ရန်ကုန်အထူးကုဆေးရုံသစ်ကြီး
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး သည် ရန်ကုန်မြို့၊ မြို့လယ်တွင် တည်ရှိသည့် တည်ဆောက်နေဆဲ အထူးကုဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံသည် အထူးကုဝန်ဆောင်မှုများကို ပေးအပ်မည် ဖြစ်သည်။ ဤဆေးရုံသည် မြန်မာနိုင်ငံ၏ ပထမဆုံးသော cerebral နှင့် cardiovascular ရောဂါများအတွက် သင်ကြားရေးနှင့် သုတေသနအင်စတီကျုတစ်ခု ဖြစ်သည်။[၁][၂][၃]
ရန်ကုန်အထူးကုဆေးရုံသစ်ကြီး | |
---|---|
ပထဝီဝင်ဆိုင်ရာ | |
တည်နေရာ | Yangon, Yangon Region, Myanmar |
ကိုဩဒိနိတ် | 16°46′54″N 96°08′36″E / 16.781646°N 96.143334°Eကိုဩဒိနိတ်: 16°46′54″N 96°08′36″E / 16.781646°N 96.143334°E |
အဖွဲ့အစည်း | |
ဆေးရုံအမျိုးအစား | Public hospital |
နှီးနွယ် တက္ကသိုလ် | University of Medicine 1, Yangon |
ကွန်ယက် | Ministry of Health and Sports (Myanmar) |
ဝန်ဆောင်မှုများ | |
ကုတင်အရေအတွက် | 316 |
ဆေးရုံသည် လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းနှင့် ပြည်လမ်းထောင့်တွင် တည်ရှိသည်။ အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ရန်ကုန်)နှင့် ခုတင်(၅၀၀)ဆံ့ အထူးကုဆေးရုံကြီး ရန်ကုန်) တို့တည်ရှိရာလမ်း၏ တစ်ဖက်တစ်ချက်တွင် တည်ရှိသည်။[၂]
ဤဆေးရုံတည်ဆောက်မှုကို JICA က အမေရိကန်ဒေါ်လာ ၇၇ သန်း ထောက်ပံ့ကာ တည်ဆောက်ခဲ့သည်။ ထို့ကြောင့် ဤစီမံကိန်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ကူညီထောက်ပံ့ပေးသည့် စီမံကိန်း ဖြစ်သည်။ ကျန်ရှိသည့် ကုန်ကျစရိတ်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၂၇ သန်းကို မြန်မာအစိုးရက ပေးရမည် ဖြစ်သည်။[၄][၃] ဆေးရုံ၏ ပန္နက်တင်အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့တွင် ကျင်းပခဲ့သည်။ ဆေးရုံကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့တွင် ပြီးစီးရန် စီစဉ်ထားသည်။[၃]
အထပ် ၇ ထပ်ပါဝင်ပြီး ၂၇၀၀၀ စတုရန်းမီတာ (၂၉၀၀၀၀ စတုရန်းပေ) ရှိသည့် အဆောက်အဦတွင် ခုတင် ၃၁၆ ခု ပါဝင်သည်။ ICU အခန်းတစ်ခုစီတွင် ခုတင် ၂၀ ကျော် ပါဝင်မည် ဖြစ်သည်။[၁][၄] ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ neurosurgery, neurology, cardiac surgery, နှင့် cardiology စသည့် ဌာနလေးခုတို့ကို ဤဆေးရုံအသစ်သို့ နေရာပြောင်းရွှေ့ခဲ့သည်။ ဤဆေးရုံသစ်ကြီးသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၏ အနီးတွင် တည်ရှိပြီး ထိုတက္ကသိုလ်၏ သင်ကြားရေးဆေးရုံလည်း ဖြစ်သည်။[၃]
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ New Yangon Specialist Hospital to open in 2 years (2019-04-30)။ 17 December 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2020-06-14 တွင် ပြန်စစ်ပြီး။
- ↑ ၂.၀ ၂.၁ Japan to Fund $77M Neuro, Cardio Hospital in Yangon (in en-US) (2018-07-18)။ 2020-06-14 တွင် ပြန်စစ်ပြီး။
- ↑ ၃.၀ ၃.၁ ၃.၂ ၃.၃ Ground Breaking Ceremony of the Project for the Construction of New Yangon Specialist Hospital။ 2020-06-14 တွင် ပြန်စစ်ပြီး။
- ↑ ၄.၀ ၄.၁ Government to purchase equipment for specialist hospital (in en)။ 2020-06-14 တွင် ပြန်စစ်ပြီး။