ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (အင်္ဂလိပ်: West Yangon Technological University; အတိုကောက် WYTU) သည် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် တွင် တည်ရှိသည်။ ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ)၊ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ လက်အောက်ရှိ တက္ကသိုလ်တစ်ခုဖြစ်သည်။ တက္ကသိုလ်၏ အကျယ်အဝန်းမှာ (၂၂၀.၃၂) ဧကရှိသည်။ ဤတက္ကသိုလ်အား ရန်ကုန်နည်းပညာတက္ကသိုလ်၏ ဒုတိယ နယ်မြေတစ်ခုအဖြစ် ၁၉၉၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် | |
West Yangon Technological University | |
YTU(Hlaing Tharyar) | |
စက်မှုတတ်မျိုး ပြည့်အကျိုး | |
Industrial profit | |
WYTU | |
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၏ အမှတ်တံဆိပ် |
|
တည်ထောင်ခုနှစ် | ၁၉၉၈ |
ပါမောက္ခချုပ် | ဦးကြည်စိုး (U Kyi Soe) |
တည်နေရာ | လှိုင်သာယာမြို့နယ်၊ ရန်ကုန်မြို့။ |
အမျိုးအစား | အများနှင့်သက်ဆိုင်သော |
အကျယ်အဝန်း | ၂၂၀.၃၂ ဧက |
အဖွဲ့အစည်း | သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ။ |
ဝဘ်ဆိုတ် | wytu.edu.mm |
၁၉၉၈ နောက်ပိုင်း ၂၀ဝ၅ ခုနှစ် ဒီဇင်ဘာလ တွင် YTU Campus အဖြစ်မှ လက်ရှိခေါ်တွင်သော ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် (West Yangon Technological University; WYTU) အဖြစ်သို့ ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အင်ဂျင်နီယာဘွဲ့၊ အင်ဂျင်နီယာ ဘွဲ့လွန် များအား အင်ဂျင်နီယာ နည်းပညာနယ်ပယ် အသီးသီးအတွက် ဖွင့်လှစ်သင်ကြားပေးနေပြီး ယခုအခါတွင် နယ်ပယ်အသီးသီး၌ ပျမ်းမျှခန့်မှန်း ကျောင်းသား/ကျောင်းသူ အရေအတွက် အယောက် ၁၀၀၀ ခန့်တက်ရောက် ပညာသင်ကြားလျက်ရှိသည်။[၁]
သင်ကြားပို့ချပေးလျက်ရှိသောသင်တန်းများ
ပြင်ဆင်ရန်ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် အောက်ပါသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။[၁]
- မြို့ပြအင်ဂျင်နီယာသင်တန်း (Civil Engineering) CE
- စက်မှုအင်ဂျင်နီယာသင်တန်း (Mechanical Engineering) ME
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း (Electrical Power Engineering) EP
- အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း (Electronics Engineering) EC
- မက္ကာထရောနစ်အင်ဂျင်နီယာသင်တန်း (Mechatronics Engineering) McE
- သုတနည်းပညာအင်ဂျင်နီယာသင်တန်း (Information Technology Enginering) IT
- ဓာတုအင်ဂျင်နီယာသင်တန်း (Chemical Engineering) ChE
- ချည်မျှင်နှင့်အထည်အင်ဂျင်နီယာသင်တန်း (Textile Engineering) Tex
- သတ္တုဗေဒနှင့်ဒြပ်ပစ္စည်းသိပ္ပံအင်ဂျင်နီယာသင်တန်း (Metallurgy and Mining Engineering) Metal
- ဗိသုကာပညာသင်တန်း (Architecture) Arch
- စိုက်ပျိုးသိပ္ပံအင်ဂျင်နီယာသင်တန်း (Agricultural) Agri
ပေးအပ်ချီးမြှင့်သော ဘွဲ့အမျိုးအစားများ
ပြင်ဆင်ရန်ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပေးအပ်သောဘွဲ့မှာ
- မဟာအင်ဂျင်နီယာဘွဲ့ (Master of Engineering)
- အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering) [၁]
- ဗိသုကာဘွဲ့ (Bachelor of Architecture) ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်- ↑ ၁.၀ ၁.၁ ၁.၂ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်။ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန။ ၂၀၁၄-၁၁-၁၃ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]