ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု လာဘ်ကောင်
ရန်ကုန်တိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ကျင်းပပြုလုပ်သည့် အခမ်းအနားများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ နိုင်ငံတကာ ခရီးသွားပြပွဲ၊ ပြိုင်ပွဲများတွင် အသုံးပြုရန် ရန်ကုန်တိုင်းဒေသကြီးကို ကိုယ်စားပြုမည့် လာဘ်ကောင်ကို ပစ်တိုင်းထောင်အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရွေးချယ်ထားခဲ့သည်။ ထို့နောက် ပစ်တိုင်းထောင်ရုပ်ကိုအခြေခံ၍ ဒီဇိုင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ခဲ့သည်။[၁]
ပြိုင်ပွဲ
ပြင်ဆင်ရန်ပြိုင်ပွဲအစီအစဉ်များ
ပြင်ဆင်ရန်ပြိုင်ပွဲအစီအစဉ်ကြေညာခြင်း | ၃ ရက် ဒီဇင်ဘာလ ၂၀၁၈ |
သတင်းစာ ရှင်းလင်းပွဲ | ၇ ရက် ဒီဇင်ဘာလ ၂၀၁၈၊ ညနေ ၃ နာရီ |
ပြိုင်ပွဲဝင် ပုံစံ နောက်ဆုံး လက်ခံသည့် အချိန် | ၂၅ ရက် ဒီဇင်ဘာလ ၂၀၁၈၊ ညနေ ၄ နာရီ |
လက်ခံရရှိသည့် ပြိုင်ပွဲဝင် ပုံစံများကို ထုတ်ဖော်ပြသခြင်း | ၂၆ ရက် ဒီဇင်ဘာလ ၂၀၁၈ |
အများပြည်သူ ဆန္ဒမဲ လက်ခံရယူခြင်း | ၂၆ ရက် ဒီဇင်ဘာ ၂၀၁၈၊ နံနက် ၉ နာရီ မှ၃၁ ရက် ဒီဇင်ဘာ ၂၀၁၈၊ ညနေ ၁၁ နာရီ ၅၉ မိနစ် |
အနိုင်ရသည့် ပြိုင်ပွဲဝင် ပုံစံကို ကြေညာခြင်း | ၁၁ ရက် ဇန်နဝါရီ ၂၀၁၉ |
ဆုချီးမြှင့်ခြင်းနှင့် မူပိုင်ခွင့် လွှဲပြောင်းပေးအပ်ခြင်း | - |
စည်းကမ်းများ
ပြင်ဆင်ရန်- (၁) လူပုဂ္ဂိုလ်တစ်ဦးတည်းဖြစ်စေ၊ အစုအဖွဲ့ နှင့်ဖြစ်စေ ယှဉ်ပြိုင်နိုင်သည်။
- (၂) တစ်ဦး သို့မဟုတ် တစ်ဖွဲ့လျှင် ပြိုင်ပွဲဝင် ပုံစံ တစ်ခုသာ တင်ပြယှဉ်ပြိုင်ရမည်။ တစ်ကြိမ်ထက် ပို၍ တင်ပြပါက၊ ပထမဆုံး တင်ပြသည့်ပုံစံကိုသာ အတည်ယူမည်။
- (၃) ပစ်တိုင်းထောင်အရုပ်ကို အခြေခံသည့် ပုံစံဖြစ်ရမည်။
- (၄) ပစ်တိုင်းထောင်ရုပ်သည် အဖို၊ အမ တစ်စုံပါဝင်သော ပုံစံဖြစ်ပြီး၊ အသက်အရွယ် မရွေး ကိုယ်စားပြုသော ပုံစံဖြစ်ရမည်။
- (၅) ရန်ကုန်တိုင်းဒေသကြီး၏ ကိုယ်စားပြုအရောင် RGB(136,34,102) #882266 ကို ပင်မ အရောင်အဖြစ် အသုံးပြုရမည်။
- (၆) ပုံစံတွင် စကားလုံး၊ အထိမ်းအမှတ် သင်္ကေတနှင့် အရောင်များကို လွတ်လပ်စွာ အသုံးပြုနိုင်ပြီး၊ အသုံးပြုသည့် စကားလုံး၊ အထိမ်းအမှတ် သင်္ကေတနှင့် အရောင်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို A4 စာတစ်မျက်နှာထက် မကျော်ဘဲ Myanmar3/Pyidaungsu font Size 13 ဖြင့် ရှင်းလင်းတင်ပြရမည်။
- (၇) ပုံစံကို (က) အဖြူနောက်ခံ ရောင်စုံပုံ ၊ အဖြူအမဲ (ခ) နောက်ခံအဖြူ ပုံအမဲ၊ (ဂ) နောက်ခံအမဲ ပုံအဖြူ ဖြင့် ပုံ (၃)မျိုး တင်ပြရမည်။
- (၈) ရွေးချယ်ခံရသော ပုံစံ၏ မူပိုင်ခွင့်နှင့် Design Source ဖိုင်များကို ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်းပေးရမည်ဖြစ်ပြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြိုက်နှစ်သက်ရာ နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။
- (၉) ရွေးချယ်ခံရသော ပြိုင်ပွဲဝင်ပုံစံအတွက် ပြိုင်ပွဲဝင်သူကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုကြေးအဖြစ် ငွေသိန်းနှစ်ဆယ်ကျပ် (၂,၀၀၀,၀၀၀) ချီးမြှင့်သွားမည်ဖြစ်သည်။
- (၁၀) အငြင်းပွားမှု တစုံတရာဖြစ်ပေါ်ပါက၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။
ရွေးချယ်ခြင်း
ပြင်ဆင်ရန်ပြိုင်ပွဲဝင်ပုံစံ ၂၁ခုကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တရားဝင်ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ပြီး အများပြည်သူက SMSအပါအဝင် အကဲဖြတ် ရွေးချယ်ခဲ့ကြသည်။ ပြိုင်ပွဲဝင်ပုံစံများကို အမှတ်ပေးရာတွင်(၁) အများပြည်သူများ၏ SMS ဆန္ဒမဲ (၄၀%) နှင့်(၂) ရွေးချယ်ရေး ကော်မတီ၏ အမှတ်ပေးမှု (၆၀%) အမှတ်ပေး၍ အဆင့်သတ်မှတ်ကာ ရွေးချယ်သွားမည်ဖြစ်သည်။
ပြိုင်ပွဲဝင် | SMSခုရေ | အများဆန္ဒမဲရမှတ် | ကော်မတီအကဲဖြတ်ရမှတ် | စုစုပေါင်းရမှတ် |
---|---|---|---|---|
J | ၂၉၆ | ၄၀ | ၃၄ | ၇၄ |
E | ၁၇၀ | ၂၃ | ၄၅ | ၆၈ |
N | ၁၁၆ | ၁၆ | ၂၉ | ၄၅ |
R | ၁၆၅ | ၂၂ | ၁၉ | ၄၁ |
B | ၄၃ | ၆ | ၃၅ | ၄၁ |
Q | ၇ | 1၁ | ၃၈ | ၃၉ |
F | ၁၁၂ | ၁၅ | ၁၉ | ၃၄ |
O | ၆၇ | ၉ | ၂၄ | ၃၃ |
C | ၈၄ | ၁၁ | ၂၁ | ၃၂ |
A | ၁၄ | ၂ | ၂၆ | ၂၈ |
P | 1၁ | ၀ | ၂၅ | ၂၅ |
U | ၂၆ | ၄ | ၂၀ | ၂၄ |
H | ၆၇ | ၉ | ၁၃ | ၂၂ |
L | ၅ | ၁ | ၂၁ | ၂၂ |
K | ၂ | ၀ | ၂၀ | ၂၀ |
G | ၄၃ | ၆ | ၁၄ | ၂၀ |
I | ၅ | ၁ | ၁၅ | ၁၆ |
M | ၁ | ၀ | ၁၅ | ၁၅ |
S | ၁ | ၀ | ၈ | ၈ |
အနိုင်ရရှိခြင်း
ပြင်ဆင်ရန်အများပြည်သူ၏ SMSမဲဆန္ဒနှင့် ဆုံးဖြတ်ရာ ပြိုင်ပွဲဝင်အမှတ် (J)မှ အများ SMS ဆန္ဒမဲ (၂၉၆) ခု အမှတ် (၄၀)၊ နှင့် ကော်မတီ၏ အကဲဖြတ် အမှတ် (၃၄) ဖြင့် စုစုပေါင်း အမှတ် (၇၄) ဖြင့် အနိုင်ရရှိသည်။
အဓိပ္ပာယ် ရှင်းလင်းချက်
ပြင်ဆင်ရန်လာဘ်ကောင်၏ အဓိကအရောင်မှာ ခရမ်းရောင်ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး၏ အရောင်လည်းဖြစ်သည်။ ထို့နောက် ခရမ်းရောင်နှင့်လိုက်ဖက်ညီသော အနီရောင်၊ အဝါရောင်၊ ဖက်ဖူးစိမ်းရောင်နှင့် အသားရောင်တို့ကို အဓိကသုံးထားသည်။ ခရမ်းရောင်၏အဓိပ္ပာယ်မှာ ဉာဏ်ရည်ဉာဏ်သွေးမြင့်မားခြင်း၊ ဩဇာအာဏာကြီးမားခြင်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းမြင့်မားခြင်းကို ဆိုလိုသည်။ အနီရောင်သည် ရဲရင့်တက်ကြွခြင်း၊ ကြံ့ခိုင်သန်စွမ်းခြင်းဟူ၍ဖြစ်သည်။ အဝါရောင်သည် ပျော်ရွှင်ခြင်း၊ အခွင့်အလမ်းပေါခြင်းနှင့် ဖွံ့ဖြိုးခြင်းကို ဖော်ဆောင်ပြီး ဖက်ဖူးစိမ်းမှာ စိမ်းလန်းစိုပြေခြင်းနှင့် လန်းဆန်းတက်ကြွခြင်းဖြစ်သည်။ အသားရောင်သည် နူးညံ့သိမ်မွေ့ခြင်းနှင့် သဘာဝဆန်ခြင်းဖြစ်သည်။
လာဘ်ကောင်တွင် အထီး၊အမ ၂ကောင်ပါဝင်ပြီး အမသည် အထီးထက် ခန္ဓါကိုယ်အချိုးအစား အနည်းငယ်သေးသည်။ခေါင်းပေါ်တွင်ရှိသော သရဖူပုံသဏ္ဌာန်ခေါင်းဆောင်းမှာ ရန်ကုန်မြို့တော်ခန်းမ၏ ပင်မခေါင်မိုးပုံစံဖြစ်သည်။ သရဖူခေါင်းဆောင်းသည် အသစ်တဖန်ပြန်လည်မွေးဖွားခြင်းနှင့် ဩဇာအာဏာကြီးမားခြင်းကို ပေါ်လွင်စေ၍ လက်ရှိရန်ကုန်တိုင်း၏ ပုံရိပ်ကို ပိုမိုပေါ်လွင်စေသည်။ အမ၏ဆံပင်ပုံစံမှာ မြန်မာအမျိုးသမီးများ တွင်ကျယ်စွာထုံးလေ့ရှိသည့် ဆံထုံးကြီးပုံစံဖြစ်ကာ ရန်ကုန်တိုင်းအလံတွင်ပါဝင်သော ကြယ်နီကို ပန်ဆင်ထားသည်။ လာဘ်ကောင်၏မျက်နှာကို မြန်မာ့လူနေမှုအသိုင်းအဝိုင်းနှင့် ကိုက်ညီအောင်ဖန်တီးထားပြီး သနပ်ခါးကို လိမ်းထားသည်။ အသက်အရွယ်မရွေး ကိုယ်စားပြုနိုင်သော ပုံသဏ္ဌာန်ဖြစ်သည်။
ဝမ်းဗိုက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းအလံတွင်ပါဝင်သော အစိမ်းရောင်စပါးနှံ အခက်များ တစ်ဖက်တစ်ချက်တွင် ပါရှိသည်။ စပါးနှံသည် မြန်မာတို့၏ အဓိကအထိမ်းအမှတ်တစ်ခုဖြစ်ပြီး ဆန်ရေစပါးပေါများခြင်းနှင့် စားရေးရိက္ခါဖူလုံခြင်းဖြစ်သည်။ စပါးနှံများ၏အောက်တွင် အဝါရောင်အသည်းပုံပါပြီး ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ အသည်းနှလုံး (Yangon:Heart of Myanmar)စကားစုနှင့် လိုက်လျောညီထွေမှုရှိရန် ရေးဆွဲထားသည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ "ရန်ကုန်တိုင်းခရီးသွားလုပ်ငန်းမြှင့်တင်ရေးတွင် အသုံးပြုရန် အတွက် ရန်ကုန်တိုင်းကိုယ်စားပြု လာဘ်ကောင်ပုံစံ (Mascot Design) ပြိုင်ပွဲ"၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့။ Archived from the original on 1 March 2019။
- ↑ "ရလဒ်"။ Archived from the original on 2 February 2021။
- ↑ "ပြိုင်ပွဲဝင်အမှတ် (J)၏ အဓိပ္ပာယ်"။ Archived from the original on 4 February 2019။