ရန်ကုန်ဓာတ်ရထား (ရန်ကုန်လျှပ်စစ်ရထား) သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမြန်မာ့မီးရထားမှ ရန်ကုန်မြို့ ကမ်းနားလမ်း ရှိ ဝါးတန်း-ပန်းဆိုးတန်း-လင်းစဒေါင်း လမ်းပိုင်း တွင် ပြေးဆွဲခဲ့သော မြို့တွင်းရထားခရီးစဉ်တစ်ခုဖြစ်သည်။ အဆိုပါလမ်းပိုင်းသည် ၃ .၅၉ မိုင် ရှည်ပြီး၊ ဝါးတန်း- မော်တင်- စဉ့်အိုးတန်း- ရွှေတိဂုံ- ပန်းဆိုး တန်း- ဗိုလ်တထောင်- လင်းစဒေါင်း စသည့်ဘူတာ ခုနစ်ခုတွင် ရပ်တန့်သည်။ လူတစ်ဦးလျှင် ငွေကျပ် ၁ဝဝ ဖြစ်ပြီး နေ့စဉ်နံနက် ၈ နာရီတွင် ဝါးတန်းဘူတာမှ ထွက်ကာ လင်းစဒေါင်းဘူတာသို့ နံနက် ၈ နာရီခွဲ အထိပြေးဆွဲခဲ့သည်။[၁] လင်းစဒေါင်းဘူတာ မှတစ်ဆင့် တာဝတိံသာဘူတာရေကျော်ဘူတာ နှင့် ပုဇွန်တောင်ဘူတာ ထိုမှတစ်ဆင့် ရန်ကုန်မြို့ပတ်ရထားကွန်ယက်နှင့် ချိတ်ဆက်ထားသည်။

Tram interchange ရန်ကုန်ဓာတ်ရထား
ရွှေတိဂုံဘုရားအနီး မြင်တွေ့ရသော ဓာတ်ရထားတစ်စီး
Overview
ဒေသဝါးတန်းဘူတာ - လင်းစဒေါင်းဘူတာ
လမ်းကြောင်းအရေအတွက်
တည်ထောင်ခြင်း
လည်ပတ်မှုစတင်၁၀ ဇန်နဝါရီ ၂၀၁၆
လည်ပတ်မှုပြီးဆုံး၁ ဇူလိုင် ၂၀၁၆
စီမံခန့်ခွဲသူမြန်မာ့မီးရထား
နည်းပညာအချက်အလက်
ပတ်လမ်းအရှည်၄.၈ ကီလိုမီတာ (၃ မိုင်)
လမ်းကြောင်းစံအတိုင်းအတာ၁၀၀၀ mm (3 ft 3 38 in)
လမ်းကြောင်းမြေပုံ

ကြည့်မြင်တိုင် ရန်ကုန်မြို့ပတ်ရထား
↑ west extension
Wardan Jetty Wardan Jetty
မော်တင်
စဉ့်အိုးတန်း
ရွှေတိဂုံဘုရားလမ်း
ပန်းဆိုးတန်း
မော်တင်
လင်းစဒေါင်း
ဗိုလ်တထောင်
တာဝတိသာ
ရေကျော်
↓ east extension
ပုဇွန်တောင် ရန်ကုန်မြို့ပတ်ရထား

သမိုင်းကြောင်း ပြင်ဆင်ရန်

၁၈၈၄ ခုနှစ်တွင် ပထမဆုံး ရေနွေးငွေ့သုံး ဓာတ်ရထားလိုင်းကို စတင်တည်ဆောက်ခဲ့ပြီး ကမ်းနားလမ်းမှ ရွှေတိဂုံစေတီတော်ထိ ပြေးဆွဲခဲ့သည်။ လျှပ်စစ်ဓာတ်အားသုံး ဓာတ်ရထားများကို ၁၉၀၆ ခုနှစ်တွင် စတင် အသုံးပြုခဲ့ပြီး စင်ကာပူမြို့၊ မနီလာမြို့နှင့် ဘန်ကောက်မြို့တို့နှင့် တစ်ချိန်တည်း သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်များတွင် ဓာတ်ရထားများသည် မြို့တွင်း သွားလာရန်အတွက် လွယ်ကူချောမွေ့သော အများပြည်သူသုံး ပို့ဆောင်ရေးစနစ်တစ်ခု ဖြစ်ခဲ့သည်။ ၁၉ဝ၄ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်တွင် Tram-Trolley Car (၇၇) စီးနှင့် ဆူးလေ- ရွှေတိဂုံ- ဗားဂရာလမ်းပိုင်းကို ပြေးဆွဲခဲ့ပြီး ၁၉၂၁ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြောင့် ရပ်ဆိုင်းခဲ့ ရသည်။[၂]

နှစ်ပေါင်း ၁၀၀ ကျော်ကြာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွေ ရန်ကုန်မြို့၊ ကမ်းနားလမ်းတွင်ရှိခဲ့သော ၆ ကီလိုမီတာရှည် ဒီဇယ်မီးရထားလမ်းဟောင်းအတိုင်း လျှပ်စစ်ရထားများ မြန်မာ့မီးရထားပို့ဆောင်ရေးဌာနမှ ပြန်လည်ပြေးဆွဲခဲ့သော်လည်း[၁] ခြောက်လအကြာ ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ပြေးဆွဲခြင်း ရပ်နားခဲ့သည်။[၃]

ဘူတာရုံများ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်