင်ပြုလုပ်ခဲ့ပြီးနောက် စတော့ခ်ဈေး ကွက်များအား ပိတ်သိမ်းခဲ့သည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် စီးပွားရေးအဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ ရင်းနှီးမြှုပ်နှံမှုသူများ အတွက် ကာလရှည်အရင်းအနှီး နှင့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရရှိစေရေး၊ ရင်းနှီးမြှုပ်နှံမှုများကို ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် နိုင်ငံတော်၏စီးပွားရေး ခေတ်မီဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် ရည်ရွယ်၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးမှ ဦးဆောင်သော အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို (၁-၇-၂၀၀၈) ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမို အထောက်အကူပြုစေရန်အတွက် (၁၉-၈-၂၀၀၈)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အရင်းအနှီး ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်အရ ဆပ်ကော်မတီ(၆)ခုကို ထပ်မံဖွဲ့စည်းခဲ့သည်။

၎င်းဆပ်ကော်မတီများမှာ

  • (၁) ပြည်တွင်းငွေချေးစာချုပ်ဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊
  • (၂)အများနှင့် သက်ဆိုင်သော ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊
  • (၃) ငွေချေးသက်သေခံလက်မှတ် များလဲလှယ်ရောင်းဝယ်ရေး ဥပဒေစည်းမျဉ်းစည်း ကမ်းများ ပြုစုရေးဆပ်ကော်မတီ၊
  • (၄) ငွေချေးသက်သေခံလက် မှတ်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ ဖွဲ့စည်းရေးဆပ်ကော်မတီ၊
  • (၅) လေ့ကျင့်ပညာပေးရေးနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊
  • (၆) စာရင်းကိုင်နှင့်စာရင်းစစ်စံများဆိုင်ရာ ဆပ်ကော်မတီတို့ ဖြစ်ကြသည်။

၎င်းအပြင် အာဆီယံအရင်းအနှီးဈေးကွက်ဖိုရမ်မှ သတ်မှတ်ပြဋ္ဌာန်းထားသည့် Time Frame အတိုင်း မြန်မာနိုင်ငံအတွက် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လမ်းပြမြေပုံ သတ်မှတ်ပြဋ္ဌာန်းပြီး၊ အဆင့်(၃)ဆင့်ခွဲကာ ဆောင်ရွက် လျက်ရှိသည်။ ပထမအဆင့်ဆောင်ရွက်ရမည့်လုပ်ငန်း များအား ၂၀၀၈ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိလည်းကောင်း၊ ဒုတိယအဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိလည်းကောင်း၊ တတိယအဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မှ ၂၀၁၅ ခုနှစ်အထိ၌လည်းကောင်း၊ ပြီးစီးအောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ယခုအခါ ပထမအဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အစိုးရငွေတိုက်စာချုပ်များအား အမျိုးအစားနှင့် သက်တမ်းပါ တိုးချဲ့ထုတေ်ဝနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ (၂၄-၉-၂၀၀၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့ အစည်းအေဝးမှလည်း သဘောတူ ခွင့်ပြုခဲ့သည်။(၁-၁-၂၀၁၀)ရက် နေ့တွင် လက်ရှိထုတေ်ဝလျက်ရှိသည့် (၃)နှစ်နှင့် (၅)နှစ် အစိုးရငွေတိုက်စာချုပ် အမျိုးအစားများအပြင် (၂)နှစ် သက်တမ်းရှိသော အစိုးရငွေတိုက်စာချုပ် အမျိုးအစားကိုပါ တိုးချဲ့ထုတေ်ဝနိုင်ခဲ့သည်။ အမျိုးအစားများ ကိုလည်း လက်ရှိထုတေ်ဝလျက်ရှိသော ကျပ်(၁)သောင်း၊ ကျပ်(၁)သိန်း၊ ကျပ်(၁)သန်းတန်များအပြင် ကျပ်(၁၀)သန်းတန် အမျိုးအစားကိုပါ တိုးချဲ့ထုတေ်ဝခဲ့သည်။ ၎င်းပြင် ငွေတိုက်စာချုပ်များကို ဗဟိုဘဏ်မှ ပြည်သူလူထုသို့ တိုက်ရိုက်မရောင်းချတော့ဘဲ မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ငွေချေး သက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဆပ်ကော်မတီတို့အား ကိုယ်စားလှယ်များအဖြစ် ခန့်အပ်၍ ရောင်းချစေခဲ့သည်။ ၎င်းအပြင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်သည့် အခြေခံအဆောက်အုံ တစ်ခုဖြစ်သည့် ငွေချေး သက်သေခံလက်မှတ်များရောင်းဝယ်ရေးဥပဒေ မကြာမီပြဋ္ဌာန်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


[]

  1. အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ။ 03 ၊ 2012 တွင် ပြန်စစ်ပြီး။April 2012 တွင် ပြန်စစ်ပြီး။