မြန်မာနိုင်ငံ၏ထိပ်တန်း အပတ်စဉ်ထုတ် သတင်းဂျာနယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ရန်ကုန်တိုင်းမ်ဂျာနယ်သည် မီဒီယာ အဖွဲ့အစည်းကြီးဖြစ်သည့် ရန်ကုန်မီဒီယာဂရု(ပ်) ၏ထုတ်ကုန်တစ်ခုဖြစ်သည်။ ရန်ကုန်တိုင်းမ်ကို ယခင် 7 Day News Journal မှ ခွဲထွက်လာသော ကိုကို (စက်မှု)ကဦးဆောင်လျက်ရှိသည်။ ၂၀ဝ၅ ခုနှစ်ဇန်နဝါရီ ၁-ရက်တွင်စတင်ထုတ်ဝေခဲ့သည်။ အယ်ဒီတာချုပ်အပါအဝင်၊ သတင်းထောက်များ၊ ကွန်ပျူတာအတတ်ပညာရှင်များစွာဖြင့် ထုတ်ဝေလျက်ရှိသည်။