ရန်ကုန်ခေတ်သစ် မီဒီယာ

မြန်မာနိုင်ငံ ရှိ သတင်း အေဂျင်စီ နှင့် သတင်း စာ
(ရန်ကုန်​ခေတ်သစ် မီဒီယာ မှ ပြန်ညွှန်းထားသည်)

ရန်ကုန်ခေတ်သစ် မီဒီယာ (Yangon Khit Thit Media) သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ( ၁ )ရက်နေ့တွင် စတင် တည်ထောက်ခဲ့သော မီဒီယာတစ်ခုဖြစ်သည်။[၁]

Yangon Khit Thit Media
အမျိုးအစားDigital
ပုံစံအချိုးအစားDigital
ပိုင်ဆိုင်သူဦးလှိုင်းသစ်ဇင်ဝေ
တည်ထောင်သူဦးလှိုင်းသစ်ဇင်ဝေ
ထုတ်ဝေသူဦးလှိုင်းသစ်ဇင်ဝေ
ဥက္ကဋ္ဌဦးလှိုင်းသစ်ဇင်ဝေ
အယ်ဒီတာချုပ်ဦးလှိုင်းသစ်ဇင်ဝေ
စီမံအယ်ဒီတာများဦးမိုးယံ
သတင်းအယ်ဒီတာဦးစိုးထွန်းသိမ်း
တည်ထောင်ခြင်း၁ ဇန်နဝါရီ ၂၀၁၈
ဘာသာစကားမြန်မာဘာသာ
ဌာနချုပ်များရန်ကုန်မြို့မြန်မာနိုင်ငံ
ဝက်ဘ်ဆိုဒ်khitthitnews.com
နိုင်ငံမြန်မာ
မြို့ရန်ကုန်


ရန်ကုန်ခေတ်သစ် မီဒီယာကို အယ်ဒီတာချုပ် ဦး သာလွန်ဇောင်းထက် (ခ) ဦးလှိုင်းသစ်ဇင်ဝေ က တည်ထောင်ခဲ့ခြင်းဖြစ်ပြီး[၁][၂] ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ပြန်ကြားရေး ဝန်ကြီးဌာနက ထုတ်ပေးထားသော သတင်းအေဂျင်စီအသိအမှတ်ပြုလက်မှတ် (၀၀၁၀၇) ဖြင့် တရားဝင် သတင်းမီဒီယာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။


ရန်ကုန်ခေတ်သစ် တည်ရှိရခြင်း အကြောင်းအရင်းမှာ မြန်မာနိုင်ငံတွင် အစိုးရက သတင်းမီဒီယာလုပ်ငန်းကို ပြည်သူ့ဘဏ္ဍာငွေဖြင့် နှစ်ပေါင်းများစွာ လုပ်ကိုင်ဝါဒဖြန့်နေခြင်း၊ ငွေကြေးနှင့်အာဏာအင်အားကြီးမားစွာ ပိုင်ဆိုင်ထားသော မြန်မာစစ်တပ်ကလည်း မီဒီယာများထူထောင်၍ ဝါဒဖြန့်နေခြင်း၊ ဘဏ္ဍာရေးအင်အားတောင့်တင်းသော စီးပွားရေးသမားများက မီဒီယာများထူထောင်၍ ဩဇာချဲ့ ဝါဒဖြန့်လာခြင်းတို့ကြောင့် လွတ်လပ်သော ပုဂ္ဂလိက မီဒီယာ အလွန် အားနည်းလျက်ရှိသည်။


၂၀၁၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက စာပေစိစစ်ရေး ဖျက်သိမ်း၍ ပုဂ္ဂလိက သတင်းစာထုတ်ဝေခွင့်ပေးခဲ့သော်လည်း အစိုးရသတင်းစာများက ကြော်ငြာ ဈေးကွက်လက်ဝါးကြီးအုပ်ထားခြင်း၊ ဩဇာချဲ့ထွင်သော ခရိုနီသတင်းစာများကို မယှဉ်နိုင်ခြင်း၊ စစ်တပ်ပိုင် သတင်းစာများလည်း ကြီးထွားနေခြင်းတို့ကြောင် ပုဂ္ဂလိက လွတ်လပ်သော သတင်းစာများ အရှုံးနှင့်ရင်ဆိုင်နေရပြီး ရပ်တန့်နေသည်။


မြန်မာနိုင်ငံတွင် အွန်လိုင်း Digital Media မှာလည်း အစပျိုးချိန်သာရှိနေပြီး အများစုမှာ စတင်တည်ထောင်ရန် ကြိုးပမ်းနေရင်းဖြင့် ရပ်တည်ရန် ခက်ခဲနေချိန်လည်းဖြစ်သည်။ အလားတူ ပုဂ္ဂလိက ရုပ်သံမီဒီယာများ၊ ရေဒီယိုများမှာလည်း မရှိသလောက်နည်းပါးနေပြီး အများစုသော ရုပ်သံလိုင်းများမှာလည်း ပုဂ္ဂလိက ဟုဆိုသော်လည်း ရှင်သန်ရပ်တည်ရေးအတွက် လုပ်ကိုင်ရင်း လွတ်လပ်သော အယ်ဒီတိုရီရယ် ပေါ်လစီများ ပျောက်ဆုံး လျော့နည်းလာနေပါသည်။ ရေဒီယိုအသံလွှင့်မီဒီယာတွင်လည်း FM အများစုမှာ ပြန်ကြားရေးနှင့် ဖက်စပ်လုပ်ကိုင်နေသော ကုမ္ဗဏီများ၊ ခရိုနီ စီးပွားရေးသမားကြီးများက ပိုင်ဆိုင်ကြသူများ ဖြစ်သည်။


ပုဂ္ဂလိက ပုံနှိပ်မီဒီယာများ အပါအဝင် သတင်းမီဒီယာများ ရှင်သန်ရုန်းကန်လာရချိန်တွင် စီးပွားရေး အကျိုးအမြတ်အတွက် အစိုးရ၊ တပ်မတော်၊ ခရိုနီ စီးပွားရေးကုမ္ပဏီများ၊ အစွန်းရောက်များနှင့် ပဋိပက္ခ မဖြစ်လိုခြင်း၊ ဖမ်းဆီးအရေးယူခံရခြင်းများကို ရှောင်လွဲရန် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် ဆိုင်ရာ သတင်းများကို ဖော်ပြအားမှုအားနည်းလာသည်။ ယင်းသို့ အားနည်းလာခြင်းက မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်နှင့် ပြည်သူများထံသို့ သတင်းအချက်အလက် အမှန် ရောက်ရှိရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာသည်။


ရန်ကုန်ခေတ်သစ်မီဒီယာသည် အဓိကအားဖြင့် လူ့အခွင့်အရေး၊ ဒီမိုကရေစီ၊ လွတ်လပ်စွာ ကိုး ကွယ်ခွင့် နှင့် မတူညီသော လူတန်းစားများအကြား အတူ ယှဉ်တွဲနေထိုင်ရေး၊ တရား ဥပဒေ စိုးမိုးရေး ဟူသော ဒီမိုကရေစီအသွင်ကူးပြောင်းမှု နှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး၊ ဘေးဖယ် အထောက်အကူပြုနိုင်သော အွန်လိုင်းသတင်းမီဒီယာအဖြစ် ရည်ရွယ်ထူထောင်ခဲ့ခြင်းဖြစ်သည်။


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် National League of Democracy Party အစိုးရဖြစ်ချိန်တွင် ရန်ကုန်ခေတ်သစ် မီဒီယာအား ရခိုင့်တပ်တော် အကြောင်း အင်တာဗျူး သတင်း ရေးသားဖော်ပြမှုနှင့်ပတ်သတ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပုဒ်မ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ၅၀(က)၊၅၂(က)တို့ဖြင့် တရားလိုပြုလုပ်ကာ ၂၀၂၀ ခုနှစ် ဧပြီလ ( ၁ )ရက်နေ့တွင် တရားစွဲဆိုခဲ့သည်။[၃]

ကိုးကား ပြင်ဆင်ရန်